စားလို့ကောင်းပြီးအလွန်အရသာရှိတဲ့ကြက်သွန်ချဉ်လုပ်နည်း

ကြက်သွန်ချဉ်ရှမ်းတရုတ်အစားအစာတမျိုးဖြစ်တဲ့ကြက်သွန်ချဉ်ကိုစားဖူးသူတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ကြက်သွန်ချဉ်ပြုလုပ်ရန်အတွက်သီးသန့်ကြက်သွန်ဥအမျိုးအစားကိုသုံးရပါတယ်ပါဝင်ပစ္စည်းမျာ

ကြက်သွန်ဆယ်ပိသာဆားတစ်ပိသာနှစ်ဆယ်ကျပ်သားရှမ်းကြံသကာနှစ်ပိသာထုံးလေးဇွန်းစားပွဲဇွန်းငရုပ်ချဉ်တစ်ပိသာခွဲငရုပ်သီးအတောင့်အရှည်ကိုကြိတ်ပြီးလည်းထည့်နိုင်ပါတယ်

နံနံစေ့၅ကျပ်သားစမုံစပါး၅ကျပ်သားဟွားကျောက်၃ဇွန်းပြင်ဆင်ပြုလုပ်ပုံ(၁)ဦးစွာကြက်သွန်ကိုလှီးဖြတ်သန့်စင်ပြီးထုံးရေဖြင့်တစ်ညစိမ်ထားပါအထက်အောက်သမအောင်မွေပေးပါ(၂)တညစိမ်ပြီးကြက်သွန်ကြွပ်လာပါကရေဆေးရေစစ်ထားပါ

၃)ကြံသကာကိုညောင်စေးကျအောင်ကျိုပြီးအအေးခံထားပါ
(၄)ပါဝင်ပစ္စည်းများအားလုံးကိုသန့်ရှင်းသောဇလုံတခုတွင်ထည့်ပြီးသမအောင်မွေပေးပါ(၅)ပြီးလျှင်ရေစစ်ထားသောကြက်သွန်ထည့်မွေပြီးသန့်ရင်းခြောက်သွေ့သောစဥ့်အိုးတွင်ထည့်ပြီးသေချာစွာဖိထည့်ပေးပါ

(၆)အိုးပြည့်အောင်မထည့်ဘဲနေရာချန်ပေးကာ(အရည်ထွက်လာမှာမို့)သန့်ရှင်းသောပလပ်စတစ်ဖြင့်အုပ်ပြီးကြိုးအထပ်ထပ်ချည်ကာလေလုံအောင်ပိတ်ပြီးအပေါ်မှအဖုံးအုပ်ထားပါ(၇)သုံးပတ်တလခန့်တည်ပြီးလျှင်စတင်သုံးဆောင်နိုင်ပါပြီ။

သန့်ရှင်းသောဇွန်းဖြင့်လိုသလောက်ခပ်ယူပြီးလေလုံအောင်သိမ်းဆည်းပြီးသုံးဆောင်နိုင်ပါပြီ
credit
zawgyi






credit

Leave a Reply

Your email address will not be published.