အိမ်တွေ ဆိုင်တွေမှာ ယင်ကောင်တွေလုံးဝမ လာအောင် ဒီလိုလုပ်ပါ တကယ် ယင် မလာတော့ပါ လက်တွေ့ပါ

သင််နေတဲ့ နေရာမှာ ယင်ကောင််တွေ အရမ်းပေါနေရင် စမ်းပြီးလုပ်ကြည့်လို့ရပါတယ်..လက်တွေ့ပါ

“ယင််ကောင် မလာအောင်် လုပ်နည်း”

စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ ထမင်းဝိုင်းတွေမှာ ယင်ကောင်တွေ တရုန်းရုန်းနဲဲဲ့ဆိုရင် အော်ဂလီဆန်စရာပါ။

ယင်ကောင်ဟာ ရောဂါပိုးတွေ အများကြီး သယ်ဆောင်လာလို ့ယင်နားစာကို မစားဖို ့သတိပေးတယ် မဟုတ်ပါလား။

ဒါကြောင့် ယင်ကောင်မလာစေချင်ရင် ပုံမှာပြထားတဲ့အတိုင်း ဇီးဖြူခက်ကလေးတွေကို ထမင်းဝိုင််းမှာ ချထားလိုက်ရုံပါပဲ။

စားရတဲ့ဇီးဖြူသီးသီးတဲဲ့ အပင်က အခက်ကလေးတွေပါကြာလေ ပိုအစွမ်းထက်လေဆိုပဲ မေမြို့က လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တဲ့ နည်းလေးပါ။

နောက်တစ်နည်း

အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် ယင်ကောင်တွေတဝီဝီနဲ့ စားရတာတောင်မြိုမကျ ယင်မောင်းနေရတာနဲ့တင်စိတ်ညစ်ဖို့ကောင်းတဲ့နေ့တွေရှိဖူးမှာပါနော်။

အထူးသဖြင့် စားသောက်ဆိုင်ဖွင့်ထားတဲ့သူတွေအတွက် ပိုလို့တောင်အသုံးဝင်မယ့် ယင်ကောင်မောင်းထုတ်တဲ့နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လွယ်ကူလွန်းတဲ့ နည်းလမ်းလေးဖြစ်တာကြောင့် ခုပဲလုပ်လိုက်ကြ ရအောင်နော်။

ကျွတ်ကျွတ်အိတ် (သို့မဟုတ်) ဇစ်ပိတ်လို့ရတဲ့ ပလတ်စတစ်အိတ်တစ်လုံး ဆား (၁)ဇွန်း သံပုရာရည် (၄) ဇွန်း အကြွေစေ့ (၅) စေ့ခန့် ရေ ဖန်ခွက်(၂) ခွက်ခန့်လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ပလတ်စတစ်အိတ်ထဲထည့်ကာ ချည် (သို့) ဇစ်ပိတ်လိုက်ပါ။ ပြီးရင်တော့ အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာ ချိတ်ထားလိုက်ပါ။

ဒီနည်းလမ်းကို ယင်ကောင်တွေက ဘာဖြစ်လို့ကြောက်လဲဆိုတော့ သူတို့အမြင်အာရုံမှာ အကြွေစေ့တွေက စိတ်အ
နှောက်ယှက်ဖြစ်စရာကောင်းလွန်းလို့ပဲဖြစ်ပါတယ်။

ကဲဒီနည်းလမ်းလေးက ဘယ်လောက်တောင်အကျိုးရှိလဲဆိုတာ လက်တွေ့စမ်းကြည့်လိုက်ပါနော်။

Credit

Leave a Reply

Your email address will not be published.