ကြာချည်ဆိုတာ မြန်မာ့မူပိုင်အစစ် ဖြစ်တယ်ဆိုတာ တကမ္ဘာလုံးကို ပြသခဲ့တဲ့ Miss Universe မြန်မာအလှမယ် ဇာလီမိုး

Posted by

ကြာချည်ဆိုတာ မြန်မာ့မူပိုင်အစစ် ဖြစ်တယ်ဆိုတာ တကမ္ဘာလုံးကို ပြသခဲ့တဲ့ Miss Universe မြန်မာအလှမယ် ဇာလီမိုး…

” ကြာချည် ” ဟာ ကမ္ဘာ့အရှားပါးဆုံး နဲ့ တန်ဖိုးအကြီးဆုံး ချည်တစ်မျိုးဖြစ်ပါတယ်။

ကြာချည် ရက်ကန်းလုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀ ကျော်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေး ကျိုင်းခမ်းကျေးရွာအုပ်စု၊ အင်းယာရွာမှာနေထိုင်တဲ့ အသက် (၅၀) အရွယ် ဒေါ်စာဥ (ခေါ် ) ဒေါ်ကြာဥ ဆိုတဲ့ အမျိုးသမီးက စွန့်ဦးတီထွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါသည်။

ယခုအချိန် လူ့အသုံးအဆောင် အဝတ်အထည်များကိုပါ အင်းလေးဒေသတဝိုက်မှာ ရက်လုပ်နေကြပြီး အင်းသားတို့ရဲ့စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

ကြာချည်ထည် ရက်လုပ်တဲ့ လုပ်ငန်းစဉ်ဟာ အထူးလက်ဝင်လှတာကြောင့် ကြာချည်ထည်‌တွေဟာလည်း ဈေးနှုန်း တန်ဖိုးကြီးမားပါတယ်။

သို့ပေမဲ့ ကြာချည်ထည်တွေဟာ ဝတ်ဆင်ရတာ နူးညံ့ပေါ့ပါး တာကြောင့် ပြည်တွင်း၊ ပြည်ပမှာ နာမည်ကျော်တဲ့ ရှားပါးချည်ထည်တမျိုးဖြစ်ပါတယ်။

သို့သော် ယနေ့အခါ ဗီယက်နမ် နိုင်ငံက ကြာချည်ကို သူ့တို့နိုင်ငံက တီထွင်သယောင် ဝါဒဖြန့်ချီကာ စျေးကွက်လုယူမှုတွေရှိတာကြောင့် မြန်မာ့ကြာချည်လုပ်ငန်းများ အထိနာနေရပါတယ်။


ဒါကြောင့် ဒို့မြန်မာပြည်ရဲ့မူပိုင် မြန်မာ့ကြာချည်ကို ကမ္ဘာက သိစေရန် ယခု ကျင်းပနေတဲ့ ၇၁ ကြိမ်မြောက် MISS UNIVERSE အမျိုးသားဝတ်စုံပြိုင်ပွဲ မှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် “ဇာလီမိုး “က သူမရဲ့ ပြိုင်ပွဲဝင် ဝတ်စုံ အဖြစ် ကြာပွင့်ကြီး နဲ့ ကြာချည် ရက်လုပ်နေတဲ့ မိန်းမပျိုလေးရဲ့ နန်းဆန်တဲ့ အလှ ကို ဖော်ကျူး ခဲ့ပါသည်။

အဆိုပါ National Costume ဒီဇိုင်နာကတော့ “သဲစန္ဒီဦး “ ဖြစ်ပါတယ် ။

အဆိုပါ Miss Universe ပြိုင်ပွဲကို အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့မှာ ကျင်းပလျှက်ရှိပြီး Grand Final ပွဲ ကို ဇန်နဝါရီလ ၁၄ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ် ။

Zawgyi(version)

ၾကာခ်ည္ဆိုတာ ျမန္မာ့မူပိုင္အစစ္ ျဖစ္တယ္ဆိုတာ တကမၻာလုံးကို ျပသခဲ့တဲ့ Miss Universe ျမန္မာအလွမယ္ ဇာလီမိုး

