ပိုးဟပ်တွေမလာအောင် ရိုးရှင်းလွယ်ကူ တကယ်ထိရောက်တဲ့ ပိုးဟပ်ရှင်းနည်းဆယ်မျိုး

အိမ်တွေရဲ့ အိပ်ခန်းထဲ၊ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲမှာ ကိုယ့်ရှေ့ပြေးလွှားနေတဲ့ ပိုးဟပ်တွေ မြင်ရင် ရွံတတ်ကြသလို အချို့ကလည်း ကြောက်ကြပါတယ်။ပိုးဟပ်ချေးအနံ့ဟာ ဆိုးဝါးလှပြီး နေရာတကာ တွေ့နိုင်ပါတယ်။

ပိုးဟပ်တွေဟာ ရောဂါပိုးတွေနဲ့ဗက်တီးရီးယားတွေကို သယ်ဆောင်ဖြန့်ချိနိုင်သလို လူတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုလည်းဓာတ်မတည့်တာတွေဖြစ်စေနိုင်တဲ့အတွက်အိမ်မှာရှိတဲ့ပိုးဟပ်ပြေးအောင်လုပ်နည်းလေးတွေကိုအခုလိုပဲဖော်ပြပေးလိုက်ပါတယ်။

စိတ်ပျက်စရာကောင်းလှတဲ့ ပိုးဟပ်ရန်ကနေ ကင်းဝေးအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့-

(၁)သခွားသီးကိုလှီးထားပြီး ပိုးဟပ်တွေလှုပ်ရှားမှုများတဲ့ နေရာထောင့်တွေမှာချထားလိုက်ပါ။ သခွားသီးက ထွက်တဲ့ အနံ့တစ်မျိုးကို ပိုးဟပ်တွေမကြိုက်ပါဘူး။ရိုးရှင်းပြီးလွယ်ကူတဲ့နည်းပါ။ လူတွေနဲ့ ပိုးဟပ်ကြားမှာ တံတိုင်းအဖြစ်ကာကွယ်ပေးပါတယ်။စမ်းကြည့်ကြပါစို့။

(၂)နောက်တစ်နည်းကတော့ တမာဆီအနည်းငယ်နဲ့ ရေတစ်ခွက်ရောပါ။အနံ့မရှိသလောက်နည်းတဲ့ ဆပ်ပြာရည်နည်းနည်းထည့်ပါ။ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေကိုဖြန်းထားပေးပါ။သူကတော့ အနံ့ အနည်းငယ် ရှိပါတယ်။တမာဆီကတော့ပရဆေးဆိုင်တွေနဲ့ဆေးဆိုင်တွေမှာမေးဝယ်လို့ရပါတယ်။

(၃)ဘောရက်ပေါင်ဒါမှုန့်နဲ့ သကြား–ဘောရက်မှုန့်သုံးဆနဲ့သကြားတစ်ဆရောပြီး ပိုးဟပ်တွေရှိတဲ့နေရာမှာပုံထားလိုက်ရင် မနက်မိုးလင်းတဲ့အခါ ပိုးဟပ်တွေသေနေတာတွေ့ရမှာပါ။အိမ်မှာကလေးနဲ့ အိမ်မွေးတိရစ္ဆာန်ရှိရင်တော့ဒီနည်းသုံးဖို့ မသင့်တော်ပါဘူး။

(၄)တောရှောက်ခါးဆီ–ပိုးဟပ်ပြေးစေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး တောရှောက်ခါးဆီနဲ့ရေအနည်းငယ်ရောပြီး ဖျန်းလိုက်တာနဲ့ပိုးဟပ်တွေပြေးမှာသေချာပါ တယ်။

(၅)တောနှံပင်–တောနှံရွက်လတ် လတ်ဆတ်ဆတ်ကိုခူးပြီး အိတ်တစ်ခုထဲထည့်ကာ ပိုးဟပ်ရှိတဲ့နေရာမှာချထားပေးပါ။ အရွက်တွေလဲလဲပေးပြီးချထားရင် ပိုးဟပ်တွေ မလာတော့ဘူးလို့ဆိုပါတယ်။

(၆)ကော်ဖီမှုန့်–ကရားတစ်ခုထဲကို ရေအပြည့်ထည့်ပါ။စက္ကူခွက်တစ် ခုထဲမှာ ကော်ဖီမှုန့်ထည့်ပြီး ရေက ရားထဲမှာထည့်ထားပါ။ကော်ဖီနံ့ကပိုးဟပ်တွေကိုဆွဲဆောင်ပြီးကော်ဖီရှိရာကိုလာကြတဲ့အခါရေ ကရားထဲကျစေတဲ့နည်းနဲ့ဖမ်းနိုင်ပါတယ်။

(၇)ဆွမ်းမွှေးရွက်–ပိုးဟပ်တွေရှိတဲ့နေရာတွေမှာဆွမ်းမွှေးရွက်ချထားရင်လည်း ပိုးဟပ်တွေပြေးတယ်လို့သိရပါတယ်။

(၈)အဝတ်မွှေးရနံ့ဆီ–ရနံ့ဆီနဲ့ ရေအနည်းငယ်ရောပြီး ဖျန်းရင်လည်း ပိုးဟပ်တွေပြေးတယ်လို့ဆိုပါတယ်။

(၉)အစားအသောက်များသေချာသိမ်းဆည်းခြင်း–ပိုးဟပ်တွေဟာရေနဲ့အစားအစာမရှိရင် အသက် မရှိင်နိုင်တာမို့ အစားအသောက်တွေကို အပြင်မှာဘာတစ်ခုမှချန်မထားဘဲသိမ်းဆည်းတာမျိုး၊ဆန်ခါအုပ်၊ အဝတ်အုပ်၊အဖုံးအုပ်ပြီးကာကွယ်တာမျိုး၊အမှိုက် ပုံးတွေကိုလည်းလုံအောင်ပိတ် တာမျိုးလုပ်ရင် အစားအစာမရှိ တော့တဲ့အတွက်သူ့အလိုလို နည်း သွားမှာပါ။

(၁၀)အိမ်သန့်ရှင်းရေးပုံမှန်လုပ်ခြင်း-အိမ်မှာရှိတဲ့အခန်းတွေ အကုန်လုံးကို ပုံမှန်သန့်ရှင်းရေးလုပ် တာမျိုး၊ သပ်သပ်ရပ်ရပ်ထားတာမျိုး၊အထူးသဖြင့် မီးဖိုဆောင်မှာရှုပ်ပွနေတာမျိုး မဖြစ်စေဘဲသန့် ပြန့်နေအောင်ထားရင် ပိုးဟပ်ကိုမြင်ရမှာတောင်မဟုတ်ပါဘူး။

Credit

Leave a Reply

Your email address will not be published.