မျက်ရည်ခိုင်မှ ဖတ်ပါ
ငါ…ကျေနပ်ပါပြီ
ငါ…အိပ်ယာထဲ .. လဲတဲ့ အခါ …….မိုးလင်းတဲ့ အခါ …..ငယ်စဉ်ကလေ…
မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာစိုးလို့…ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမယ့် ..ငါ့ကိုတော့
ရေအေးနဲ့ သစ်ပေးရင်ပဲ ..ကျေနပ်ပါပြီ ။
အစာကျွေးတဲ့ အခါ…ငယ်စဉ်ကလေ…..
မင်းတို့ကြီးထွားရှင်သန်ဖို့ စျေးကြီးတဲ့ ….အာဟာရမုန့်တွေ ငါဝင်အောင်ကျွေးခဲ့ပေမဲ့….
ငါ့ကိုတော့ အစာကြေ တဲ့…ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲကျေနပ်ပါပြီ.. ။
ငါ အစား မဝင်တဲ့အခါ…ငယ်စဉ်ကလေ…..
ထမင်းတစ်ပန်းကန် စားကုန်ဖို့အိမ်ရှေ့အိမ်နောက်လှည့်ပတ်ပြေးလွား
နာရီရှည်ကြာလို့ ငါမညောင်းခဲ့ပေမဲ့ငါ့ကိုတော့ မိနစ်ပိုင်းလောက်
အားစိုက်ကျွေးရင်ပဲကျေနပ်ပါပြီ .. ။
ငါ အိပ်မပျော်တဲ့ အခါငယ်စဉ်ကလေ …..
လေးထိုးလို့ ၊ ဖျားလို့ ၊ ဝမ်းလျှော လို့ရောဂါစုံ ဖြစ်တတ်တဲ့
မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လမအိပ်ရလို့လည်း
ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်..အိပ်မပျော်တဲ့ငါ့ကို
တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ပဲ
ကျေနပ်ပါပြီ .. ။
ငါမထနိုင်တဲ့ အခါ….ငယ်စဉ်ကလေ….
ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်း…လက်ကလေးတွေသန်မာအောင်
ကြိုးစားပေးခဲ့တဲ့ ငါ့ကို ..မင်းတို့လက်ကလေးတွေကို
ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ
ကျေနပ်ပါပြီ .. ။
ငါ တွေ့ချင်တဲ့အခါ….ငယ်စဉ်ကလေ….
လပေါင်များစွာ ခြေကိုဖြောင့်စင်းပြီးသီချင်းဆိုပေးရင်း
ခြေထောက်လေးတွေ သန်မာအောင်နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ ..မင်းတို့
ခြေထောက်လေးတွေ အသုံးချပြီးခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ .. ။
ငါမလှုပ်ရှား နိုင်တဲ့အခါ ….ငယ်စဉ်ကလေ….
နူးညံပေ့ဆိုတဲ့ အဝတ် အထည်တောင်..နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမဲ့
အသ်ိလွတ်ချိန်အထိ အရှက် လုံစွာ…ငါ့ကို ဂရုတစိုက် ဖုံးပေး ရင်ပဲ
ကျေနပ်ပါပြီ .. ။
ငါ ထွက်သွားတဲ့အခါ ….
ထိုအချိန်မှ လေ……
ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့နောင်တအမွေ.. မရစေချင် လို့
ပြုစုခွင့်ရတုန်း ..ပြုစုနိုင်ကြဖို့အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ …. ။
#Credit