သားဦး သားနှောင်း မယူကောင်းလို့ ပြောကြတာ တကယ်ပဲလား

လက်ထပ်မင်္ဂလာပြုမယ့်မြန်မာအမျိုးကောင်းသားသမီးများအတွက်သားဦးသားနှောင်းယူကောင်းမယူကောင်း

ဦးဇော်ရှိသလားဗျို့အော်ဟစ်အသံပေး၍ဝင်ရောက်လာသူမှာမောင်သန့်ဇင်ထွန်းဖြစ်သည်။

သြော်မောင်သန့်ဇင်ထွန်းပါလားအိမ်ကိုအလည်မလာတာတောင်အတော်ကြာသွားပြီနော်။

ဒါနဲ့စီးပွားရေးလုပ်ငန်းရောအဆင်ပြေရဲလား။ဟုတ်ကဲ့။စီးပွားရေးလုပ်ငန်းကတော့အဆင်ပြေပါတယ်။ဒါပေမဲ့အဆင်မပြေတာလေးတစ်ခုရှိနေလို့။

မောင်သန့်ဇင်ထွန်းကရယ်၍ပြောသည်မင်းဒါပေမဲ့ကဘာလဲဟ၊ပြောပြစမ်းပါအုံး။ဒီလိုဦးဇော်ရေ၊ ကျွန်တော်နဲ့မိန်းကလေးတစ်ယောက်လူငယ်တွေသဘာဝမေတ္တာမျှနေတယ်။

အဲဒါဒုက္ခအကြီးအကျယ်တွေ့နေတယ်ဆိုပါတော့ဗျာဘယ်လိုဒုက္ခမျိုးရောက်နေတာလဲကွ။ကျွန်တော့်မိသားစုထဲမှာကျွ န်တော်ကအငယ်ဆုံးမဟုတ်လား။

အဲကျွန်တော့်ချစ်သူကတော့သူတို့မိသားစုထဲမှာအကြီးဆုံးလေ။အဲဒီတော့သားဦးနဲ့ သားေ နှာင်းဖြစ်မနေဘူးလား။အင်းလုပ်စမ်းပါအုံး။အဲဒါနဲ့ဘာဆိုင်လို့လဲ။ဆိုင်တာပေါ့ဗျာ။

ကျွန်တော့်မိတ်ဆွေတစ်ယောက်ကပြောတယ်။သားဦးသားနှောင်းမယူကောင်းဘူးတဲ့။ယူရင်ဇနီးမောင်နှံကွဲတတ်တယ်တဲ့။

မကွဲဘူးဆိုရင်လဲစီးပွားရေးမဖြစ်ထွန်းဘူးတဲ့။အဲဒါကြောင့်ကျွန်တော့်အနေနဲ့လက်ထပ်ဖို့ခက်နေတယ်။ဒုက္ခအကြီး အကျယ် တွေနေတယ်ဆိုပါတော့ဗျာ။အယူသီးတာတွေကြုံ့နေရတဲ့ဒုက္ခမျိုးတွေပေါ့

ဘုရားဟောကျမ်းဂန်တွေထဲမှာသားဦးသားနှောင်းမယူကောင်းလို့မပါပါဘူး။လူကြီးချင်းရောအဆင်ပြေရဲ့လား။လူကြီးချင်းကတော့အဆင်ပြေပါတယ်။

လူငယ်ချင်းလဲမေတ္တာမျှ၊လူကြီးချင်းလဲအဆင်ပြေပါလျက်နဲ့သားဦးသားနှောင်းဖြစ်လို့ မယူလိုက်ဘူးဆိုရင်မိုက်မဲရာကျတာပေါ့ကွာ။သေသေချာချာစဉ်းစားပါအုံး။

တို့ရွာကဦးမြင့်မောင်ကိုမင်းသိတယ်မဟုတ်လား။အဲဒီဦးမြင့်မောင်ကဘုန်းကြီးလူထွက်ကွ။စာချတန်း(ဓမ္မာစရိယ)ရော က်တဲ့အထိစာတွေသင်ခဲ့ဖူးတယ်။

