တစ်လလုံးမှ တစ်ရက်ပဲ ရွတ်ရမယ့် ငွေပြည့်ငွေလျှံ ဂါထာ

ဂါ ထာ တွေ မန္တန်တွေ ဆိုတာ ဟိုးရှေးခေတ် အခါတည်း က ရွိခဲ့တာပါ.တကယ့်ကို အစွမ်းထက်တဲ့ ဂါထာတွေကြောင့် ကောင်းကျိုးတွေ ရရှိခဲ့တာတွေရှိသလို ထူးခြားမှုတွေ ကြုံရတာလည်း ရှိပါတယ်

မိမိကိုယ်တိုင် ကလည်း ကုသိုလ်ကံကကောင်း ယုံကြည်စွာ ရွတ်ဖတ်ပူဇော်တဲ့ ဂါထာ ကလည်း အစွမ်းထက်ဆို မိမိအတွက် အလွန့်ကို အကျိုး သက်ရောက်စေတာပါ

ခုဖော်ပြမဲ့ ဂါထာလေး ကေတာ့ ငွေဝင်ငွေပြည့် ချမ်းသာစေတဲ့ ငွေဝင်ဂါထာလေး ပါပဲ. တစ္လလုံးမွာမွ တစ္ညပဲ ရွတ်ဆိုရတာပါ..
လတစ်လရဲ့ လပြည့် ညရောက်တိုင်း အောက်မှာ ဖော်ပြထားတဲ့ ငွေဝင်ဂါထာလေးကို ရွတ်ဖတ် ပူဇော်ပေးပါ.

.ပရိသတ်ကြီးတို့ အတွက် တကယ့်ကို ငွေဝင်ငွေလျှံစေမှာ ဖြစ်ပါတယ်ငွေဝင်ဂါထာ ဟု ကျော်ကြားသော ဒိဝါတပတိ ဂါထာတော် သဗ္ဗမင်္ဂလာ ဂါထာပါဠိတော်.
.
(၁) ဒိဝါတပတိအာဒိစေ္စာ၊ ရတ္တိမာဘာတိစန္ဒိမာ။သန္နဒေ္ဓါခတ္တိယောတပတိဈာယီတပတိ ဗြဟ္မဏော။ အထသဗ္ဗမဟောရတ္တိ ံဗုဒေ္ဓါတပတိတေဇသာ..

(၂) တာဒိသံတေဇသမ္ပန္နံ၊ဗုဒ္ဓံဝန္ဒာမိအာဒရံ။ နမက္ကာရာနုဘာဝေန ၊ သဗေ္ဗပူရေန္တုသင်္ကပ္ပါ..

ဂါထာတော် မြန်မာပြန် အနက်
(၁) နေမင်းသည် နေ့အခါ၌သာတောက်ပ၏။ လမင်းသည်ညဥ့်အခါ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တောက်ပ၏..။

ရဟန္တာသည် ဈာန်ဝင်စားနေမှသာတောက်ပ၏ ။ မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏..။

(၂)ထိုသို့နေရော ညဥ့်ပါ ဘယ်ခါမလပ်တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။

ဤသိုရှိခိုးပူဇော်ရသောအကျိုးအားကြောင့် အလုံးစုံကုန်သောလောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျင်လျင်မြန်မြန် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရားလို့ရွတ်ဆိုပြီး

ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက်ရည်ရွယ်ပါသည်ဖတ်တတ်သူများကကျော်သွားပေးပါ..။
မြန်မာအသံထွက်

(၁) ဒိဝါတပတိအာဒိတ်စော ရတ္တိမာဘာတိစန္ဒိမာ သန်နတ်ဒေါခတ်တိယော တပတိဈာယီတပတိ ဗြင်မဏောအထသပ်ဗ မဟောရတ်တိန်ဗုဒ်ဓေါတပတိ တေဇသာ.
.
(၂) တာဒိသံတေဇသံပန်နံ ဗုတ်ဓံဝန်ဒါမိ အာဒရံနမက္ကာရာ နုဘာဝေနသပ်ဗေပူရင်တုသင်ကပ်ပါ..။(ရကောက်အသံရွတ်လျှင် အင်္ဂလိပ်အသံထွက် R လိုလျှာလိပ်သံဖြင့်ထွက်ပါ။

ယပလက်အသံယတ်ဟုမထွက်ပဲရတ်ဟုပီပြင်အောင် ထွက်နိုင်ရန်ကကြိုးစားပါ..။ယံအသံမထွက်ပဲရံဟုပီးပြင်အောင် ကြိုးစားပါလေ)

ဘုရားရှင် ဟောကြားတော်မူခြင်း..
မြတ်စွာဘုရား သာဝတၳိပြည် ပုပ္ပာရုံကျောင်း မိဂါရမာတုပြဿ ဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည် ။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ တင့်တယ်မှုတို့ကို တွေ့မြင် နှစ်သက် ပီတိ ဖြစ်တော်မူသည် ။

ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာမင်းမြှောက်တန်ဆာဝတ်ဆင် လာပြီး ပန်းနံ့သာစွဲကိုင်လျှက်ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည် ။

ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် ဈာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို မြင်ရသဖြင့် နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည် ။

ထို့နောက် ဘုရားရှင်၏ အရောင်အဆင်းထွန်းလင်းတောက်ပခြင်းမှာ အထက်ပါနေမင်း လမင်း ရှင်ဘုရင် ရဟန္တာတို့ထက်သာလွန် လွှမ်းမိုးထူးကဲကြောင်းတွေ့ရသဖြင့် ဘုရားရှင်အားလျှောက်ထားရာ

ဘုရားရှင်ကဒိဝါတပတိအစချီသော ဤဂါထာတော်ကိုဟောကြားတော်မူလေသည် ။

(၂) ဂါထာတော်မှာနှောင်းပညာရှိ သူတော်ကောင်းသူမြတ်လောင်းတို့မှ ရွတ်ဖတ် ပူဇော်သူအမျိုးကောင်းသား အမျိုးကောင်းသမီးသူတော်ကောင်းတို့ အကျိုးပေး ထက်သန်စေရန် ရည်သန်လျှက်ရှိခိုး ဆုတောင်းဂါထာကို ထည့်သွင်းလျှက်ရွတ်ဖတ်ပူဇော်စေရာ မွ

ဒုတိယ (၂) ဂါထာဟာ ပါဝင်လာခြင်း ဖြစ်ပေသည် ။ပရိသတ်ကြီးတို့အတွက်အကျိုးရှိစေမဲ့ ဂါထာလေး မို့ခုလို ပြန်လည်ဝေမျှလိုက်ပါတယ်အားလုံးချမ်းသာကြပါစေ

credit

Leave a Reply

Your email address will not be published.