အောင်လရဲ့ပြိုင်ဖက် Gilberto Galavao မှာ အောင်လကို နိုင်နိုင်တဲ့စွမ်းရည်မျိုးရှိလား

Posted by

ကချင်သားကြီးအောင်လအန်ဆန်ရဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုးသတ်မယ့် ပွဲစဉ်မှာ ပြိုင်ဖက်အပြောင်းအလဲဖြစ်သွားတာကိုအားလုံးဘဲ သိရှိပြီးလောက်ပြီထင်ပါတယ်။ ပွဲထိုးသတ်ခါနီး နှစ်ပတ်အလိုလောက်မှ ပြိုင်ဖက်အပြောင်းအလဲဖြစ်သွားတာကြောင့် ဖိုက်တာနှစ်ဦးစလုံးအတွက် အနည်းငယ်အခက်တွေ့နိုင်ပါတယ်။

အောင်လအန်ဆန်းရဲ့ ပြိုင်ဖက်သစ်ကတော့ ဘရာဖီးဖိုက်တာတစ်ဦးဖြစ်ပြီး သူ့ရဲ့ နာမည်ကတော့ Gilberto Galvao ဘဲဖြစ်ပါတယ်။ Gilberto Galvao သည် နှစ်ထပ်ကွမ်းချန်ပီယံဟောင်း ရိုင်နီယာ ဒီရိုက်ဒါနဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ပြီး မြေပြင်ဒူးတိုက်ချက်ကြောင့် ရှုံးနိမ့်ထားခဲ့ဖူးပါတယ်။ Gilberto ဟာ အသက်အားဖြင့် (၄၀) နှစ်ရှိပြီဖြစ်ပြီး MMA record ကတော့ ပွဲ (၃၀) နိုင် (၇) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာမို့လို့ ရလဒ်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

သူ့ရဲ့အရပ်အ‌မောင်းကတော့ (၅) ပေ (၁၀) လက်မဘဲရှိပြီး အောင်လထက်တော့ အရပ် (၃) လက်မပုနေတဲ့အနေအထားမှာရှိပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ Striking မှာ သိသိသာသာအားသာတဲ့ ညာ overhand လက်သီးတွေပါ။ သူထိုးသတ်တဲ့ ဝိတ်တန်းမှာ များသောအားဖြင့်အရပ်ပုတဲ့ ကစားသမားတွေဖြစ်တာကြောင့် Overhand တစ်ပေါက်တော့ရှယ်ကျင့်ထားပါတယ်။

Striking မှာတော့ အဲ့လက်သီးနှစ်ချက်သတိထားရုံကလွဲရင် ကျန်တာ အောင်လအတွက် ဘာအန္တရာယ်မှ မရှိပါဘူး။ Grappling မှာတော့ ဂျူဂျစ်စုခါးပတ်နက်ရထားတာကြောင့် အောင်လထက် Grappling ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လက်တံတိုတာကြောင့် အောင်လကို ဝင်လုံးချင်တိုင်းလုံးလို့မရဘဲ တိုင်ပတ်နိုင်ပါတယ်။ ပွဲဝေးနေတာလည်း (၃) နှစ်ကျော်ရှိပြီဖြစ်တာကြောင့် အောင်လကိုနိုင်ဖို့အခွင့်အရေးတော်တော်နည်းတယ်လို့တော့ ကျွန်တော်ကတော့ မြင်ပါတယ်။

အောင်လအနေနဲ့ ခွာထိုးခွာကန် ၊ ဝင်ရင် ဒူးတိုက် Takedown ကာကွယ်တာတွေသာ သေချာလုပ်နိုင်ရင် နိုင်ပွဲဖော်ဆောင်နိုင်မှာပါ။ အောင်လအတွက် ဒီပွဲဟာ အတော်လေးအရေးကြီးတဲ့ပွဲဖြစ်ပြီး ဒီပွဲကို အနိုင်ရရှိမည်ဆိုပါက နောက်ပွဲဟာ သူ့အတွက် ချန်ပီယံခါးပတ်လုခွင့် အဆုံးအဖြတ်ပွဲမျိုး ဖြစ်သွားပါလိမ့်မယ်။

ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းတစ်ယောက် ‌သူလိုအပ်နေသည့် နိုင်ပွဲတွေကို ထပ်မံရှာဖွေသွားနိုင်ပြီး သူလိုချင်နေတဲ့ ချန်ပီယံဂုဏ်ပုဒ်တွေကို ပြန်လည်ပိုင်ဆိုင်သွားနိုင်မလားဆိုတာ မိမိတို့ထင်မြင်ယူဆချက်များကို ကွန်းမန့်ဘောက်စ်တွင် လွတ်လပ်စွာဖြင်ြ ဝင်ရောက်ဆွေးနွေးသုံးသပ်ပေးကြပါဦးခင်ဗျာ။

Zawgyi(version)

