ခုခေတ်ကလေးတွေအများစု မြင်ဖူးမှာ မဟုတ်တော့တဲ့ ပျောက်ကွယ်လုရှားပါး တလုံမန်ကျည်းကွေး

Posted by

ခုခေတ်ကလေးတွေအများစု မြင်ဖူးမှာ မဟုတ်တော့တဲ့ ပျောက်ကွယ်လုရှားပါး တလုံမန်ကျည်းကွေး…

ခုခေတ်ကလေးတွေ ဒီအသီးကို မြင်တောင် မြင်ဖူးကြပါတော့မလားမသိ။

တို့ငယ်ငယ်တုန်းကတော့ ဒီအသီးလေးတွေကို မက်မက်သက်သက်စားခဲ့ကြတာပေါ့။

သရေစာ ဒီ အသီးလေးတွေကိုပဲ အဟုတ်လုပ် စားခဲ့ကြတာ။

တို့ငယ်ငယ်က ဒီ တလုံမန်ကျည်းကွေးလို့ခေါ်တဲ့ တလုံမန်ကျည်းကွေးတွေကို လျှော်ကြိုးတွေနဲ့တွဲပြီး စျေးထဲမှာ ရောင်းကြတယ်။

ကျောင်းမုန့်စျေးတန်းမှာလည်း ရောင်းကြတယ်။တစ်တွဲမှ ၁၀ပြား၊ ၁၅ပြား။

အရင်က တို့ အိမ်ခေါင်းရင်းမှာလည်း တလုံမကျည်းကွေးပင်ကြီးရှိခဲ့ဖူးတယ်။လူ တက်လို့မရဘူး။

ဘာလို့လဲဆိုတော့ ပင်စည်ကနေ အကိုင်းအခက် အဖျားအနားတွေအထိ တစ်ပင်လုံး စူးတွေချည်းပဲ။

အဲဒါကြောင့် တလုံမန်ကျည်းကွေး သီးပြီဆိုရင် အောက်ကနေပဲ ဝါးတံချူနဲ့ ထိုးပြီး ခူးရတယ်။

တလုံမန်ကျည်းသီးက ရှည်ရှည် ကွေးကွေးလေးမို့ တလုံတလုံမန်ကျည်းကွေးလို့ပဲ ခေါ်ကြတယ်။

စိမ်းနေရင် နည်းနည်းဖန်ပြီး၊ မှည့်ရင် အသီးက နီရဲနေပြီး စားရတာလည်း ချိုတယ်။

ညှိုးခြောက်သွားပြီဆိုရင်တော့ စားလို့ အကောင်းဆုံးပဲ။အဲဒီကျ အဖန်ဓာတ်မပါတော့ပဲ ချိုနှစ်နေတာ။

သူ့အစေ့ကကျ အနက်ရောင် ပြောင်ချောချောလေး။ကလေးတုန်းက အဲဒီ တလုံမန်ကျည်းစေ့လေးတွေ စုထားပြီး ဇယ်တောက်တမ်း ကစားတတ်ကြတယ်။

ဟိုတုန်းကတော့ ရပ်ကွက်ထဲမှာကို တလုံမန်ကျည်းပင်တွေ တော်တော်များများ ရှိခဲ့တယ်။

အညာကျေးလက်တောရွာတွေမှာ စာဗူးတောင်းသိုက်တွေ တွဲလဲခို​နေတဲ့ တလုံမန်ကျည်းပင်တွေကို ကြိုးကြား ကြိုးကြား တွေ့ခဲ့ရဖူးတယ်။

အခုတော့ အဲဒီ တလုံမန်ကျည်းပင်တွေ မတွေ့ရသလောက် ရှားသွားပြီ။

#ဒို့ရှမ်းပြည်
မူရင်းရေးသားသူအား လေးစားစွာ Credit

Zawgyi(version)

