ဖားကန့်ဒေသမှ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည့် ရှားပါး၍ တန်ဖိုးမဖြတ်နိုင်သော ဆင်စွယ်နက်

ဖားကန့်ဒေသမှ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည့် ဆင်စွယ်နက်နှင့် မူလပိုင်ရှင် ဖြစ်သော ဒူဝါတို့၏ ကံဆီးဟော်နန်း (The Ginsi Haw)ဆိုင်းရာမြို့အနီးရှိ ယိုယွင်းပျက်စီးနေသော ကံဆီးဒူဝါတို့ ဟော်နန်း(သို့) နန်တော်အဆောက်အအုံသည်

ကျောက်စိမ်းရတနာ မြေသခင် ကံဆီးဒူဝါတို့ အထွတ်အထိပ် ရောက်ရှိခဲ့ကြစဉ်က သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုနှင့် သြဇာအရှိန်အဝါ ကြီးမားမှုကို ပြသနေသော သက်သေ အထောက်အထားပင် ဖြစ်ပေသည်။ကံဆီးဟော်နန်းကို ဒူဝါကံဆီးလ လက်ထက် (1897)တွင် တည်ဆောက်ခဲ့သည်။

ကံဆီးဟော်နန်းကို ထည်ဝါခမ်းနားသောအုတ်နန်းဆောင် (12)ဆောင်ဖြင့် ဖွဲ့စည်းထားလေသည်။(အမြင့်ပေ ၁၀ပေ ကျော်ခန့် ရှိပြီး အထူ ၅ ပေ ခန့်ရှိသော တံတိုင်းတို့ဖြင့် ဧရိယာအကျယ် ၃ ဧကခန့် ရှိသော နန်းတော်ယာကို ကာရံထားကြောင်း သိရှိရ။)

(1904) ခုနှစ်ဒူဝါကံဆီးလသက်တော် (66)တွင် ကံကုန်ပြီး မြေးတော်ဒူဝါကံဆီလဆိုင်းအရိုက်အရာ ဆက်ခံကာ ကံဆီးနယ်တစ်ခုလုံးကို အုပ်ချုပ်ခဲ့ပါတယ်။ဒူဝါကံဆီးလဆိုင်းရဲ့ သားတော် ဒူဝါကံဆီးဆင်ဝါးနောင် လက်ထက်တွင် မြစ်ကြီးနားမှ

မြစ်ကြီးနားအရေးပိုင် (The British Commissioner From Myitkyina) က ကံဆီးဒူဝါအား ဗြိတိသျှအင်ပါယာ လက်အောက်ခံ ကံဆီးနယ်ရဲ့ ဒူဝါ (Prince or Sawbwa)အရိုက်အရာကိုဘုရင်မဗစ်တိုးရီးယား အမည်နာမအားဖြင့် (In the name of Queen Victoria) ပေးအပ်ရန်

ဥရုမြစ်ကြောင်းအတိုင်းဆန်တက် လာခဲ့ပါတယ်။ကံဆီးဒူဝါနှင့် ဒူဂျန်ရှဒန်ဂျာတောင်(ဇနီး)တို့အား တော်ဝင်ရွှေထီးနှင့်တကွ ကံဆီးနယ်ရဲ့ ဒူဝါအရာကို နှင်းအပ်ခဲ့ပါ သည်။ကံဆီးဒူဝါတို့ရဲ့ ဆင်စွယ်နက် ရတနာအကြောင်း ဒူဝါကံဆီးဆင်ဝါးနောင် လက်ထက် (1923) ခုနှစ်တွင်

လမာဘွမ်တောင် (Lama Bum or Lama Hill) မှမုဆိုးသုံးဦး တောလည်ရင်း အလျား (၆)ပေ (၇)လက်မခန့်/အချင်း (သို့) အထူ (၁) လက်မကျော်ခန့် ရှိသော ဆင်စွယ်နက်တစ်စုံကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