ရဟန်းဘောင်မှာငြီးငွေလိုလူထွက်လိုက်တာလေ။လူထွက်ပြီးတဲ့နောက်သုံးနှစ်လေ ာက်ကြာတဲ့အခါမှာတို့ရွာအနောက်ပိုင်းကအမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှကြတယ်။

ဦးမြင့်မောင်ကအကြီးဆုံးသား။ဦးမြင့်မောင်နဲ့ ကြိုက်တဲ့အမျိုးသမီးကအငယ်ဆုံးသမီး။အဲသားဦးသားနှောင်းဖြစ်နေပေမယ့် ဦးမြင့်မောင်ကဘုန်းကြီးလူထွက်ဆိုတော့အယူသီးတာတွေလက်မခံဘူး။နောက်ဆုံးမှာသူတို့နှစ်ယောက်လက်ထပ်လို က်ကြတယ်။။အခုဆိုရင်သူတို့သားလေးတောင်တော်တော်အရွယ်ရောက်နေပြီ။

စီးပွားရေးလဲ အရင်ကထက် ပိုပြီး ဖြစ်ထွန်းလာတယ်။ ဒါကြောင့် မင်းလဲ အယူမသီးစေချင်ဘူး။ သေသေချာချာ စဉ်းစားပေါ့ကွာ။ စာရေးသူ အနေဖြင့် မောင်သန့်ဇင်ထွန်းကို အယူမသီးရန် အကျိုးအကြောင်းပြောပြ နားချခဲ့ရသည်။

မောင်သန့်ဇင်ထွန်းရေ .. သားဦးသားနှောင်း ဆိုတဲ့ သေဘာက ဒီလိုကွဲ့။ မိသားစုတိုင်းမှာ သားဦး၊ သမီးဦးမွေးလာရင်ချစ်တဲ့စိတ်နဲ့အလိုလိုက်၊လိုအပ်တာဖြည့်ဆည်းပေးကြတယ်မဟုတ်လား။သားနှောင်းလို့ခေါ်တဲ့အငယ်ဆုံးသားသမီးကိုလဲ ဒီလိုပဲကွဲအငယ်ဆုံးလေး၊အထွေးဆုံးလေးနဲ့အလိုလိုက်အချစ်ပိုကြတာပေါ့ကွယ်အဲဒီလိုအလိုလိုက်ခံရတဲ့သားဦး၊သားနှောင်းပေါင်းဖက်ရင်မိဘတွေအပေါ်နွဲ့ဆိုးဆိုးချင်တိုင်းဆိုးသလိုဖြစ်နေရင်

အိမ်ထောင်ရေးမသာယာတကျက်ကျက်ရန်ဖြစ်နေမှာစိုးလို့ပါကွယ်စာရေးသူရှင်းပြသည်ကိုမောင်သန့်ဇင်ထွန်နားလည် သဘောပေါက်သွားပုံရသည်။သူ့အိမ်ထောင်ရေးအတွက်လည်းဆုံးမစကားပြောမသိလိုဖြစ်သွားသည့်အတွက်စာရေးသူသည်လည်းကျေနပ်ပီတိဖြစ်မိသည်။

စာရေးသူတို့ မြန်မာနိုင်ငံတွင်လက်ထပ်မင်္ဂလာပြုခြင်းနှင့်ပတ်သက်၍အယူသီးမှုများစွာရှိသဥပမာဆိုသာ်ရေဦး- သာ၊ စိန်- ပန်း၊ ဒန်း- လွ၊ ကို- ရွာ ဟူသောစကားအရတနင်္ဂ နွေနှင့် သောကြာ၊အင်္ဂါနှင့်ကြာသပတေး၊စနေနှင့်ဗုဒ္ဓဟူး၊တနင်္လာနှင့်ဗုဒ္ဓဟူးသားသမီးများသည်အိမ်ထောင်ဖက်အဖြစ်ရွေးချယ်အချက်များကိုမလိုက်နာကြတော့ဘဲအယူသီးများနောက်သို့သာလိုက်ပါနေကြတော့သည်။

