ယခုပြုလုပ်မယ့် ဓာတ်ရိုက်ဓာတ်ဆင်မှာ အရေးကြီးတာ တစ်ခုက စတီးဓါတ်ဘူးများ မရပါဘူး ။ ဓါတ်သားနဲ့ပြုလုပ်ထားတဲ့ ဓါတ်ဘူးမှသာ အခက်အခဲများကို အတားအဆီးမရှိ အောင်မြင်မည်ဖြစ်ပါသည်။
ဒီလိုခက်ခဲ ကျပ်တည်း လှတဲ့ ခေတ်ကာလမှာ လူတိုင်းမှာ အခက်အခဲ အနည်းနှင့်အများ ကြုံတွေ့နေကြရပါတယ်။လုပ်ငန်းထဲမှာ ငွေကြေး ဆုံးရှုံးမှု များခြင်း ၊
ချေးထားသောငွေကြေးများ ပြန်လည်မရရှိခြင်း ၊ ချေးထားသော ငွေကြေးများပြန်လည် မဆပ်နိုင်အောင် ဒုက္ခရောက် ခြင်း ၊ ငွေကြေးမချောင်လည်တော့ အိမ်တွင်းရေး တွေလည်း မသာယာချင်း ၊
လုပ်ငန်းတွေလည်း အလွဲလွဲအချော်ချော်နှင့် ပြိုကွဲ မလိုဖြစ်ချင်း စသော စသော အခက်အခဲပေါင်းများစွာကို လူတိုင်းအိမ်တိုင်း ခံစားကြ ရပါတယ်။
ဒီလိုအခက်အခဲများတွက် အောက်ပါ ယတြာလေးကို ပြုလုပ်ဆောင်ရွက်ကြည့်ပါ။ မိမိရဲ့ ဓါတ်ပုံလေး တစ်ပုံကို ဓါတ်ဘူးထဲထည့် ပါ။ပြီးတော့ မိမိတွင် ဖြစ်ပေါ်နေသော အခက်အခဲ အကျပ်အတည်းများကို စာရွက်ဖြူတရွက် မှာရေးပြီး။
ဆုတောင်းစာကို ဓါတ်ဘူးထဲ ထပ်ထည့်ပါ။ ထို့နောက် ဓါတ်ဘူးလေးကို အဖုံးပိတ် ပြီး ၊အဖုံးအပေါ်မှာ ဖယောင်းတိုင် တစ်တိုင်ထွန်းညှိပြီး ပူဇော်ပါ။
၉ရက်တိတိ အချိန်မှန် နေရာမှန် ထွန်းညှိပူဇော်ပါ။အဆိုပါ ၉ရက်အတွင်းမှာ မိမိရဲ့အခက်များ ပြန်လည် ဓါတ်မှန်လာပြီး အဆင် ပြေချောမွေ့စေ တတ်သည် ။
၉ရက်နားပြီး နောက်ထပ် ၉ရက် ဆက်ထွန်းညှိပူဇော်လည်း ရပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…
credit