(၃) ထပ်တိုက်အိမ်ကို အပင်ပေါင်း ၁၀ဝဝဝ ကျော် နဲ့ စိုက်ပျိုးရေးခြံအဖြစ် ပြောင်းလဲခဲ့တဲ့ အမျိုးသား

Posted by

အက်တာ ပရာဒါက်ရှ်ပြည်နယ်၊ ဘရီးလ်လီမြို့နေထိုင်သူတစ်ဦးကသူ့ရဲ့ ၃ ထပ်တိုက်ကို အပင်ပေါင်း၁၀၀၀၀ ကျော်နဲ့ ခြုံလွှမ်းခဲ့ပါတယ်။သူ့ရဲ့အိမ်ကို အခုလိုလုပ်ခဲ့တာက အကြောင်းအရင်းရှိပါတယ်။

ရမ်ဗီ ဆင်းချ်ဆိုတဲ့ အဲဒီအမျိုးသားရဲ့သူငယ်ချင်းဦးလေးက ကင်ဆာရောဂါခံစားခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ စတင်ပြီး အပင်တွေ စိုက်ဖို့ ဖြစ်လာခဲ့တာပါ။

သူ့သူငယ်ချင်းရဲ့ဦးလေး ကင်ဆာရောဂါဖြစ်မှန်းသိတော့ အဲဒီရောဂါနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာကြည့်ခဲ့တယ်။

ကင်ဆာရောဂါက ဓာတုပစ္စည်းပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကြောင့် အဖြစ်များတယ်ဆိုတာ သိခဲ့ရတယ်။

ပထမတော့ သူ ကြောက်သွားခဲ့ပေမဲ့ သူ့မိသားစုကို ဒီလိုအန္တရာယ်မဖြစ်အောင် ထားဖို့ဆုံးဖြတ်ခဲ့တယ်။

ရမ်ဗီက သူ့ရဲ့အချိန်ပြည့်သတင်းထောက်အလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့ဘိုးဘွားပိုင်မြေမှာ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ အချိန်ပေးဖြစ်ခဲ့တယ်။

သူ့ရဲ့ခြံက ဘရီးလ်လီမြို့ကနေ ၄၀ ကီလိုမီတာ ဝေးတယ်။

ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့နဲ့ အထွက်နှုန်းတိုးဖို့ အဲဒီကို သွားခဲ့ရတယ်။ သူဟာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး အော်ဂဲနစ်ခြံထွက်ကုန်တွေကို စီးပွားဖြစ်ရောင်းချခဲ့တယ်။

၂၀၁၇-၂၀၁၈ ခုနှစ်မှာ သူဟာ စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ပရိုဂရမ်တစ်ခုအတွက် ဒူဘိုင်းကို သွားရောက်ခဲ့ပြီး ဟိုက်ဒရိုပိုနစ်စိုက်ပျိုးရေးအကြောင်းလေ့လာခဲ့တယ်။

ဒီနည်းက မြေဆီလွာမလိုအပ်ဘဲ ပိုမွှားကျရောက်မှုနည်းပါးစွာနဲ့ အပင်ကြီးထွားနိုင်ပြီး အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို သက်သာစေတယ်ဆိုတာ သူ သိခဲ့ရတယ်။

ရမ်ဗီကလယ်သမားတွေဆီကစိုက်ပျိုးနည်းစနစ်တွေကို (၂)ပတ်ကြာလေ့လာခဲ့တယ်။သူပြန်လာ‌တော့ သူ့အိမ်မှာစိုက်ပျိုးနည်းစနစ်တွေနဲ့စမ်းသပ်ကြည့်ဖို့လုပ်ခဲ့တယ်။

သူက လသာဆောင်တွေနဲ့ နေရာအလွတ်တွေမှာ ဟိုက်ဒရိုပိုနစ်စနစ်တွေ ထားဖို့ ပိုက်တွေနဲ့ အခြားအခြေခံပစ္စည်းကိရိယာတွေကို စအသုံးပြုခဲ့တယ်။

Nutrient Film Technique (NFT) နဲ့ Deep Flow Technique (DFT) အသုံးပြုပြီးတော့ ခြံအတွက် နည်းလမ်း(၂) ခု ဖန်တီးခဲ့တယ်။

အခုဆို သူ့ရဲ့ (၃) ထပ်တိုက်အိမ်ကို ဟိုက်ဒရိုပိုနစ်ခြံအဖြစ် ပြောင်းလဲပြီး‌တော့ ဝင်ငွေတွေ အများကြီးရနေပါတယ်။

