စီးပွါးဖြစ်ရောင်းချနိုင်တဲထိကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးနော်

ဒိန်ချဉ်လုပ်နည်း

၁။ နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ကြာကြာလေး ကျိုပါ။တအားလည်း မပျစ်ပါစေနဲ့။

၂။ ပြီးရင် မီးဖိုပေါ်က ချပြီး အေအးခံပါ။
လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ ။
( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ)
လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့ ။

၃။ အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ ။

၄။ ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ ။
အခန်းအပူချိန်မှာပဲ ထားရမွာပါ ။၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။

သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး ။ခဏခဏလည်း မမွှေရပါဘူး ။
အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။

အချဉ်ကိုဘယ်လိုလုပ်ရတာလဲဆိုတော့
နွားနို့အစိမ်းအကြမ်းပန်းကန်၁လုံးစာကို
ဘာမှမလုပ်ဘဲဘာမှမထည့်ဘဲ
အခန်းအပူချိန်မှာ၂၄နာရီထားရင်အချဉ်ဖြစ်ပါပြီ ။
အဲဒီအချဉ်ကိုအပေါ်ယံပဲဖြစ်ဖြစ်မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ် ။

နောက်တနည်းကဆိုင်မှာရောင်းတဲ့ဒိန်ချဉ်တခွက်စာကိုလဲအချဉ်အဖြစ်ထည့်နိုင်ပါတယ
်သကြားတို့ထန်းလျက်တို့မထည့်ရတဲ့ဒိန်ချဉ်ပါ

ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက်
#ဒိန်ချဉ်အဟောင်းကိုပဲအချဉ်အဖြစ်သုံးနိုင်ပါတယ် ။

အချိုးအဆကတော့ နွားနို့၁ပိဿာ အချဉ် ဟင်းခတ်ဇွန်း ၁ ဇွန်းပါပဲ

ဒိန်ချဉ်ဖြစ်သွားပြီဆိုရင်
ရေခဲသေတာထဲမှာ အကြာကြီးထားလို့ရပါတယ် ။

ဒိန်ချဉ်နဲ့စားဖို့ သကြားရည်ပဲကျိုကျို ၊
ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ ။ရေကိုတော့ အများကြီးမထည့်ပါနဲ့။
သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ် ။အိုးမကပ်ရုံသာ ရေထည့်ပါ။
credit

Leave a Reply

Your email address will not be published.