အိမ်နားမှာခိုစာကျွေးတဲ့ နေရာရှိတာတို့ဝရံတာမှာခိုအသိုက်လာဆောက်တာတို့ဆို သတိသာထားပေတော့

ခိုသန်းနှင့် နောက်ဆက်တွဲများ (အိမ်နားမှာခိုစာကျွေးတဲ့ နေရာရှိသူတွေအတွက်)

အိမ်မှာ ရေချိုးပြီးရင်ယားပြီ..အိပ်ဖို့ကုတင်ပေါ်မှာခဏလေးလှဲလိုက်တာနဲ့အသားကုန်ယားလို့တရားခံရှာတာခိုသန်းတွေသွားတွေ့တယ်ဗျာ။

အဲ့ကောင်တွေကိုရှင်းတာ ခြင်ဆေးတွေလည်းတံဆိပ်စုံနေပြီ ဖြန်းတာဖြန်းတုန်းခဏပဲပြီးရင် ပြန်ယားပြီ..

နောက်ဆုံးအပြင်းစားပိုးသတ်ဆေးတစ်မျိုးပဲဖြန်းဖို့ကျန်တော့တယ်.အဲ့ဆေးလည်းမဖြန်းချင်လို့ဂူဂဲမှာ စာဝင်ဖတ်ကြည့်တာ

အဲ့ကောင်တွေကအယ်လ်ကိုဟောတိုအီသနောတို့တောင်၇၅ရာခိုင်နှုန်း ပြင်းအားရှိမှသေတယ်တဲ့..

ဒီနေ့တော့အဲ့ကောင်တွေကိုဘယ်လိုမှသည်းမခံနိုင်တော့လို့မီသိုင်းအီသနော၉၉ရာခိုင်နှုန်းကိုရမွှေးအဆီနည်းနည်းရောပြီး ဖြန်းချလိုက်တာ

အဲ့ကောင်တွေထိတာနဲ့ရှောပဲ။ခိုသန်းတွေခုန်တာဘယ်လောက်ဝေးဝေးရောက်လည်းဆိုရင် မွေ့ယာကိုနံရံနဲ့တစ်ပေကျော်ခွာပြီး ထောင်ထားတာတောင်

မွေ့ယာကနေ နံရံကိုရောက်အောင်ခုန်တယ်၊ ခွေးပေါ်လည်းခုန်တက်ပြီးအပြီကိုက်တာဆိုတာ..ခိုသန်းထူးခြားချက်ကမျက်စိနဲ့ သေချာကြည့်မှ မြင်ရတယ်..အကောင်အရမ်းသေးတယ်..

အရောင်ကအဖြူရောင်လေးအဲ့ကောင်လူကိုကိုက်ထားပြီးရင်ဘယ်လောက်မြဲလည်းဆို Hand Spray တွေ Hand Gel တွေနဲ့လက်ကိုအသားကုန်ပွတ်လည်းမကွာဘူး..

ဆပ်ပြာနဲ့ ရေချိုးချတောင်မကွာကျဘူး.အဲ့ကောင်ကွာကျချင်ရင်ကိုက်ထားလို့အဖုထွက်နေတဲ့နေရာကိုကာလမိုင်းတို့မက်ဇင်ကယ် တို့နဲ့ပွတ်ချမှကွာကျတယ် ရေလည်ကြောက်ဖို့ကောင်းတယ်။

အိမ်နားမှာခိုစာကျွေးတဲ့ နေရာရှိတာတို့ဝရံတာမှာခိုအသိုက်လာဆောက်တာတို့ဆိုသတိသာထားပေတော့..ခိုတွေမှာသန်းရှိပါတယ်..

အဲ့သန်း‌တွေကအကိုက်ခံရပြီဆိုမခံနိုင်အောင်ယားပါတယ်။ရုတ်တရက်ကြည့်ရင်ပုရွတ်ဆိတ်ကိုက်သလိုလိုဓာတ်မတည့်ရင်ဖြစ်သလိုလို အရေပြားမှာအနီစက်တွေအဖုတွေထွက်လာတယ်.

အဲ့လိုဖြစ်ပြီဆိုအိမ်မှာကလေးရှိရင် ကလေးတွေအိမ်အပြင် ခဏထွက်ခိုင်းပြီးအယ်လ်ကိုဟော၉၉ရာခိုင်နှုန်းကိုစပရေးဗူးထဲထည့်ပြီးတစ်အိမ်လုံးဗျင်းပေတော့..

အဲ့ကောင်တွေကအရမ်းလည်တယ်..ခုန်တာအရမ်းမြန်တယ်..မျက်စိနဲ့မြင်ဖို့မလွယ်ဘူး.သူ့အရေခွံကအရမ်းထူတယ်.မာလည်းမာတယ်.. တော်ရုံဆေးနဲ့ ဖြန်းလည်းမသေဘူး။

ခိုသန်းမြင်ဘူးတယ် ရှိအောင်ပြမယ် သေချာကြည့်ကြပါ…။

credit

Leave a Reply

Your email address will not be published.