မိမိကလေးရိုင်းရသည့်အကြောင်းရင်း(၆)ချက်

၁-သူ့ပတ်ဝန်းကျင်ကမိဘ၊အဖိုးအဖွား၊မောင်နှမ၊သူငယ်ချင်း၊ ဆရာမတို့ရိုင်းလို့။ကျနော့အိမ်ရှေ့မှမိဘ၊အမတွေသည်က လေးငယ်အားအသားကုန်အော်သည်။

အိမ်ဖော်ကအစ ကလေယ်အားအော်သည်။ကလေးငယ်သည်၂ နှစ်၊၃နှစ်အရွယ်မှစ၍ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့်တစ်ခုခုကိုထုရိုက်တတ်သည်။

ဤတွင်မိဘတွေကပိုအော်လေသည်။ကလေးကပိုပိုဆိုးလာလေသတည်း။၂-သူတို့၏စိတ်ခံစားမှုကိုသူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။ကလေးသည်မွေးကတည်းကစငိုသည်။သူတို့ခံစားချက်ကိုမထိန်းသိမ်းတတ်ပေ။

ဒါကိုအုပ်ထိန်းသူကသိနားလည်ရမည်ကလေးနှင့်ပြိုင်မမိုက်သင့်၊ဒေါသအိုးမပေါက်ကွဲသင့်ပေ။၃-သူတို့၏စိတ်ခံစားမှုကိုစကားအဖြစ်ထုတ်မပြောနိုင်သေး၍ဖြစ်သည်။ကလေးငယ်လျှင်သူ့ခံစားမှုကိုထုတ်မပြောနိုင်ပေမိဘတွေသူ့ခံစားမှုသူအလိုမကျမှုသိအောင်ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

၄-ကလေးကကြောက်တတ်၊စိမ်းတတ်လျှင်လည်းဖြစ်သည်။ကလေးသည်လူစိမ်းနှင့်တွေ့လျှင်ရှက်
တတ်ကြောက်တတ်၍ရိုင်းသလိုဖြစ်တတ်သည်။၅-ကလေးကိုပစ်ပယ်ထားလျှင်လည်းရိုင်းလာသည်။အပစ်ပယ်ခံရသောကလေးသည်ရိုင်းလာလေ့ရှိသည်မှာဓမ္မတာပင်ဖြစ်သည်။

မိဘတွေအလုပ်များသည့်အခါ၊နောက်ကလေးအငယ်နှင်အလုပ်ရှုပ်နေသည့်အခါအကြီးလေးဆိုးလာတတ်မြဲဖြစ်သည်။၆-လိုက်လွန်းလျှင်လည်းကလေးရိုင်းစိုင်းတတ်သည်ကလေးရိုင်းတာကိုကလေးငယ်စဉ်ကတည်းကသတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘဆရာတို့သည်C4Cကိုလိုက်နာကျင့်သုံးသင့်သည်မိမိတည်ငြိမ်အောင်ဦးစွာထိန်းပါကလေးသည်မွေးကာစမှာအပြစ်ကင်းစင်
သည်ပြီးမှသူ့ပတ်ဝန်းကျင်မှအမူအကျင့်များကိုကော်ပီကူးခြင်းဖြ စ်သည်ဆိုတာကိုနားလည်ဖို့လိုသည်။

မိဘကဒေါသထွက်ကာအော်လျှင်သူပြန်အော်မည်။ပြန်မအော်ရဲပဲကြောက်သွားလျှင်လည်းလူကြောက်လေးဖြစ်သွားမည်။ကလေးကိုဒေါသထွက်လျှင်တည်ငြိမ်ရကြောင်းမိမိအမူအကျင့်ဖြင့်စံပြသင်ပြပါ။

ကလေးရိုင်းနေသောင်းကျန်းနေလျှင်ကလေးဆီမှအဝေးသို့ခဏရှောင်၍၁မှ၁၀-၁၀၀အထိရေပ2.Correctကလေးအားပြုပြင်ပါပြီးလျှင်ကလေးကိုမျက် နှာတည့်တည့်ကြည့်ပါမိမိတို့မိသားစုထဲတွင်ဒီလိုမပြောဆိုကြောင်းဒီလိုမကြမ်းတမ်းကြောင်းမျက်နှာကြည့်၍တည်ငြိမ်စွာပြောပါ။

