သိကိုသိထားရမယ့်မြန်မာပြည်နှင့်အချိုမှုန့်စားသုံးခြင်းအန္တရာယ်

မြန်မာပြည်မှာအချိုမှုန့်ကိုအလွန်စားသုံးကြပါတယ်။အရင်ကဆားမပါတဲ့ဟင်းကမကောင်းဘူးဆိုတဲ့စကားကအခုဆိုရင်အ ချိုမှုန့်မပါတဲ့ဟင်းကမပြည့်စုံဘူးလို့ပြင်ရမလိုဖြစ်နေတယ်အချိုမှုန့်အရမ်းစားကြလို့ကလေးတွေမှာဉာဏ်ရည်ချို့တဲ့၊

ကျဆင်းတာအပြင်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းတာ၊အသက်ရွယ်ကျဆင်းလာတာ၊အမျိုးသမီးတွေဆိုရင်ရင်သားကင်ဆာဖြစ်နှုန်း၊

အသက်ကြီးတဲ့လူတွေဆိုရင်အရိုးပွတာတွေကိုသိသိသာဘသာမြင့်တက်လာတာတွေ့ရပါတယ်။အချိုမှုန့်ဆိုတာဘာလဲအချိုမှုန့်ဆိုသည်မှာဓာတုဗေဒနာမည်အားဖြင့်Mono sod ium glutamate(MSG)ဟုခေါ်သည့်ဒြပ်ပေါင်းတစ်ခုဖြစ်သည်

Glutamic Acidလို့ခေါ်သောAmino Acid တစ်မျိုးပါဝင်ပြီးစားစရာထဲထည့်လိုက်လျှင်Free Glumateတွေအဖြစ်ကိုပြောင်းလဲသွားကာအစားအသောကများ၏အရသာကိုဓာတုနည်းနှင့်လျှာပေါ်တွင်ဆပွားတိုးပေးလိုက်ခြင်းဖြစ်ပါတယ်။

အချိုမှုန့်စားရင်ဘာတွေဖြစ်နိုင်လဲဆီးချိုမဖြစ်အောင်ထိန်းသိမ်းပေးသောအင်ဆူလင်ဟော်မုန်းInsulin၏လုပ်ငန်းဆောင်တာတွအနှောင့်အယှက်တစ်ရပ်ဖြစ်၍ဆီးချိုဖြစ်စေရန်

ကောင်းကောင်းအထောက်အကူပြုပါသည်အစာအလွန်အကျွံစားချင်စိတ်ကိုတိုးပွားဖြစ်ပေါ်စေသလို၊အဝလွန်ခြင်းကိုတားဆီးပေးသောဟော်မုန်းများကိုပါပိတ်ဆို့လို့အဝလွန်ခြင်းကိုဖြစ်စေသည်အဝလွန်ခြင်းဖြစ်လာလျှင်သွေးတိုး၊

ဆီးချို၊နှလုံးသွေးကြောပိတ်စသည့်ရောဂါများပါရလာနိုင်သည်ဦးနှောက်ဆဲလ်များကိုမြန်မြန်ပျက်စီးယိုယွင်းစေပါသည်။

မှတ်ဉာဏ်ကိုအရွယ်မတိုင်ခင်ပျောက်ဆုံး
စေပြီးမေ့တတ်သောရောဂါများဖြစ်စေရန်အလားအလာအရမ်များစေပါသည်။အချိုမှုန့်ကိုမွေးကင်းစကတည်းကနေစပြီးစားသောကလေးများမှာဉာဏ်ရည်ပိုင်းယုတ်လျော့မှုရှိတာကိုတွေ့ရှိရပါသည်။

ဂျာမနီနိုင်ငံတွင်အချိုမှုန့်သုံးစွဲမှုကို
လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့အမျိုးသားအဆင့်ကြေငြာချက်များ၊ဥပဒေများထုတ်ခဲ့ရဖူးပါသည်အချိုမှုန့်စားသောကိုယ်ဝန်ဆောင်များမှမွေးလာသည့်ကလေးများသည်အင်ဆူလင်ဟော်မုန်းစွမ်းရည်ကျဆင်း၍မတိုးတော့ခြင်းInsulin-resistant)မွေးရာပါဖြစ်လာခြင်းတွေ့ရပါသည်။

ထို့ကြောင့်ထိုကလေးများသည်ကြီးလာလျှင်ဆီးချိုဖြစ်ရန် သေချာသလောက်ဖြစ်ပါသည်။ထိုအချက်သည်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဆီးချိုဖြစ်ပွားနှုန်းမြင့်မားနေသောအချက်များထဲမှတစ်ခုအပါအဝင်ဖြစ်သည်။

အချိုမှုန့်စားသောကိုယ်ဝန်ဆောင်
မိခင်များမှမွေးလာသောကလေးများ၏medulla oblo ngata, thalamus,or hypothalamusဆိုသည့်ဦးနှောက်အစိတ်အပိုင်းများတွင်ရှိသောအာရုံကြောဆဲလ်များကိုပျက်စီးစေပါသည်။