ကခ်င္သားႀကီးေအာင္လအန္ဆန္ရဲ႕ ဇန္နဝါရီလ (၁၄) ရက္ေန႕ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ထိုးသတ္မယ့္ ပြဲစဥ္မွာ ၿပိဳင္ဖက္အေျပာင္းအလဲျဖစ္သြားတာကိုအားလုံးဘဲ သိရွိၿပီးေလာက္ၿပီထင္ပါတယ္။ ပြဲထိုးသတ္ခါနီး ႏွစ္ပတ္အလိုေလာက္မွ ၿပိဳင္ဖက္အေျပာင္းအလဲျဖစ္သြားတာေၾကာင့္ ဖိုက္တာႏွစ္ဦးစလုံးအတြက္ အနည္းငယ္အခက္ေတြ႕နိုင္ပါတယ္။

ေအာင္လအန္ဆန္းရဲ႕ ၿပိဳင္ဖက္သစ္ကေတာ့ ဘရာဖီးဖိုက္တာတစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ နာမည္ကေတာ့ Gilberto Galvao ဘဲျဖစ္ပါတယ္။ Gilberto Galvao သည္ ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္း ရိုင္နီယာ ဒီရိုက္ဒါနဲ႕ ရင္ဆိုင္ထိုးသတ္ခဲ့ၿပီး ေျမျပင္ဒူးတိုက္ခ်က္ေၾကာင့္ ရႈံးနိမ့္ထားခဲ့ဖူးပါတယ္။ Gilberto ဟာ အသက္အားျဖင့္ (၄၀) ႏွစ္ရွိၿပီျဖစ္ၿပီး MMA record ကေတာ့ ပြဲ (၃၀) နိုင္ (၇) ပြဲရႈံး ရလဒ္ကို ပိုင္ဆိုင္ထားတာမို႔လို႔ ရလဒ္ေကာင္းတယ္လို႔ ဆိုနိုင္ပါတယ္။

သူ႕ရဲ႕အရပ္အေမာင္းကေတာ့ (၅) ေပ (၁၀) လက္မဘဲရွိၿပီး ေအာင္လထက္ေတာ့ အရပ္ (၃) လက္မပုေနတဲ့အေနအထားမွာရွိပါတယ္။ သူ႕ရဲ႕ အားသာခ်က္ကေတာ့ Striking မွာ သိသိသာသာအားသာတဲ့ ညာ overhand လက္သီးေတြပါ။ သူထိုးသတ္တဲ့ ဝိတ္တန္းမွာ မ်ားေသာအားျဖင့္အရပ္ပုတဲ့ ကစားသမားေတြျဖစ္တာေၾကာင့္ Overhand တစ္ေပါက္ေတာ့ရွယ္က်င့္ထားပါတယ္။

Striking မွာေတာ့ အဲ့လက္သီးႏွစ္ခ်က္သတိထား႐ုံကလြဲရင္ က်န္တာ ေအာင္လအတြက္ ဘာအႏၱရာယ္မွ မရွိပါဘူး။ Grappling မွာေတာ့ ဂ်ဴဂ်စ္စုခါးပတ္နက္ရထားတာေၾကာင့္ ေအာင္လထက္ Grappling ေကာင္းတယ္လို႔ ဆိုနိုင္ပါတယ္။ ဒါေပမယ့္ လက္တံတိုတာေၾကာင့္ ေအာင္လကို ဝင္လုံးခ်င္တိုင္းလုံးလို႔မရဘဲ တိုင္ပတ္နိုင္ပါတယ္။ ပြဲေဝးေနတာလည္း (၃) ႏွစ္ေက်ာ္ရွိၿပီျဖစ္တာေၾကာင့္ ေအာင္လကိုနိုင္ဖို႔အခြင့္အေရးေတာ္ေတာ္နည္းတယ္လို႔ေတာ့ ကြၽန္ေတာ္ကေတာ့ ျမင္ပါတယ္။

ေအာင္လအေနနဲ႕ ခြာထိုးခြာကန္ ၊ ဝင္ရင္ ဒူးတိုက္ Takedown ကာကြယ္တာေတြသာ ေသခ်ာလုပ္နိုင္ရင္ နိုင္ပြဲေဖာ္ေဆာင္နိုင္မွာပါ။ ေအာင္လအတြက္ ဒီပြဲဟာ အေတာ္ေလးအေရးႀကီးတဲ့ပြဲျဖစ္ၿပီး ဒီပြဲကို အနိုင္ရရွိမည္ဆိုပါက ေနာက္ပြဲဟာ သူ႕အတြက္ ခ်န္ပီယံခါးပတ္လုခြင့္ အဆုံးအျဖတ္ပြဲမ်ိဳး ျဖစ္သြားပါလိမ့္မယ္။

ပရိသတ္ႀကီးတို႔ေရာ ေအာင္လအန္ဆန္းတစ္ေယာက္ သူလိုအပ္ေနသည့္ နိုင္ပြဲေတြကို ထပ္မံရွာေဖြသြားနိုင္ၿပီး သူလိုခ်င္ေနတဲ့ ခ်န္ပီယံဂုဏ္ပုဒ္ေတြကို ျပန္လည္ပိုင္ဆိုင္သြားနိုင္မလားဆိုတာ မိမိတို႔ထင္ျမင္ယူဆခ်က္မ်ားကို ကြန္းမန႔္ေဘာက္စ္တြင္ လြတ္လပ္စြာျဖင္ျ ဝင္ေရာက္ေဆြးႏြေးသုံးသပ္ေပးၾကပါဦးခင္ဗ်ာ။