မိန်းကလေးများအိမ်ထောင်ဖက်ရွေးနည်း

Posted by

အရွယ်ရောက်လာတဲ့ မိန်းကလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ၊တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရွိတဲ့ အမျိုးသမီးတွေမှာခ်စ္စကား ကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့်ပန် လာတာတွေ ရှိပါလိမ့်မယ်။

ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့နောက်ဆုံး တကယ် ခ်စ္တာမွ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ္စိတ္က ပေါ်လာစမြဲပေါ့ ။

အဆင့် ( ၁ )
ကိုယ့်ကို ခ်စ္စကား လာပြောတဲ့ သူရဲ့ နာမည် အပြည့်အစုံ ကို ဗေဒင် သချၤာဂဏန်းတွေ အဖြစ် ပြောင်းပါ။ အက္ခရာ နဲ့ သချၤာဂဏန်း တွဲပြ ထားပါတယ်ဗျည်း ကိုသာယူပါတယ်။
အမည် ဗျည်းအက္ခရာ ဗေဒင် သချၤာ ဂဏန်း
အ ၊ ဥ ၊ သြ ~ ၁က ၊ ခ ၊ ဂ ၊ ဃ ၊ င ~ ၂စ ၊ ဆ ၊ ဇ ၊ စ် ၊ ည ~ ၃ယ ၊ ရ ၊ လ ၊ ၀ ~ ၄ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ~ ၅သ ၊ ဟ ~ ၆ထ ၊ တ ၊ ဒ ၊ ဓ ၊ န ~ ၇

ဥပမာ
ကိုအောင်ကျော်ဌေး ဆိုပါတော့
ရှေ့က ( မောင် ၊ ကို ၊ ဦး ) အစ ရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး
အ +က+ ဌ = ၁ + ၂+ ၇ =၁၀
ဒီသေဘာပါပဲ
တခြားအမည်တွေလဲ ဒီသေဘာပါပဲ။

အဆင့် ( ၂ )
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ကိုယ့်ရဲ့ မွေးနံ သချၤာဂဏန်း နဲ့ပေါင်းထား ပါ။
မွေးနေ့ မွေးနံသချၤာ ဂဏန်း
တနင်္ဂနွေ ~ ၁တနင်္လာ ~ ၂အင်္ဂါ ~ ၃ဗုဒဟူး ~

၄ကြာသပတေး ~ ၅သောကြာ ~ ၆စေန ~ ၇
ဥပမာ
မိမိရဲ့ အသက္က (၂၅) နှစ်ထဲရောက်နေရင်ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်။မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူအသက်=၂၅
ချစ်ရေးဆိုခံရသူ ၏မွေးနေ့ သချၤာ နံ =ကြာသပတေး = ၅ အသက် + မွေးနံသချၤာ= ၂၅+၅=၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့အသက် မွေးနံသချၤာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်။
အဆင့် ၁ ရလဒ်= ၁၀ အဆင့် ၂ ရလဒ်= ၃၀ ၂ ခုပေါင်း =၁၀+၃၀=၄၀ ၄၀ ကို ၇ နဲ့စားပါအကြွင်းက ၅ ပါ..။ အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။
ကိုယ့်ကို ခ်စ္စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင်သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်။ နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး အဖြေကို ဖတ်ကြည့်ပါ။

အကြွင်း ၁
သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။ တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ္တေလာ သူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာမိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ခ်စ္သူ(ဘ)နဲ့ တြဲသြားတြဲလာ အဖော်အနေနဲ့ တော့ကောင်းပါတယ်။ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို သတိရပါ။

အကြွွှင်း ၂
ရခဲ့ရင်တော့ ဟန္က်တာပဲ။ သူ့အချစ်က တကယ့်ကိုစံတင်လောက်တယ်။ သူတကယ်ကို့ကိုချစ်နေတာ။ သနားဖို့ကောင်း ပါတယ်။သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သေဘာက လက်ခံလောက်တဲ့ အေနအထား အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူက တကယ်လက်ထပ်မှာလို့ပဲပြောတာ။ ကိုယ္က မစဉ်းစားသေးဘူးဆိုလည်းသူက နောက်ဆုတ်သွားမှာပါ။ အနှောက်အယှက်မပေးပါဘူး။

အကြွင်း ၃
ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီ ထင်ရဲ့ ကြ်န္မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့။ မျက်နှာများတဲ့သူပဲ။ ကိုယ္ကို သဘောကျတွဲချင်တာ ပဲ ရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့အနေအထားတော့ မဟုတ်ဘူးနော်။ လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင် မသိ။ ကိုယ္က လက်ခံမိရင် ကိုယ့်အပြင် သူနောက်ထပ်တယောက်တွဲနေတာတို့ ပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့ လုပ်ဦးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်။ မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။