ခုေခတ္ကေလးေတြအမ်ားစု ျမင္ဖူးမွာ မဟုတ္ေတာ့တဲ့ ေပ်ာက္ကြယ္လုရွားပါး တလုံမန္က်ည္းေကြး

ခုေခတ္ကေလးေတြ ဒီအသီးကို ျမင္ေတာင္ ျမင္ဖူးၾကပါေတာ့မလားမသိ။

တို႔ငယ္ငယ္တုန္းကေတာ့ ဒီအသီးေလးေတြကို မက္မက္သက္သက္စားခဲ့ၾကတာေပါ့။

သေရစာ ဒီ အသီးေလးေတြကိုပဲ အဟုတ္လုပ္ စားခဲ့ၾကတာ။

တို႔ငယ္ငယ္က ဒီ တလုံမန္က်ည္းေကြးလို႔ေခၚတဲ့ တလုံမန္က်ည္းေကြးေတြကို ေလွ်ာ္ႀကိဳးေတြနဲ႕တြဲၿပီး ေစ်းထဲမွာ ေရာင္းၾကတယ္။

ေက်ာင္းမုန႔္ေစ်းတန္းမွာလည္း ေရာင္းၾကတယ္။တစ္တြဲမွ ၁၀ျပား၊ ၁၅ျပား။

အရင္က တို႔ အိမ္ေခါင္းရင္းမွာလည္း တလုံမက်ည္းေကြးပင္ႀကီးရွိခဲ့ဖူးတယ္။လူ တက္လို႔မရဘူး။

ဘာလို႔လဲဆိုေတာ့ ပင္စည္ကေန အကိုင္းအခက္ အဖ်ားအနားေတြအထိ တစ္ပင္လုံး စူးေတြခ်ည္းပဲ။

အဲဒါေၾကာင့္ တလုံမန္က်ည္းေကြး သီးၿပီဆိုရင္ ေအာက္ကေနပဲ ဝါးတံခ်ဴနဲ႕ ထိုးၿပီး ခူးရတယ္။

တလုံမန္က်ည္းသီးက ရွည္ရွည္ ေကြးေကြးေလးမို႔ တလုံတလုံမန္က်ည္းေကြးလို႔ပဲ ေခၚၾကတယ္။

စိမ္းေနရင္ နည္းနည္းဖန္ၿပီး၊ မွည့္ရင္ အသီးက နီရဲေနၿပီး စားရတာလည္း ခ်ိဳတယ္။

ညွိုးေျခာက္သြားၿပီဆိုရင္ေတာ့ စားလို႔ အေကာင္းဆုံးပဲ။အဲဒီက် အဖန္ဓာတ္မပါေတာ့ပဲ ခ်ိဳႏွစ္ေနတာ။

သူ႕အေစ့ကက် အနက္ေရာင္ ေျပာင္ေခ်ာေခ်ာေလး။ကေလးတုန္းက အဲဒီ တလုံမန္က်ည္းေစ့ေလးေတြ စုထားၿပီး ဇယ္ေတာက္တမ္း ကစားတတ္ၾကတယ္။

ဟိုတုန္းကေတာ့ ရပ္ကြက္ထဲမွာကို တလုံမန္က်ည္းပင္ေတြ ေတာ္ေတာ္မ်ားမ်ား ရွိခဲ့တယ္။

အညာေက်းလက္ေတာ႐ြာေတြမွာ စာဗူးေတာင္းသိုက္ေတြ တြဲလဲခိုေနတဲ့ တလုံမန္က်ည္းပင္ေတြကို ႀကိဳးၾကား ႀကိဳးၾကား ေတြ႕ခဲ့ရဖူးတယ္။

အခုေတာ့ အဲဒီ တလုံမန္က်ည္းပင္ေတြ မေတြ႕ရသေလာက္ ရွားသြားၿပီ။

#ဒို႔ရွမ္းျပည္
မူရင္းေရးသားသူအား ေလးစားစြာ Credit