အဲဒီခြံအကျယ်အဝန်းက အပင်ပေါင်း (၁၀၀၀၀) ကျော်နဲ့ ၇၅၀ စတုရန်းမီတာရှိပါတယ်။

ရုံးပတီ၊ ငရုတ်၊ငရုတ်အနွယ်ဝင်အပင်၊ဘူးသီး၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာပွင့်၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊စတော်ဘယ်ရီ၊

ပဲနံ့သာနဲ့ပဲလုံးအပင်တွေအပါအဝင်အပင်တော်တော်များများ စိုက်ပျိုးပါတယ်။ သူက ဟိုက်ဒရိုပိုနစ်နဲ့ ရာသီအလိုက် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတာပါ။

ဟိုက်ဒရိုပိုနစ် စိုက်ပျိုးနည်းက အော်ဂဲနစ်စိုက်ပျိုးတာထက် ကျန်းမာရေးနဲ့ပိုညီညွှတ်တယ်လို့ ရမ်ဗီက ယုံကြည်ထားပါတယ်။

သူ့ရဲ့စွဲမက်ဖွယ်ကောင်းပြီးထူးခြားတဲ့ခြံကဘေးတစ်ဖက်တစ်ချက်စီမှာချိတ်ဆွဲထားတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ခြုံလွှမ်းထားတဲ့ ကွန်ကရစ်အဆောက်အဦးဖြစ်နေတဲ့အတွက် ဖြတ်သွားဖြတ်လာသူတွေရဲ့အာရုံကို ဆွဲဆောင်ထားပါတယ်။

ရမ်ဗီက တစ်နှစ်ကို ဝင်ငွေ ရူပီး သိန်း ၇၀ ဝင်တဲ့ Vimpa Organic and Hydroponics ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ခဲ့ပါတယ်။

crd

Zawgyi(version)

အက္တာ ပရာဒါက္ရွ္ျပည္နယ္၊ ဘရီးလ္လီၿမိဳ႕ေနထိုင္သူတစ္ဦးကသူ႕ရဲ႕ ၃ ထပ္တိုက္ကို အပင္ေပါင္း၁၀၀၀၀ ေက်ာ္နဲ႕ ၿခဳံလႊမ္းခဲ့ပါတယ္။သူ႕ရဲ႕အိမ္ကို အခုလိုလုပ္ခဲ့တာက အေၾကာင္းအရင္းရွိပါတယ္။

ရမ္ဗီ ဆင္းခ်္ဆိုတဲ့ အဲဒီအမ်ိဳးသားရဲ႕သူငယ္ခ်င္းဦးေလးက ကင္ဆာေရာဂါခံစားခဲ့တဲ့ ၂၀၀၉ ခုႏွစ္မွာ စတင္ၿပီး အပင္ေတြ စိုက္ဖို႔ ျဖစ္လာခဲ့တာပါ။

သူ႕သူငယ္ခ်င္းရဲ႕ဦးေလး ကင္ဆာေရာဂါျဖစ္မွန္းသိေတာ့ အဲဒီေရာဂါနဲ႕ပတ္သက္ၿပီး စူးစမ္းေလ့လာၾကည့္ခဲ့တယ္။

ကင္ဆာေရာဂါက ဓာတုပစၥည္းပါဝင္တဲ့ ဟင္းသီးဟင္း႐ြက္ေတြေၾကာင့္ အျဖစ္မ်ားတယ္ဆိုတာ သိခဲ့ရတယ္။

ပထမေတာ့ သူ ေၾကာက္သြားခဲ့ေပမဲ့ သူ႕မိသားစုကို ဒီလိုအႏၱရာယ္မျဖစ္ေအာင္ ထားဖို႔ဆုံးျဖတ္ခဲ့တယ္။

ရမ္ဗီက သူ႕ရဲ႕အခ်ိန္ျပည့္သတင္းေထာက္အလုပ္ကေန ထြက္ဖို႔ ဆုံးျဖတ္ၿပီး သူ႕ရဲ႕ဘိုးဘြားပိုင္ေျမမွာ ေအာ္ဂဲနစ္ဟင္းသီးဟင္း႐ြက္ေတြ စိုက္ပ်ိဳးဖို႔ အခ်ိန္ေပးျဖစ္ခဲ့တယ္။

သူ႕ရဲ႕ၿခံက ဘရီးလ္လီၿမိဳ႕ကေန ၄၀ ကီလိုမီတာ ေဝးတယ္။

ဟင္းသီးဟင္း႐ြက္ေတြ စိုက္ပ်ိဳးဖို႔နဲ႕ အထြက္ႏႈန္းတိုးဖို႔ အဲဒီကို သြားခဲ့ရတယ္။ သူဟာ အလြတ္တန္းသတင္းေထာက္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး ေအာ္ဂဲနစ္ၿခံထြက္ကုန္ေတြကို စီးပြားျဖစ္ေရာင္းခ်ခဲ့တယ္။

