“ဆိုင်ကယ် အဟောင်း(တပတ်ရစ်)၀ယ်ယူတော့မယ်ဆိုရင် သတိထားစစ်ဆေးရမယ့် အခြေခံ (4)ပိုင်း”

ဆိုင်ကယ် အဟောင်း(Second)၀ယ်ယူတော့မယ်ဆိုလျှင်အခြေခံ 4ပိုင်းခွဲပြီး စစ်ဆေး၀ယ်ယူဖို့လိုပါမယ်။

ဖရိန်ပိုင်း

တာယာ-ပွိုင့်တွေ ဘယ်လောက်ကျန်လဲ၊တာယာ အစားညီသလား။

ချိန်းစပေါကတ်-ချိန်းဆစ်တွေ ချောင်နေသလား၊ စပေါ့ကတ်ကျန်သေးလား၊ စပေါ့ကတ် အစားညီသလား။

ဘရိတ်-အရေးကြီးပါတယ်၊ ဘရိတ်မိသလား၊ရှူးခြမ်းတွေ ဘယ်လောက်ကျန်သလဲ၊ ဘရိတ်ဆီ၊ Drumပြား အထူအပါးကိုလည်း စစ်ဆေးပါ။

ဖောက်-ရှေ့/နောက်ဖောက် ဆီအယိုအစိမ့် ရှိမရှိ စစ်ဆေးပါ။

ဖရိန်-ဖရိန်ကတော့ စီးကြည့်ပြီး အလိုင်းမင်း တည့်မတည့်၊ ဇာတ်ချောင်ခြင်းနှင့် နောက်ခရင်းတို့ကို စစ်ဆေးရပါမည်။

အင်ဂျင်

အင်ဂျင်ပိုင်းကတော့ ဖွင့်လှပ်ကြည့်၍မရတာကြောင့် အပြင်ပိုင်း အကွဲ အနာအဆာ ရှိမရှိ၊ ဆီယိုစိမ့်မှု ရှိမရှိ၊ တတ်ကျွမ်းသူများဆိုလျှင် စက်နိုးကြည့်ပြီး အသံနားထောင်ရုံဖြင့် အကြမ်းဖျင်း သိရှိနိုင်ပါတယ်။

ကိုယ်တိုင် စက်နိုးကြည့်ပါ Slowထားထားပြီးအင်ဂျင် အနည်းငယ်ပူလာမှ လီဗာကို ဖြည်းဖြည်းချင်းဆွဲကြည့်ပါ။

အင်ဂျင် အင့်တာမျိုး ထစ်အင်းအင်းဖြစ်တာမျိုး လီဗာဆွဲသလောက် တက်မလာတာမျိုး ရှိတတ်ပါတယ်။ဒါဆို ရောင်းချသူနဲ့တိုင်ပင်ပြီး လိုအပ်တာများ မေးမြန်းပါ။

ဆိုင်ကယ်တွေက Brand တစ်ခုနဲ့ တစ်ခု ထိန်းသိမ်းရပုံတွေ ဗီဇတွေ ကွဲပြားကြပါတယ်။

တချို့ ရောင်းချသူတွေဆို ဆိုင်ကယ် Knowledge မျှဝေပေးပြီး ဆိုင်ကယ်ထိန်းသိမ်းပုံကိုလည်း မျှဝေပေးကြပါတယ်။

မီးပိုင်း

မီးကြီး၊မီးခွက်၊မီးခလုပ်၊ဝါယာရိန်း၊ Computer boxပါတဲ့ဆိုင်ကယ်တွေဆို ပိုပြီး အနုစိတ်ပါတယ်။ဒါတွေကတော့ မိမိရဲ့လေ့လာမှုနဲ့ အများကြီး မူတည်ပါတယ်။

ကာဘာပိုင်း

ကာဘာပိုင်းကတော့ ကာဘာတွေကွဲနေလား စတေကာ ပွန်းနေလား Original မဟုတ်တာ ဖြတ်ဆက်လုပ်ထားတာတွေ စစ်ဆေးဖို့လိုပါတယ်။

အထက်ဖော်ပြထားတဲ့ အခြေခံ အချက်လက်တွေကို စစ်ဆေးပြီး ပြစ်ချက်များ လက်ခံနိုင်ပြီဆိုမှ ရောင်းချသူနဲ့တိုင်ပင်ပြီး အရောင်း၀ယ်ပြုလုပ်နိုင်ပါတယ်။

ဆိုင်ကယ် ဘီးကောင်းလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။🙏
credit

Leave a Reply

Your email address will not be published.