ၾကာခ်ည္ ဟာ ကမၻာ့အရွားပါးဆုံး နဲ႕ တန္ဖိုးအႀကီးဆုံး ခ်ည္တစ္မ်ိဳးျဖစ္ပါတယ္။

ၾကာခ်ည္ ရက္ကန္းလုပ္ငန္းကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၉၀ ေက်ာ္ခန႔္က ရွမ္းျပည္နယ္ေတာင္ပိုင္း၊ အင္းေလး က်ိဳင္းခမ္းေက်း႐ြာအုပ္စု၊ အင္းယာ႐ြာမွာေနထိုင္တဲ့ အသက္ (၅၀) အ႐ြယ္ ေဒၚစာဥ (ေခၚ ) ေဒၚၾကာဥ ဆိုတဲ့ အမ်ိဳးသမီးက စြန႔္ဦးတီထြင္ စတင္လုပ္ကိုင္ခဲ့ျခင္းျဖစ္ပါသည္။

ယခုအခ်ိန္ လူ႕အသုံးအေဆာင္ အဝတ္အထည္မ်ားကိုပါ အင္းေလးေဒသတဝိုက္မွာ ရက္လုပ္ေနၾကၿပီး အင္းသားတို႔ရဲ႕စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္လာပါတယ္။

ၾကာခ်ည္ထည္ ရက္လုပ္တဲ့ လုပ္ငန္းစဥ္ဟာ အထူးလက္ဝင္လွတာေၾကာင့္ ၾကာခ်ည္ထည္ေတြဟာလည္း ေဈးႏႈန္း တန္ဖိုးႀကီးမားပါတယ္။

သို႔ေပမဲ့ ၾကာခ်ည္ထည္ေတြဟာ ဝတ္ဆင္ရတာ ႏူးညံ့ေပါ့ပါး တာေၾကာင့္ ျပည္တြင္း၊ ျပည္ပမွာ နာမည္ေက်ာ္တဲ့ ရွားပါးခ်ည္ထည္တမ်ိဳးျဖစ္ပါတယ္။

သို႔ေသာ္ ယေန႕အခါ ဗီယက္နမ္ နိုင္ငံက ၾကာခ်ည္ကို သူ႕တို႔နိုင္ငံက တီထြင္သေယာင္ ဝါဒျဖန့္ခ်ီကာ ေစ်းကြက္လုယူမႈေတြရွိတာေၾကာင့္ ျမန္မာ့ၾကာခ်ည္လုပ္ငန္းမ်ား အထိနာေနရပါတယ္။


ဒါေၾကာင့္ ဒို႔ျမန္မာျပည္ရဲ႕မူပိုင္ ျမန္မာ့ၾကာခ်ည္ကို ကမၻာက သိေစရန္ ယခု က်င္းပေနတဲ့ ၇၁ ႀကိမ္ေျမာက္ MISS UNIVERSE အမ်ိဳးသားဝတ္စုံၿပိဳင္ပြဲ မွာ ျမန္မာနိုင္ငံကိုယ္စားျပဳ အလွမယ္ ဇာလီမိုး က သူမရဲ႕ ၿပိဳင္ပြဲဝင္ ဝတ္စုံ အျဖစ္ ၾကာပြင့္ႀကီး နဲ႕ ၾကာခ်ည္ ရက္လုပ္ေနတဲ့ မိန္းမပ်ိဳေလးရဲ႕ နန္းဆန္တဲ့ အလွ ကို ေဖာ္က်ဴး ခဲ့ပါသည္။

အဆိုပါ National Costume ဒီဇိုင္နာကေတာ့ သဲစႏၵီဦး ျဖစ္ပါတယ္ ။

အဆိုပါ Miss Universe ၿပိဳင္ပြဲကို အေမရိကန္နိုင္ငံ နယူးေအာ္လင္းၿမိဳ႕မွာ က်င္းပလွ်က္ရွိၿပီး Grand Final ပြဲ ကို ဇန္နဝါရီလ ၁၄ ရက္မွာ ျပဳလုပ္မွာျဖစ္ပါတယ္ ။