ထို့ကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့်အယူမသီးကြစေရန်နမ္မားဆရာတော်ကြီး၏သစ္စာသုံးခိုင်နိဗ္ဗာန်တိုင်တရားတော်ကို အနည်းငယ်ထုတ်နုတ်တင်ပြပါမည်။

ရက်ရာဇာနေ့မှာငရုတ်သီးစားရင်မစပ်ဘူးလား။စပ်ပါတယ်ဘုရား။ရက် ရာဇာနေ့မှာလုပ်သောအကုသိုလ်သည်မကောင်းကျိုးကိုမပေးဘဲနေပါ့မလား။မနေပါဘုရား။

ကံမကောင်းသောသူသည်ရက်ရာဇာနေ့မှာအိမ်တိုင်ထူခြင်းကြောင့်ချမ်းသာပါ့မလား။မချမ်းသာပါဘုရားမောင်စိန်တို့ရွာအိမ်ခြေဘယ်လောက်ရှိလဲ။တစ်ရာရှိပါတယ်ဘုရားအဲဒီအိမ်ခြေတစ်ရာမှာရက်မရွေးဘဲဆောက်တဲ့အိမ်ရှိပါရဲ့လားမပါပါဘုရား ။ရက်ရွေးပြီးဆောက်တဲ့အိမ်တွေဟာချမ်းသာတဲ့အိမ်တွေချည်းပဲလား။

မွဲတဲ့အိမ်တွေပဲများပါတယ်ဘုရား။ဒီလိုဆိုရင်ရက်ကောင်းတွေကကောင်းကျိုးပေးနိုင်သေးရဲ့လား။မပေးနိုင်ပါဘုရား။

ရက် မရွေးဘဲမင်္ဂလာဆောင်တဲ့ဇနီးမောင်နှံရှိရဲ့လား။မရှိပါဘုရား။ဇနီးမောင်နှံတိုင်းမကွဲမကွာဘဲနဲ့ချမ်းသာတာချည်းပဲလားမ ဟုတ်ပါဘုရား။ရက်ကောင်းတွေကိုအားကိုးရတာအလကားပေါ့။အလကားပါဘုရား။

ကုသိုလ်ကိုအားကိုးမှဗုဒ္ဓဘာသာကွဲမောင်စိန်ရဲ့မှန်ပါဘုရား။နမ္မားဆရာတော်ကြီး၏တရားတော်ကိုနှလုံးမူပြီးအရာရာတွ င်ဝိဘဇ္ဇဉာဏ်ဖြင့်ဆင်ခြင်နိုင်ကြစေရန်ရည်ရွယ်၍တင်ပြလိုက်ရပါသည်ရတနာပုံသတင်းစာမှစာရေးဆရာဇော်ဦး မြန် မာစာ)ရဲ့ဆောင်းပါးလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ မြန်မာလူမျိုးများရဲ့အယူသီးမှုတွေ

ကိုတင်ဆက်ထားတဲ့ဆောင်းပါးလေးဖြစ်လိုကျွန်တော်Facebookမှာတင်ဆက်ပေးထားခြင်းဖြစ်ပါတယ်အရမ်းကောင်းတဲ့ဆောင်းပါးလေဖြစ်လို့ပြန်လည်တင်ဆက်လိုက်တာကိုခွင့်လွှတ်ပါခင်ဗျ(ဆရာဆောင်းပါးလေးကိုမဖတ်လိုက်ရတဲ့လူတွေအယူသီးနေတဲ့လူတွေဖတ်နိုင်အောင်တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ
credit

Leave a Reply

Your email address will not be published.