ဗုဒ္ဓဘာသာဝင်အများစု အလှူအတန်းပြုလုပ်ရာမှာ လွဲမှားနေသည့် အယူအဆများ

လူအများစုဟာ စီးပွားရေးကိုတော့ ဘုရားမေ့၊ တရားမေ့နဲ့ ရှာနေကြတယ်။ ပြီးတော့မှ တစ်နှစ်တစ်ခါလောက်ကို ငွေများများ အကုန်အကျခံကာ အလှူကြီး၊ အတန်းကြီး ပေးတယ်ဆိုပြီ လှူကြတော့တာပဲ။

ဂုဏ်ပကာသနတွေ ခြံရံလို့၊ ပြုံးလို့၊ ပျော်လို့ ပြီးတော့ ငါ့အလှူက ဘာပါတယ်၊ ညာပါတယ်၊ ဘယ်လောက်ကုန်တယ် ဆိုပြီးတော့တောင် ကြွားဝါ လိုက်သေးတယ်။

တောအရပ်ဒေသက အလှူများဆို -တစ်နှစ်လုံး ပင်ပင်ပန်းပန်းရှာ၊ သားသမီးတွေ အလှူလုပ်၊ ဝက်သားအချိန်ဘယ်လောက် ဆိုပြီး မလှူခင်ကတည်း ကြိုဝယ် ထားပြီးတော့ ဘုရားကျောင်းဝင်းထဲမှာ

ဇာတ်ပွဲတို့၊ ဆိုင်းဝိုင်းတို့ ထည့်၊ လူတွေက ဘုရားပရဝဏ်ထဲတွင် ချီးပါ၊ သေးပါ၊ အလှူပြီးတော့ သံဃာ တော်တွေက ရှင်းရတယ်။ ဒါက မြို့အရပ်နေတဲ့ အသိဥာဏ်နည်းပါးတဲ့ လူတွေနဲ့

တောအရပ်နေတဲ့ အသိဥာဏ်နည်းပါးတဲ့ လူတွေရဲ့ လှူလို့ရတာက နည်းနည်း၊ အကုသိုလ်က များများ ရစေတဲ့ အလှူတွေပါ။ အလှူကလည်း တစ်နှစ်မှာ တစ်ခါလောက်ပဲ လုပ်ဖြစ်တယ်။

ရလာတော့လည်း အကုသိုလ်က များတယ်။ တကယ်တော့ ကုသိုလ်ရဖို့ ဆိုတာ အဲဒီလို ငွေကုန်ခံပြီးမှ ရတာမျိုးမဟုတ်ပါဘူး။

ငွေကုန်ခံမှ ကုသိုလ်ရမယ်ဆို လူတန်းစား ခွဲခြားသလို ဖြစ်ပြီး ဆင်းရဲသားတွေက အားငယ် နေမှာပေါ့။ အဲဒီလို မဟုတ်ပါဘူး။ ကုသိုလ် ဆိုတာ ယူတတ်ဖို့ပဲ လိုတာပါ။

အကျိုးပေးကလည်း ငွေအနည်းအများပေါ် မူတည်တာ မဟုတ်ပါဘူး။ သဒ္ဓါ အနည်း၊ အများပေါ် မူတည်တာပါ။ယူတတ်မယ် ဆိုရင် -နံနက် မိုးလင်းနိုးတဲ့အချိန်က စလို့ကိုယ်လက်သန့်စင်ပြီးရင် ဘုရားရှင် ဝေယျာဝစ္စ မျက်နှာသစ်တော်ရေကပ်၊ သောက် တော်ရေကပ်၊ အမွေးနံ့သာကပ်၊ အရုဏ်ဆွမ်းကပ်၊ သီလယူ၊ ရွတ်ဖတ်သရဇ္ဈယ်၊ ဘာဝနာပွား။ ( ဒါက နံက်စောစော ကုသိုလ်ယူပုံ။ )

နံနက် မိုးလင်းတာနဲ့ ဘုရားရှင်ကို နေ့ဆွမ်းကပ်ဖို့နဲ့ သံဃာတော်တွေကို နေ့ဆွမ်းလောင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စျေးသွား(အဲဒီလို နှလုံးသွင်းပြီး၊ စျေးဝယ် ချက်ပြုတ်ရင် ကုသိုလ်အများကြီး ရနိုင်ပါတယ်။)

ချက်ပြုတ်၊ ဆွမ်းလောင်း၊ ဘုရားရှင်ကို နေ့ဆွမ်းကပ်၊ မိမိ လုပ်နိုင်တဲ့ ပရိတ်ပဋ္ဌာန်းနဲ့ ဆွမ်း ကပ်နေတုန်း ဘုရားရှင်ကို ပူဇော်။ ( ဒါက နေ့ဆွမ်းကုသိုလ် ယူပုံ။ )

နေ့ခင်းဘက် ပူတဲ့အ ခါ – ငါတောင် ရေခဏခဏ သောက်တာ။ ဘုရားရှင်လည်း ရေဆာမှာပဲ ဆိုတဲ့ အယူအဆလေးနဲ့ ကိုယ်ရေသောက်တိုင်း ဘုရားရှင်ကို ပါကပ်။ ဒါက ကြံဖန်ယူရတဲ့ ကုသိုလ်။

ညနေခင်း ကျရင် – ငါတို့က ညနေစာ စားရတယ်။ ဘုရားရှင်နဲ့ သံဃာတော်တွေက မစားရဘူး။ ညနေ ဖျော်ရည်တစ် ခုခုကို ကြံဖန်ပြီးကပ်(သံပရာသီးတစ်ရာဖိုးဆိုလျှင် အလုပ်ဖြစ်သည်။ )

ငွေကုန်မှ မဟုတ်ပါ။ မိုး ချုပ်တာနဲ့ ကိုယ်တောင် မီးလင်းမှ နေတက်တာ။ ဘုရားရှင်ကိုလည်း မီးပူဇော်မှ သင့်တော်မယ်လို့ နှလုံးသွင်းပြီး

မီးပူဇော်၊ အမွေးနံ့သာ ပူဇော်၊ သောက်တော်ရေ ကပ်၊ ရွတ်ဖတ် သရဇ္ဈယ်၊ ဘာ ဝနာပွား ပြီးရင် တရားအမှတ်ကလေးနဲ့ အိပ်။

မှတ်ချက် ။ ။ ဘုရားရှင်ဟာ အိပ်ယာဝင်တိုင်း ခြေဆေးသည့်အတွက် ညအိပ်ယာဝင်ခါနီးလျှင် ခြေဆေးတော်ရေပါ ကပ်နိုင်သည်။

တစ်နေ့လျင် သောက်တော်ရေ အခါတစ်ရာကပ်လျှင် ကုသိုလ် အခါတစ်ရာ ရသည်။

ကဲ – ပိုက်ဆံ ဘယ် လောက် ကုန်သလဲ။ဘာ အကုသိုလ် ပါသလဲ။ တကယ်တော့ -ကုသိုလ်ဆိုတာ ယူတတ်ဖို့သာ အဓိကပါ။

Credit – ဦးမြင့်ခိုင်

Leave a Reply

Your email address will not be published.