ငွေ (၂)ဆ ပွားစေသော ငွေပွား အစီအရင်

တစ်လမှာ (၂)ကြိမ်သာ ပြုလုပ်ခွင့်ရှိသော သောကကင်းစင်ငွေဝင်ငွေပွားအစီအရင် [ဝင်ငွေများပုံမှန်ဝင်နေရာကနေ ရုတ်တရက် ရပ်တန့်သွားသူများ၊

လုပ်ငန်းကိစ္စများလုပ်သလောက် ကြိုးစားသလောက်အလုပ်မဖြစ်ထွန်းသူများ၊လုပ်နေတာတစ်မျိုး ဖြစ်နေတာတစ်မျိုး အမျိုးမျိုးလွဲချော်နေကြသူများ၊

မနာလိုအပြိုင်အဆိုင်အတိုက်အခိုက်များကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရသူများ၊ငွေကြေးနဲ့ပတ်သတ်လို့ စိတ်သောကရောက်နေသူများ စသောအမျိုးမျိုးအထွေထွေသောကိစ္စများကြောင့် သောကရောက်နေသူများအတွက် အထူးရည်ရွယ်၍ လွယ်ကူထိရောက် မှူ ရှိသော ငွေပွားအစီအရင်အား မျှဝေပေးလိုက်ပါတယ်ရှင့်

#သိသူဖော်စား မသိသူကျော်သွား ငွေပွားအစီအရင် (၇)ရက်သား/သမီး မည်သူမဆိုလုပ်ဆောင်နိုင်သော လွယ်ကူရိုးရှင်းငွေပွားအစီအရင်မို့ ယုံကြည်စွာ လုပ်ဆောင်ကြည့်ပါ။သိသာထူးခြားစွာအကျိုးပေးပါလိမ့်မယ်ရှင့်

#အစီအရင်လုပ်ဆောင်ပုံ

ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ပိုက်ဆံ ၁၁၀၀ ကျပ်အားတင်ပါ။ ထိုပိုက်ဆံပေါ်တွင် သံပုရာသီးစစ်စစ် ၂ လုံးအားထည့်၍ ရေဖြည့်ထားသောဖန်ခွက်တစ်ခွက်တင်ပါ။

မိမိနေအိမ်ရှိဘုရားကျောင်းဆောင်ပေါ်တွင် တနင်္လာနေ့တစ်ညထားပြီး နောက်တစ်ရက် အင်္ဂါနေ့မနက် (၇) နာရီမှ (၇) ခွဲအတွင်း ထိုဖန်ခွက်ထဲမှသံပုရာသီးတစ်လုံးကိုယူ၍ ၄စိပ်စိပ်ပါ။

မိမိနေအိမ်၊ခြံ၊တိုက်ခန်း စသောနေရာထောင့်လေးထောင့်မှာ ထိုသံပုရာသီး ၄ စိပ်အား တစ်စိပ်စီချထားပါ။ ကျန် သံပုရာသီး တစ်လုံးအားလဲ ထိုဖန်ခွက်မှယူ၍ ၂ ခြမ်း ခြမ်း။

ပြီးလျှင် ထို ၂ ခြမ်းအား ဖန်ခွက်ထဲရေညှစ်ထည့် ကာ အိမ်ခြံဝန်း ပတ်ပတ်လည်မှာ ဖြန်းထားပေးပါ။ ပိုက်ဆံ ၁၁၀၀ကျပ် အား မိမိပိုက်ဆံအိတ် ထဲတွင်အမြဲဆောင်ထားပါ။

သိသိသာသာ ငွေဝင်သလို လက်ရှိ ရှိနေသော ငွေအားလဲ (၂)ဆ တိုးပွားလာစေရန် အထောက်အကူဖြစ်စေပါတယ် အနှောက်အယှက်ကင်းကင်း နှင့် စိတ်ချမ်းသာစွာ ငွေပွားလာမည်မှာ ဧကန်ဖြစ်ပါတယ်မှတ်ချက်။ ။

ဤ အစီအရင်အား တစ်လတွင် ၂ ကြိမ်သာ လုပ်ဆောင်ပါ။ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများနှင့်တကွ ဆရာတင်ထူးအားလဲ လေးစားဦးခိုက်လျှက်credit

Leave a Reply

Your email address will not be published.