ပါသလောက်ပေးအခမဲ့ပါစားလို့ရတဲ့အဝစား (၁၀၀၀)ကျပ်တန်ထမင်းဆိုင်ရန်ကုန်မှာစတင်ဖွင့်လှစ်ပြီ

ပေးချင်သလောက်ပေးလို့ရသလိုအခမဲ့ပါစားလို့ရတဲ့အဝစား(၁၀၀၀)ကျပ်တန်ထမင်းဆိုင်ရန်ကုန်မှာစတင်ဖွင့်လှစ်ပြီပေးချင်သလောက်ပေးလို့ရတဲ့အဝစား(၁၀၀၀)ကျပ်တန်ထမင်းဆိုင်ရန်ကုန်မှာစတင်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊(၁၀)ရပ်ကွက်ဘူတာရုံကားလမ်းမှတ်တိုင်ရှိ Ma zelyဖလန်နယ်ဆိုင်ရှေ့၌အဝစား၁၀၀၀ကျပ်တန်ထမင်းဆိုင်ယမန်နေ့ဇွန်လ၂၀ရက်မှစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်

အဘက်ဘက်မှကုန်ဈေးနှုန်းမြင့်တက်နေချိန်အခြေခံလူတန်းစားများကိုကိုယ်စားပြုပြီးခဏတာပြေလည်စေချင်သည့်သဘောဖြင့်အဝစား၁၀၀၀တန်ထမင်းဆိုင်ကိုဖွင့်လှစ်လိုက်ခြင်းဖြစ် ကြောင်းMazely Flannelမှကိုမင်းဇံရီကပြောသည်

အခုကအလုပ်ကလည်းပါးသွားတော့ဒီမှာလည်းအခက်အခဲဖြစ်
သွားသူတွေအများကြီးကိုကျွန်တော်ကဒီရပ်ကွက်မှာဈေးရော င်းတာဆိုတော့ရပ်ကွက်ပတ်ဝန်းကျင်ကအဆင်မပြေတဲ့ဟာတွေခဏခဏတွေ့နေတော့ဒီဟာလေးလုပ်ရင်တော့အကုန်စားနိုင်တယ်ပေါ့၊

ရှိတဲ့သူလည်းပေးသွားပေါ့၊မရှိတဲ့သူလည်း
အခမဲ့စားသွားပေါ့၊တခြားဟာတွေကြောင့်မဟုတ်ပါဘူး။စားဝတ်နေရေးအကျပ်အတည်းလေးတွေပြေလည်စေချင်တာပေါ့။ခဏတာလေးပေါ့၊

တစ်ရက်တတ်နိုင်၊နှစ်ရက်တတ်နိုင်ကျွန်တော်တတ်နိုင်တဲ့နေ့လောက်ထိပေါ့၊ပြီးတော့ကျွန်တော်ကဟင်းချက်တာဝါသနာပါတော့ဟင်းချက်ဖြစ်တာပေါ့ဟုထမင်းဆိုင်ဖွင့်သူကိုမင်းဇံရီကပြောပါသည်။

အဝစား၁၀၀၀တန်ဆိုင်ကိုဇွန်၂၀ရက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးပထမနေ့မှာပင်လူအယောက်၁၃၀စာရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
လာရောက်စားသောက်သူများသည်၁၀၀၀ကျပ်ပေးစားသူမျာရှိသလို၊

အချို့မှာငါးထောင်၊တစ်သောင်းအထိပေးပို၍ပေးခဲ့သူများလည်းရှိခဲ့ခြင်းကြောင့်သူ့အနေဖြင့်တစ်လကြာဖွင့်လှစ်မည်ဟုရည်ရွယ်ထားသော်လည်းယခုလိုကူညီအားပေးသူများ
ရှိခြင်းကြောင့်အချိန်ကြာကြာဖွင့်လှစ်နိုင်မည်ဟုယူဆကြောင်း ပြောပြသည်။

ကျွန်တော်ကစလုပ်ကတည်းကအမြတ်တော့မဟုတ်ဘူးပေါ့နော်၊ခုနကပြောသလိုကျွန်တော်က၁၀၀၀ဆိုတာကတော့ရှိတဲ့သူတွေကအလှူဖြစ်ပြန်လုပ်လို့ရအောင်သတ်မှတ်လိုက်တာတစ်ခုပဲရှိတယ်၊တကယ်လို့မရှိဘူးတစ်ယောက်မှမရှိဘူးဆိုရင်လည်းအကုန်လုံးအခမဲ့စားသွားရတယ်ပြဿနာမရှိဘူး။

အဲ့အတွက်ကျွန်တော့်မှာသတ်မှတ်ချက်ရှိလားဆိုတော့ရှိတာပေါ့၊ကျွန်တော်သတ်မှတ်ထားတာကအနည်းဆုံးတစ်လ
လောက်ပေါ့နော်၊တစ်လလောက်ကျွန်တော်လုပ်ချင်တယ်၊ဒီနေ့ဆိုလို့ရှိရင်အကုန်လုံးဝယ်စားကြတယ်။

အခမဲ့တစ်ယောက်မှမစားဘူး။ဝယ်စားတဲ့သူတွေကိုယ်တိုင်ကပိုက်ဆံတစ်ထောင်အပြင်ကိုပိုပေးကြတာပေါ့နော်။တော်တော်များများငါထောင်၊တစ်သောင်းပေးသွားကြတာချည်းပါပဲ။

တစ်ပွဲစားပြီတော့နှစ်ထောင်ပေးတယ်၊နှစ်ထောင့်ငါးရာပေးတယ်၊သူတို့တခြားမှာလည်းဒီလိုပေးရမှာပဲဆိုပြီးတော့ဒါမျိုးပေးသွားကြတာများပါတယ်၊ဒါသူတို့ပြန်ကူညီပေးတာပေါ့ကျွန်တော့်ကို၊အဲ့လိုစားလည်းစားပြီးတော့ပြန်ကူညီပေးကြတယ်ဆိုတော့ဒါဆိုကျွန် တော်ပိုပြီးရေရှည်လုပ်နိုင်တာပေါ့နော်ဟုကိုမင်းဇံရီကပြောသည်

အဝစား၁၀၀၀ကျပ်ထမင်းဆိုင်ကိုအပတ်စဉ်တနင်္လာဗုဒ္ဓဟူး၊သောကြာနေ့များတွင်နံနက်၉နာရီမှစတင်ရောင်းချပေးမည်ဖြစ်ပြီးအသားဟင်း(သို့)ငါးဟင်း၊အရွက်ကြော်၂မျိူး၊အရည်သောက်၊

ငါးပိရည်နှင့်တို့စရာများပါဝင်ကြောင်းသိရသည်ပထမနေ့တွင်လူဦးရေ၁၃၀စာရောင်းချခဲ့ရခြင်းကြောင့်လာမည့်ဗုဒ္ဓဟူးနေ့၌လူဦးရေ၂၀၀နှင့်၃၀၀ကြာရောဘင်းချနိုင်ရန်စီစဉ်သွားမည်ဟုသိရသည်။credit

Leave a Reply

Your email address will not be published.