ထိုကြောင့် မုဆိုးတို့က ယင်းဆင်စွယ်နက်ကို လမာဘွမ်တောင်မှ ကံဆီးဒူဝါတို့နန်းစိုက်ရာတောမှော်သို့သယ်ဆောင်လာပြီးဒူဝါကံဆီးဆင်ဝါးနောင် ထံ ဆက်သခဲ့လေသည်။ကံဆီးဒူဝါမှ မုဆိုးတို့အား ဆင်စွယ်တစ်ခုလျှင် ငွေ 600ရူပီး (600 Rupees) ကျစီ ဆင်စွယ်တစ်စုံအတွက် ချီးမြှင့်လေသည်။

ထိုနောက် လုံးခင်း (လုံခန် / Lung Hkang) ရှိ ကံဆီးဒူဝါအိမ်တော်သို မြင်းများနှင့် ကနဦး သယ်ဆောင်စေရာ မရနိုင်သဖြင့် လူအထမ်းသမားများနှင့် သယ်ဆောင်စေခဲ့ရလေသည်။

ယင်းဆင်စွယ်နက်၏ ထူးခြားချက်မှာ ဆင်စွယ်နက်ကို စတင်တွေ့ရှိစဉ် ကဆင်စွယ်နက်တွင်အနက်ရောင်အစက်အပြောက်များသာရှိသော်လည်း နောက်ပိုင်းတွင် လုံးဝအနက်ရောင် ပြောင်းသွားလေသည်။

ထိုပြင် ဆင်စွယ်နက်ကို တစ်ခုနှင့်တစ်ခု (၄)ပေ အကွာတွင် ထားသောအခါ တစ်ခုနှင့်တစ်ခု နီးကပ်သွားပြီး အဖျားချင်း အပ်သွားကြောင်း သိရှိရသည်။၁၉၅၃ ခုနှစ်/မတ်လတွင် ဝန်ကြီးချုပ်ဦးနုသည် ဆင်စွယ်နက်ကို အများပြည်သူ တောင်းဆိုချက်အရ

ကံဆီးဒူဝါထံမှ ငှားရမ်းပြီး ရန်ကုန်မြို့သို့ သယ်ဆောင်ကာ အများပြည်သူသို့ ပြသခဲ့ပါသည်။ထိုသို့ပြသပြီး သုံးနှစ်အကြာ ၁၉၅၆ ခုနှစ်တွင် ကံဆီးဒူဝါနော်အောင် (နိုင်ငံတော်မှ ဝဏ္ဏကျော်ထင် ဘွဲ့ ချီးမြှင့်ခြင်းခံရသူ) ရဲ့ထိမ်းသိမ်းမှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

( ပြန်လည်ဖြည့်စွက် ဖော်ပြချက် ကံဆီးဒူဝါတို့ ဟော်နန်းသည် ဒုတိယ ကမ္ဘာစစ်အတွင်း ပျက်စီးသွားခဲ့ပြီး ယနေ့အချိန်တွင် ဟော်နန်းကို ကာရံထားသော နန်ရိုးတံတိုင်းတို့သာအထင်အရှား ရှိတော့ကြောင်း သိရှိရသည်။

ကံဆီးဒူဝါတို့ရဲ့ဆင်စွယ်နက်ကဲ့သို့ ရှားပါးသောဆင်စွယ်နက်တစ်စုံ England နိုင်ငံတွင်းလည်း ရှိကြောင်းသိရှိရသည်။1938 ခုနစ်တွင် စစ်ကိုင်းမင်းကြီးရောက်လာပြီးကံဆီးဒူဝါတို့ရဲ့ ဆင်စွယ်နက်ကိုဓါတ်ပုံရိုက်ယူကာကံဆီးဒူဝါတို့ရဲ့ဆင်စွယ်နက်က Englandမှာရှိသော

ဆင်စွယ်နက်ထက် ပို၍ကြီးကြောင်း ပြောကြားခဲ့ပါသည် ။ယနေ့အချိန်တွင် ဆင်စွယ်နက်ရတနာရဲ့ သတင်းအစအန ပျောက်ဆုံးနေပြီး အချို့က KIO\KIA တို့ ထိမ်းသိမ်းထားသည်ဟု ယုံကြည်နေကြပါသည်။ )

crd

Leave a Reply

Your email address will not be published.