ငှက်ပျောပူတင်း
ပါဝင်ပစ္စည်း
၁။ငှက်ပျောသီး(ဖီးကြမ်းအမှည့်)-၂လုံး
၂။ကြက်ဥ-၄လုံး
၃။နွားနို့ကျိုပြီးသား-၄၀၀ မီလီ
၄။နို့မှုန့်-၃ (စားပွဲဇွန်း)
၅။သကြား-၇ဇွန်း (စားပွဲဇွန်း)
၆။ထောပတ်အနံ့-အနည်းငယ်
ပြုလုပ်နည်း
၁။ ။သကြား၂ဇွန်းနှင့်ရေ၂ဇွန်းကို ပူတင်းလုပ်မည့်ခွက်ထဲထည့်၍ မီးပေါ်တည်ပါ။
သကြားရည်နီလာရင် ခွက်အောက်ခြေတစ်ပြင် လုံးမှာသကြားရည်ဖုံးမိရန် ခွက်ကိုစောင်း၍လှည့်ပေးပြီး မီးပေါ်ကချထားပါ။
၂။ ။ကျန်ပါဝင်ပစ္စည်းအားလုံးကိုဖျော်ရည်စက်ထဲထည့်၍ကျေအောင်မွှေပါ။
၃။ ။ပူတင်းလုပ်မည့်ခွက်ထဲမွှေထားသောအရ ည်ကိုထည့်၍အဖုံးပိတ်ပါ။
၄။အိုးတစ်လုံးထဲရေထည့်၍ဆူအောင်တည်ပါ။
ဆူလျှင် ထမင်းပေါင်းအိုးဇကာကိုအိုးပေါ်တင်၍ပူတင်းခွက်ကိုတင်ပါ။
အပေါ်မှလုံအောင်အဖုံးဖုံး၍၄၅မိနစ်ခန့်ပေါင်းပါ။သွားကြားထိုးတံအသစ်လေးနဲ့မုန့်သားကိုထိုးကြည့်လို့အနှစ်တွေကပ်မပါလာတော့ဘူးဆိုမုန့်ကျက်ပါပြီ။
၅။ပူတင်းဘူးကိုမီးပေါ်မှချ၍အအေးခံပါ။ရေခဲသေတ္တာထဲခဏထည့်၍မုန့်သားအေးအေးလေးဖြစ်လာလျှင် ပူတင်းအသားနဲ့ခွက်
ကြားထဲဓားအချွန်လေးထည့်၍တစ်ပတ်လှည့်ပါ။
ပြီးလျှင် ပန်းကန်ပြားတစ်ချပ်ကိုပူတင်းခွက်ပေါ်မှောက်လျက်တင်၍လက်ဖဝါးနဲ့ဖိထားပြီးနောက်လက်တစ်ဖက်နဲ့ခွက်ကိုထိန်း၍ပန်းကန်ပြားပေါ်မှောက်ခ်ပါ။
၆။ငှက်ပျောပူတင်းအေးအေးလေးကိုအတုံးလေးတွေတုံးပြီး သုံးဆောင်နိုင်ပါပြီ။
အဆင်ပြေကြပါစေ။