အကြွင်း ၄
တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကိုယ့်ကိုမြတ်နိုးနေတာမှ သဲသဲ လှုပ်ပဲ။ ကိုယ့်အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ္သက္တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင် တော်တော်အရှိန်ယူ ရပုံပဲ။ ကိုယ် ့အပေါ် သူ တတ်အား သလောက် တင့်တင့်တယ်တယ် ထားမွာ အမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့ တကယ် ကောင်းတဲ့သူပေါ့။သူ့၀န်းကျင်၊ အသိုင်းအ၀န်း၊ သူ့ အနေအထားတွေကို မိန်းကလေး ပီပီ ထည့်တွက်ပေး မယ်။ အချစ်ဘက် ကေတာ့ အမှတ်ပြည့် တကယ် ပေးထားတယ်။ ကိုယ့် သေဘာ ကိုယ့် အလို တကယ် လိုက်ပြီး ကိုယ့် မျက်နှာ အညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ. လက်ခံလို့ရတယ်။ သူဘက်ကလက်ထပ်ဖို့သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့။

အကြွင်း ၅
သူ ကိုယ်တိုင်တောင် ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတေလ ကိုယ့်ကို ချစ်လိုက်တစ်ခါတလေ ကိုယ့်ကို မေ့ထားလိုက် လုပ်မှာပါ။ ရည်းစားစကား ပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူ မပြောသလိုလို။ တခါလောက် ပြောပြီး ကိုယ်က မူပြီး အချိန် ဆွဲထားရင် ကြားထဲမှာ ထပ် အဖြေ တောင်းတော့မှာ မဟုတ္ဘူး။ သူက တကယ္ခ်စ္တတ္သူမွ ဟုတ်ရဲ့လား။သူ့ရင်ထဲမှာ အသည်းနုလုံးရော ရှိရဲ့လား ဆိုတာကို လေ့လာ။ သူ့စိတ် သူ့ပါတ်၀န်းကျင် နဲ့ကိုယ် အဆင်ပြေပါ့မလား။ တွေးကြည့်ပေါ့။ ငြင်းစရာ မရွိ လောက်အောင် ပြည့်စုံလို့ လက်ခံမယ် ။ ကိုယ် က ချစ်သာနေပြီး မဆွတ်ခင်က ညွတ်ချင်ချင် ဖြစ်ပြီး သူလာပြောတာ နဲ့ အဖြေ ပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေး ယူပါဦး။

အကြွင်း ၆
တကယ် ကောင်းတဲ့သူ ဆိုတာ သတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန်တည်ငြိမ်ပါတယ်။ ကိုယ်မွ တပါး နောက်တယောက် ထားမွာ မဟုတ္ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက် ရှုပ်ရှုပ်ကိုယ်နဲ့ က်မွ တည်တည်ငြိမ်ငြိမ် ဖြစ်လာတဲ့ အချစ်စစ်။ အသက် အေနအထား ဖြတ်သန်းရတဲ့၀န်းကျင်တွေ ကြားထဲမှာ ပေါက်ဖွား တကယ် လက်ထပ် သင့်တဲ့ သူပေါ့။ သူက သိပ် ချစ်တတ်တဲ့ သူ။ ကိုယ့် အလို တကယ် လိုက်မှာ။ ရေရှည် တည်မြဲ ပါတယ်။ ကိုယ့် မိဘ ကိုယ့် အသိုင်းအ၀ိုင်းသူ့မိဘ သူ့ အသိုင်းအ၀ိုင်း သာစပ်ဟပ် လို့ရရင်တော့ ကောင်းပြီသာ အောက်မေ့ပေတော့။

အကြွင်း ၀
မဟန်ပါဘူး ။ ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ ကိုယ့်ပါ ဆွဲသွင်းနေတာ။သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကား နဲ့ပြောတာ မှတ်မိသေးတယ်ဒူးနဲ့မျက်ရည် သုတ်နေရမယ်။ သူ့ ခ်စ္စကားကလဲ မဟန် ချစ်ရေးဆိုပုံ ကလည်း တစ်မျိုး နှင့်မလည်မ၀ယ် မိန်းကလေးများ ဆိုရင်တော့တာ။ ပညာပါပါ နဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲ မကောင်း မယူမိရင်လဲ နောက်လိုက် နောင့်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။

ဒီနည်းက ချစ်ရေးဆိုချိန် ကို အဓိကထားပြီးပြန် အဖြေ မပေးခင် ချိန်ဆနိုင်အောင်ပေးထားတာပါ။ ခ်စ္သူ ရှိပြီးသား လူတွေနဲ့ပတ်သက်ပြီးတွက်ကြည့် ချင်ရင် တစ္ဖက္လူ ကိုယ့်ကိုခ်စ္စကား ပြောခဲ့တဲ့ အသက် နဲ့ချိန်ပြီးတွက်ပါ။
ရည်းစား မရှိသေးသူတွေ ကလည်း ဘယ်အသက် မွာ ဘယ်နာမည်မျိုး နဲ့ လူက အချစ်စစ် ကမ်းလှမ်း လာမယ် ဆိုတာ ဉာဏ်ကစားပြီး တွက်ကြည့်ပေါ့နော်။
credit