ကလေးသည်သင်သူ့အမူအရာလက်မခံကြောင်း
သိသာပါစေ။ကလေးလိမ္မာလျင်အမေချစ်မည်ဖြစ်ကြောင်း၊ကလေးဘာဖြစ်ချင်၊ဘာလိုချင်လဲမေးပါ။ပေးမရတာကိုဘာကြောင့်ပေးမရကြောင်းရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင်မိမိကအလုပ်ဆက်လုပ်ဖို့လိုလျှင်ခဏသည်းခံရန်မျက်နှာချင်းဆိုင်ကြည့်တည်ငြိမ်စွာပြောပြပါပြီးလျှင်အလုပ်ဆက်လုပ်ပါ3.Consistentမပြောင်းလဲပဲစွဲမြဲပါကလေးကိုပြုပြင်ဖို့လိုလျှင်စောစောစီးစီးပြုပြင်ရမည်ကလေးအားငါ့သားကဒီလိုဟုတ်ဘူးမရိုင်းဘူး ာညာမပြောရပါ။

ဒီလိုတုန့်ပြန်ခြင်းသည်ကလေး၏အပြုအမူရိုင်းခြင်းကိုအသိအမှတ်ပြုရာရောက်သည်။ကလေးကခုံကိုထုလျှင်ဟုတ်တယ်ဒီခုံဘညာ နှင့်လိုက်ထုမပြနှင့်။အကိုအမတွေကိုမဲတာလည်းလက်မခံနှင့်။

အေးဟုတ်တယ်နင့်ကြောင့်လို့ကလေးဘက်ကအကိုအမတွေ
ကိုလိုက်မပြောနှင့်။ဒေါသကိုထိန်းသိမ်းတတ်အောင်သင်ပါ။ကလေးကိုအလိုလိုက်တုန်းကစွတ်အလိုလိုက်၊လူအများရှေ့ရောက်မှအရှက်ကွဲ၍ကလေးအားမဲခြင်းမလုပ်ပါနှင့်။

4.Con sequencesအကျိုးအကြောင်းအဆိုးအကောင်းကိုသင်ပြပါ။ကလေးကခုံကိုကန်တာသူပဲအသားနာမည်ခုံမနာကြောင်းမိဘကိုအော်လျှင်လူအထင်သေးမည်ဖြစ်ကြောင်း။မိဘသည် လက်ဦးဆရာဖြစ်၍ဆုံးမနာယူရမည့်ကျင့်ဝတ်ရှိကြောင်းမိဘ ပေါ်လေးစားမှုrespectမရှိလျှင့်သူ့အပေါ်တွင်လည်းမည်သူမှ လေးစားချစ်ခင်မှာမဟုတ်ကြောင်းစသည်ဖြင့်အကျိုးအကြောင်းကိုသင်ပြပါ။

ကလေးတိုင်းသည်အစပထမတွင်သင်ပြလျှင် သူလက်ခံသင့်မခံသင့်လိုက်စဉ်းစားလေ့ရှိသည်ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်ကလေးကလိုက်စဉ်းစားနေခြင်းဖြစ်သည်။
ကလေးအသက်ကြီးလာသည်နှင့်ပိုပိုနားလည်လာကာပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှCalm, Correct,Consistent, Conquencesတို့ကိုကျင့်သုံး၍ ပြုပြင်ပေးရမည်။မအော်ပါနှင့်၊ကလေးကို ဒီကောင်ကရိုင်းတယ်လို့မပြောပါနှင့်ကလေးကိုနားလည်ဖို့ကြိုးစားပါအလိုလိုက်တုန်းကလိုက်ထရိုက်တော့ရိုက်မလုပ်ပါနှင့်။ချစ်လွန်း၍မျက်ကွယ်ပြုအလိုလိုက်ခြင်းမပြုပါနှင့်။

ကလေးအား ပြုပြင်ကာအကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုကမှန်ကန်သောအပြစ်ပေးပါဒီကလေးကိုဒီလိုဆုံးမ၊ဟိုကလေးကို ဟိုလိုဆုံးမDouble standardsထားခြင်းကိုရှောင်ကြဉ်ပါသားသမီး၊ မြေးမြစ်တို့ကိုတတန်းတည်းထားဆုံးမပါ။

ကလေးသည် မွေးလာကတည်းကအရိုင်းလေး၊အလိမ္မာတုံးလေးအဖြစ်တခါတည်း မွေးလာသည်မဟုတ်၊ကျနော်တို့မိဘ၊ဆရာသမားပတ်ဝန်းကျင်ကလမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်credit

Leave a Reply

Your email address will not be published.