၂၀၁၇-၂၀၁၈ ခုႏွစ္မွာ သူဟာ စိုက္ပ်ိဳးေရးနဲ႕ဆက္စပ္တဲ့ပရိုဂရမ္တစ္ခုအတြက္ ဒူဘိုင္းကို သြားေရာက္ခဲ့ၿပီး ဟိုက္ဒရိုပိုနစ္စိုက္ပ်ိဳးေရးအေၾကာင္းေလ့လာခဲ့တယ္။

ဒီနည္းက ေျမဆီလြာမလိုအပ္ဘဲ ပိုမႊားက်ေရာက္မႈနည္းပါးစြာနဲ႕ အပင္ႀကီးထြားနိုင္ၿပီး အပင္ႀကီးထြားဖို႔အတြက္ လိုအပ္တဲ့ ေရရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္ကို သက္သာေစတယ္ဆိုတာ သူ သိခဲ့ရတယ္။

ရမ္ဗီကလယ္သမားေတြဆီကစိုက္ပ်ိဳးနည္းစနစ္ေတြကို (၂)ပတ္ၾကာေလ့လာခဲ့တယ္။သူျပန္လာေတာ့ သူ႕အိမ္မွာစိုက္ပ်ိဳးနည္းစနစ္ေတြနဲ႕စမ္းသပ္ၾကည့္ဖို႔လုပ္ခဲ့တယ္။

သူက လသာေဆာင္ေတြနဲ႕ ေနရာအလြတ္ေတြမွာ ဟိုက္ဒရိုပိုနစ္စနစ္ေတြ ထားဖို႔ ပိုက္ေတြနဲ႕ အျခားအေျခခံပစၥည္းကိရိယာေတြကို စအသုံးျပဳခဲ့တယ္။

Nutrient Film Technique (NFT) နဲ႕ Deep Flow Technique (DFT) အသုံးျပဳၿပီးေတာ့ ၿခံအတြက္ နည္းလမ္း(၂) ခု ဖန္တီးခဲ့တယ္။

အခုဆို သူ႕ရဲ႕ (၃) ထပ္တိုက္အိမ္ကို ဟိုက္ဒရိုပိုနစ္ၿခံအျဖစ္ ေျပာင္းလဲၿပီးေတာ့ ဝင္ေငြေတြ အမ်ားႀကီးရေနပါတယ္။

အဲဒီၿခံအက်ယ္အဝန္းက အပင္ေပါင္း (၁၀၀၀၀) ေက်ာ္နဲ႕ ၇၅၀ စတုရန္းမီတာရွိပါတယ္။

႐ုံးပတီ၊ င႐ုတ္၊င႐ုတ္အႏြယ္ဝင္အပင္၊ဘူးသီး၊ ခရမ္းခ်ဥ္သီး၊ ပန္းမုန္လာပြင့္၊ ဟင္းႏုႏြယ္၊ ေဂၚဖီ၊စေတာ္ဘယ္ရီ၊

ပဲနံ႕သာနဲ႕ပဲလုံးအပင္ေတြအပါအဝင္အပင္ေတာ္ေတာ္မ်ားမ်ား စိုက္ပ်ိဳးပါတယ္။ သူက ဟိုက္ဒရိုပိုနစ္နဲ႕ ရာသီအလိုက္ ဟင္းသီးဟင္း႐ြက္ေတြ စိုက္ပ်ိဳးတာပါ။

ဟိုက္ဒရိုပိုနစ္ စိုက္ပ်ိဳးနည္းက ေအာ္ဂဲနစ္စိုက္ပ်ိဳးတာထက္ က်န္းမာေရးနဲ႕ပိုညီၫႊတ္တယ္လို႔ ရမ္ဗီက ယုံၾကည္ထားပါတယ္။

သူ႕ရဲ႕စြဲမက္ဖြယ္ေကာင္းၿပီးထူးျခားတဲ့ၿခံကေဘးတစ္ဖက္တစ္ခ်က္စီမွာခ်ိတ္ဆြဲထားတဲ့ဟင္းသီးဟင္း႐ြက္ေတြနဲ႕ၿခဳံလႊမ္းထားတဲ့ ကြန္ကရစ္အေဆာက္အဦးျဖစ္ေနတဲ့အတြက္ ျဖတ္သြားျဖတ္လာသူေတြရဲ႕အာ႐ုံကို ဆြဲေဆာင္ထားပါတယ္။

ရမ္ဗီက တစ္ႏွစ္ကို ဝင္ေငြ ႐ူပီး သိန္း ၇၀ ဝင္တဲ့ Vimpa Organic and Hydroponics ကုမၸဏီတစ္ခုကိုလည္း တည္ေထာင္ခဲ့ပါတယ္။

crd