ဒီနေ့တော့ ကွမ်းယာစားတဲ့ အမျိုးတွေအတွက် ဆေးနည်းလေးတစ်လက် ပြောပြချင်ပါတယ်။
ကွမ်းယာ အစားများပြီး ကွမ်းဂျိုးတက်နေပါက အောက်ပါအတိုင်း ပြုလုပ်ပါ။
ဖရဲသီးမှ အဖြူသားအနည်းငယ်ကို ယူပါ။
ရေ ( ရေနွေးကြမ်းခွက်) တစ်ခွက်နှင့်အတူ ဆူပွက်အောင် ပြုတ်လိုက်ပါ။
ထိုရေကို အနည်းငယ် အအေးထားပြီး သောက်ပါ။
ခန္ဓာကိုယ်အတွင်းရှိ ကွမ်းဂျိုးများ ဆီးနှင့်အတူ ပါလာပါလိမ့်မည်။ (တစ်ပတ်. နှစ်ကြိမ်ခန့် )
ထိုရေကို ( ၁၀ ) မိနစ်ခန့် ငုံထားပြီး သွားတိုက်ပါက သွားများရှိ ကွမ်းဂျိုးများ ပျောက်သွားပါလိမ့်မည်။
တစ်ပတ်လောက် ထိုကဲ့သို့ အသုံးပြုကြည့်ပါ။ (တစ်ပတ် နှစ်ကြိမ်ခန့်)
ကွမ်းစားတဲ့သူတွေအတွက်တော့ တကယ်ကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်နော်။
ကွမ်းဂျိုးတွေကို ဖယ်ရှားနိုင်ပါတယ်။
ဖရဲသီး အပေါ်ယံက အဖြူသားတွေကို ကွမ်းတစ်ယာ စားတာလောက် ကြာအောင် ဝါးပြီး ငုံထားလိုက်ပါ ပြီးရင် သွားတိုက်လိုက်ပါ။
အနည်းဆုံး( ၃ )ရက်မှ( ၇ )ရက်လောက်အထိ လုပ်ကြည့်ပါ။
သွားများမှာရှိတဲ့ ကွမ်းဂျိုးတွေကို လုံးဝ လုံးဝဖယ်ရှားသွားပါလိမ့်မယ်။
ကျွန်တော် လက်တွေ့ အသုံးပြုနေတာပါ။
ကိုယ်တွေ့ဆေးနည်း ပြောပြပေးတဲ့ အကိုရင်မောင်နှင့် ဆေးနည်းမျှဝေပေးသော ကိုနိုင်မိုးတို့အား ကျေးဇူးအထူးတင်ပါသည်။
မည်သူမဆို စိတ်ချမ်းသာစွာ ကူးယူ မျှဝေခြင်းများ ပြုနိုင်ပါတယ်။
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့ ။ခရက်ဒစ်