(၃)ရက်တည်းနဲ့ ကျယ်နေတဲ့ချွေးပေါက်တွေအကုန်ကျဉ်းအောင်လုပ်နိုင်မယ့်နည်းလမ်းလေး(၃)ရက်လေးပဲလုပ်ရမှာဆိုတော့လုပ်ပျော်တာပေါ့နော် ချွေးပေါက်တွေဆိုတာကလည်းဘယ်လောက်ကောင်းတဲ့Skin careသုံးသုံးမူလအသားအရေအတိုင်း ပြန်ပိတ်သွားတယ်ဆိုတာရှားပါတယ်။
လွယ်လည်းမလွယ်ပါဘူး သေချာဂရုစိုက်နိုင်မှာ၊အချိန်တော်တော်ကြာအောင် Skin careအဆင့်အဆင့်ကိုနိုင်နိုင်လုပ်နိုင်မှရလဒ်ကောင်းလေးရတာပါဆိုတော့(၃)ရက်တည်းနဲ့ ချွေးပေါက်အကုန်ကျဉ်းအောင်လုပ်နိုင်မယ့်
အလွယ်ကူဆုံးနည်းလမ်းလေးကဘယ်နည်းလမ်းဖြစ်မလဲဆိုတာရှာဖွေလိုက်ကြရအောင်နော်၁။ကြက်ဥအကာနဲ့သံပရာသီးကြက်ဥအကာနဲ့သံပရာရည်ကိုသမအောင်ရောမွှေပြီးမျက်နှာပေါ်(၁၅-၂၀) လောက်တင်ပေးထားလိုက်ပါပြီးရင်
တော့ ရေအေးလေးနဲ့မျက်နှာသစ်လိုက်ပါ
ဒီနည်လမ်းလေးကဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်ကျယ်တာနဲ့အဆီပြန်တာတွေကိုပါထိန်းချုပ်ပေးနိုင်ပါတယ်မုန့်ဖုတ်ဆော်ဒါရည်ဝက်ခြံပျောက်စေနိုင်တဲ့မုန့်ဖုတ်ဆော်ဒါက
ချွေးပေါက်လေးတွေကျဉ်းသွားအောင်လည်းကူညီနိုင်ပါသေးတယ်မုန့်ဖုတ်ဆိုဒါအနည်းငယ်ထဲ ရေ(၂)ဇွန်းလောက်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေပေါ်(၁၅-၂၀)မိနစ်လောက်တင်ထားပေးပါပြီးရင်တော့ ရေအေးလေးနဲ့ဆေးချလို့
ရပါပြီ။ ချွေးပေါက်တွေကိုလျင်လျင်မြန်မြန်ကျဉ်းစေနိုင်တဲ့အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပါ၃။သံပရာသီးနဲ့ခရမ်းချဉ်သီးခရမ်းချဉ်သီးနှစ်လုံးကို အနှစ်ရတဲ့ထိရောမွှေပြီးသံပရာရည်၁စိတ်လောက်နဲ့ရောလိုက်ပါပြီးရင်တော့
မျက်နှာတစ်ခုလုံးပေါ်နဲ့အထူးသဖြင့်ချွေးပေါ်ကျယ်တဲ့နေရာပေါ်ကို (၁၅-၂၀)မိနစ်လောက်လိမ်းထားပေးပါခြောက်သွားပြီဆိုရင်တော့ ရေအေးလေးနဲ့မျက်နှာသစ်လိုက်လို့ရပါပြီအသီးနှစ်မျိုးလုံးကအက်ဆစ်ဓာတ်ပါတာကြောင့်မို့အဆီဓာတ်ကင်းပြီး ချွေးပေါက်ကျဉ်းတဲ့မျက်နှာကိုအလွယ်လေးပိုင်ဆိုင်နိုင်ပါတယ်။
crd