ဖေဖော်ဝါရီလ 25ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ONE FIGHT NIGHT 7 ပြိုင်ပွဲကြီးတွင် နှစ်ထပ်ကွမ်းချန်ပီယံဖိုက်တာဟောင်းတစ်ဦးဖြစ်သူ ဖယ်သာဝိတ်တန်းက မာတင်ငုယင်ရဲ့ပွဲစဉ်လည်း ပါဝင်နေပါတယ်။
ဒီပြိုင်ပွဲကြီးကို ONE CHAMPIONSHIP က ဘန်ကောက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဘန်ကောက်ကပရိသတ်တွေအနေဖြင့် ယင်းပြိုင်ပွဲကြီးတွင် မာတင်ငုယင်အပြင် အောင်လအန်ဆန်းကိုပါ တစ်ပါတည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။
အောင်လအန်ဆန်းဟာ လက်တလောတွင် စာချုပ်သစ်အတွက် လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း ပြိုင်ဘက်မရှိသေးပါဘူး။ ဒါကြောင့် အောင်လအန်ဆန်းဟာ လက်ရှိအချိန်မှာ အားလပ်နေတာကြောင့် မာတင်ငုယင်ရဲ့ပွဲကို လိုက်ပါဝန်းရံပေးဖို့ ရှိနေပါတယ်။
အောင်လအန်ဆန်းနှင့် မာတင်ငုယင်တို့ဟာ ညီအစ်ကိုသဖွယ်ရင်းနှီးချစ်ခင်ကြပြီး တစ်ယောက်ရဲ့ပွဲကို တစ်ယောက်က လိုက်ပါဝန်းရံပေးလေ့ရှိကြပါတယ်။ ကိုဗစ်ပြဿနာတွေ ပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်းတွင် ONE ရဲ့ စည်းမျဉ်းတွေအရ လူဦးရေကန့်သတ်ထားမှုကြောင့် ၎င်းတို့နှစ်ဦးကို ကြိုးဝိုင်းပေါ်တွင် တစ်တွဲတည်း မတွေ့ရတော့ပေ။
ယခုတစ်ကြိမ်မှာတော့ အောင်လအန်ဆန်းဟာ မာတင်ငုယင်ရဲ့နောက်ပွဲကို လိုက်ပါဝန်းရံပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ အောင်လအနေဖြင့် သူ့ရဲ့နောက်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များကို KILL CLIFF မှာ ပြုလုပ်နေပြီး ONE က နောက်ပွဲတည်ပေးမယ့် အချိန်ကို စောင့်ဆိုင်းနေပါတယ်။
Zawgyi(version)
ေဖေဖာ္ဝါရီလ 25ရက္ေန႕တြင္ က်င္းပျပဳလုပ္မည့္ ONE FIGHT NIGHT 7 ၿပိဳင္ပြဲႀကီးတြင္ ႏွစ္ထပ္ကြမ္းခ်န္ပီယံဖိုက္တာေဟာင္းတစ္ဦးျဖစ္သူ ဖယ္သာဝိတ္တန္းက မာတင္ငုယင္ရဲ႕ပြဲစဥ္လည္း ပါဝင္ေနပါတယ္။
ဒီၿပိဳင္ပြဲႀကီးကို ONE CHAMPIONSHIP က ဘန္ေကာက္တြင္ ျပဳလုပ္သြားမည္ျဖစ္ၿပီး ဘန္ေကာက္ကပရိသတ္ေတြအေနျဖင့္ ယင္းၿပိဳင္ပြဲႀကီးတြင္ မာတင္ငုယင္အျပင္ ေအာင္လအန္ဆန္းကိုပါ တစ္ပါတည္း ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။
ေအာင္လအန္ဆန္းဟာ လက္တေလာတြင္ စာခ်ဳပ္သစ္အတြက္ လက္မွတ္ေရးထိုးထားၿပီးျဖစ္ေသာ္လည္း ၿပိဳင္ဘက္မရွိေသးပါဘူး။ ဒါေၾကာင့္ ေအာင္လအန္ဆန္းဟာ လက္ရွိအခ်ိန္မွာ အားလပ္ေနတာေၾကာင့္ မာတင္ငုယင္ရဲ႕ပြဲကို လိုက္ပါဝန္းရံေပးဖို႔ ရွိေနပါတယ္။
ေအာင္လအန္ဆန္းႏွင့္ မာတင္ငုယင္တို႔ဟာ ညီအစ္ကိုသဖြယ္ရင္းႏွီးခ်စ္ခင္ၾကၿပီး တစ္ေယာက္ရဲ႕ပြဲကို တစ္ေယာက္က လိုက္ပါဝန္းရံေပးေလ့ရွိၾကပါတယ္။ ကိုဗစ္ျပႆနာေတြ ေပၚေပါက္လာခဲ့ၿပီးေနာက္ပိုင္းတြင္ ONE ရဲ႕ စည္းမ်ဥ္းေတြအရ လူဦးေရကန႔္သတ္ထားမႈေၾကာင့္ ၎တို႔ႏွစ္ဦးကို ႀကိဳးဝိုင္းေပၚတြင္ တစ္တြဲတည္း မေတြ႕ရေတာ့ေပ။
ယခုတစ္ႀကိမ္မွာေတာ့ ေအာင္လအန္ဆန္းဟာ မာတင္ငုယင္ရဲ႕ေနာက္ပြဲကို လိုက္ပါဝန္းရံေပးဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ ေအာင္လအေနျဖင့္ သူ႕ရဲ႕ေနာက္ပြဲအတြက္ ေလ့က်င့္ေရးအစီအစဥ္မ်ားကို KILL CLIFF မွာ ျပဳလုပ္ေနၿပီး ONE က ေနာက္ပြဲတည္ေပးမယ့္ အခ်ိန္ကို ေစာင့္ဆိုင္းေနပါတယ္။