မျိုးပွားစွမ်းရည်ကျဆင်းခြင်း၊သားသ
မီးရနိုင်စွမ်းကျဆင်းခြင်းဖြစ်နိုင်ပါသည်ChineseResta urant Syndromeခေါ်တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါသည်ထိုရောဂါစုသည်အချိုမှုန့်လွန်ကဲစွာပါသောအစားအသောက်စားပြီးပြီးချင်းတွင်မျက်နှာ၊

လည်ပင်းနှင့်တစ်ကိုယ်လုံးတွင်အနီစက်များထွက်လာခြင်း၊ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊မျက်နှာတွင်တင်းကျပ်စွာခံစားရတတ်ခြင်း၊မေးလှုပ်ပါးစပ်ဖွင့်လေးခြင်း၊ဗိုက်အောင့်ခြင်း၊ခါးနာခြင်းများဖြစ်စေသည်။

အချိုမှုန့်နှင့်ဓာတ်မတည့်သည့်ရောဂါဖြစ်သည်။ပန်ကရိယခေါ်မုန့်ချိုအိတ်ရောင်ရောဂါအပါအဝင်ကိုယ်တွင်းကလီစာတစ်ခုခုယောင်ယမ်းတဲ့ရောဂါရှိနေသူတွေ၊သက်ကြီးရွယ်အိုတွေ၊စာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအထူးရှောင်ကြဉ်သင့်ပါသည်။

လူအများစုကဆားကအငန်အချိုမှုန့်ကအပေါ့ဆိုပြီးတလွဲမှတ်ယူထားကြပါတယ်။ဒီတော့ဆားထည့်လွန်လို့ငန်သွားရင်အချိုမှုန့်များများ ထပ်ထည့်ပါတယ်။

အမှန်ကဆားကSodium chlorideအချိုမှုန့်ကMonosodium glutamateဖြစ်လို့နှစ်ခုလုံးဆိုဒီယမ်(Sodium)ဆားဓာတ်ဖြစ်ကာနှစ်ခုပြိုင်စားသုံးရင်သွေးတွင်းဆိုဒီယမ်မြင့်တက်မှုအရမ်းများလာစေကာ သွေးတိုးရောဂါကိုဖြစ်စေပါတယ်။

ဒါကြောင့်သွေးတိုးရောဂါကာကွယ်လိုသူများနဲ့ရှိသူများဟာအချိုမှုန့်ကိုအထူရှောင်ကြဉ်သင့်ပါတယ်အချိုမှုန့်မစားမိအောင်ဘယ်လိုအကျင့်လုပ်မလဲနည်းနည်းလေးတောင်မစားသင့်တဲ့အတွက်လျော့ချသုံးခြင်းဖြင့်စတင်ပါအချိုမှုန့်ဟာအသားတွေရဲ့အရသာကိုသာမြှင့်တင်ပေးတာဖြစ်လို့အသီးအနှံတွေမှာလုံးဝမသုံးပါနဲ့။

ယေဘုယျလမ်းညွှန်(General Guideline)အရပြောရရင်အစာ းအေသာက္တစ္ကီလို(၂.၂ပေါင်)ကိုအချိုမှုန့်လက်ဖက်ရည်ဇွန်းနဲ့တစ်ဇွန်းထက်ပိုမသုံးပါနဲ့။ဒါဆိုရင်တော့အန္တရာယ်နည်းတယ်လို့သိရပါတယ်။

ရယ်ဒီမိတ်အစားအသောက်တွေအားလုံးနီးပါးမှာအချိုမှုန့်ပါပြီးသားဆိုတာသတိထားပါဘယ်တော့မှအချိုမှုန့်ထပ်မထည့်ပါနဲ့။ရယ်ဒီမိတ်စားစရာတွေ ဝယ်ရင်လေဘယ်လ်ပေါ်မှာပါတဲ့အချိုမှုန့်ပါဝင်မှုပမာဏကို ရှာဖွေပါ။

အဆင့်အတန်းရှိတဲ့အစားအသောက်တံဆိပ်တွေ
အားလုံးရဲ့ပါဝင်ဖက်ပစ္စည်းစာရင်းIngredient Listရဲ့ အောက်ဆုံးမှာအချိုမှုန့်တကယ်သုံးထားရင်သုံးထားကြောင်းပမာဏအတိအကျပါပါတယ်။

ရိုးရာဟင်းခတ်အမွှေးအကြိုင်တွေဥပမာပုစွန်ခြောက်၊ငါးပိစတာတွေကိုပြန်လည်အစားထိုးသုံးသင့်ပါပြီ။

ကျွန်တော်တို့ရဲ့ရှေးအစဉ်အဆက်ဘိုးဘွားများဟာထွားကျိုင်းသန်မာရောဂါကင်းခဲ့တာအချိုမှုန့်မစားခဲ့ကြတာလည်းပါပါတယ်လူအတွက်အကျိုးမပြုတဲ့အချိုမှုန့်ကိုရှောင်ဖို့လိုအပ်ကြောင်းဆန္ဒပြုရင်းမေတ္တာဖြင့်credit ဒေါက်တာ ကောင်းထက်

Leave a Reply

Your email address will not be published.