ကြက်ဟင်းခါးသီးကိုလုံးဝမခါးအောင်ကြော်နည်း

ကြက်ဟင်းခါးသီးလေးကို အလွယ်ဆုံးနည်းနဲ့ အရသာရှိအောင် ချက်စားချင်သူတွေအတွက် ခနောကြက်သားမှုန့်နဲ့ ကြက်ဟင်းခါးသီးချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ကြက်ဟင်းခါးသီးလေးကို နံနံပင်နံ့လေးမွှေအောင် ချက်မှာမို့ အရသာရှိတဲ့ ထမင်းဝိုင်းလေးအတွက် အထူးသင့်တော်သော အရံဟင်းလေးဖြစ်စေမှာပါနော်

ပါဝင်ပစ္စည်းများ
ကြက်ဟင်းခါးသီး ၂ လုံး
ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
နံနံပင် ၃ ပင်
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၃ မွှာ
ဆီ ထမင်းစားဇွန်း ၂ ဇွန်း
ငရုတ်သီးအစိမ်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
ငါးပိစိမ်းစား လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ

ချက်ပြုတ်ပြင်ဆင်ပုံ
အရင်ဦးဆုံး ကြက်ဟင်းခါးသီးတွေကို အစေ့ထုတ်ပြီး နှစ်သက်သလို လှီးဖြတ်ထားပါ။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ထောင်းထားပြီး နံနံပင်လေးတွေကိုတော့ နှစ်သက်သလို လှီးထားပါ။

ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာရင်တော့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီလေးတွေကို ဆီသတ်ပါ။

ကြက်သွန်လေးတွေ နွမ်းလာပြီဆိုရင်တော့ အရောင်တင်မှုန့်၊ ငံပြာရည်၊ နနွင်းမှုန့်၊ ငါးပိစိမ်းစားထည့်ပြီး မွှေကာ ရေအနည်းငယ်ထည့်ချက်ပေးပါ။

ကြက်ဟင်းခါးသီးလေးတွေကိုထည့်ပါ၊ အရသာအတွက် ခနောကြက်သားမှုန့်၊ ပုဇွန်ခြောက်မှုန့်တို့ထည့်ပြီးချက်ပါ။

ကြက်ဟင်းခါးသီးလေးတွေနူးဖို့အတွက် အဖုံးအုပ်ပြီး တည်ပေးပါ။

မိနစ်အနည်းငယ်ကြာပြီး ကြက်ဟင်းခါးသီးလေးတွေလည်း နူးလာပြီဆိုရင်တော့ နံနံပင်လေးအုပ်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
credit

Leave a Reply

Your email address will not be published.