ရေနစ်နေတဲ့ သမင်လေးကို ကယ်တင်ဖို့အတွက် သူ့ရဲ့အသက်ကိုပင် စတေးရန် မတွန့်ဆုတ်ခဲ့တဲ့ သူရဲကောင်းလူငယ်တစ်ဦး

Posted by

ရေနစ်နေတဲ့ သမင်လေးကို ကယ်တင်ဖို့အတွက် သူ့ရဲ့အသက်ကိုပင် စတေးရန် မတွန့်ဆုတ်ခဲ့တဲ့ သူရဲကောင်းလူငယ်တစ်ဦး

မကြာသေးမီက လူငယ်လေးတစ်ယောက်ဟာ သမင်လေးတစ်ကောင် ရေနစ်နေတာကို မြင်ပြီးနောက် မြစ်ရဲ့ လျင်မြန်တဲ့ရေထဲကနေ သမင်လေးကို ကယ်တင်ဖို့ သူ့အသက်ကို စွန့်လိုက်ပါတယ် ။

အဆိုပါကောင်လေးရဲ့အမည်မှာ Belal ဖြစ်ပြီး သူက ဆယ်ကျော်သက်အရွယ်လောက်ပင် ရှိပါသေးတယ် ။

ထိုသမင် ရေနစ်နေတာကိုမြင်ပြီးကယ်တင်ရန်အတွက် သူ့အသက်ကိုစွန့်စားရန် မတွန့်ဆုတ်ခဲ့ပါ ။ ကယ်ဆယ်နေစဉ်အတွင်း မြစ်ကအလွန်လျင်မြန်စွာ စီးဆင်းနေတာကြောင့် Balal က သူ့ကိုယ်သူ ရှင်သန်နိုင်ပါ့မလားတောင် မသေချာဖြစ်ခဲ့ပါတယ် ။

ဒါပေမဲ့ နောက်ဆုံးမှာ Balal က မြစ်တစ်ဖက်ကမ်းသို့ ကူးသွားကာ သမင်ကလေးကို သူ့မိသားစုနဲ့ ပြန်လည်ပေါင်းစည်းခဲ့ပေးနိုင်ခဲ့ပါတယ် ။

ဒီလူငယ်လေးရဲ့ ရဲစွမ်းသတ္တိကို နှုတ်နဲ့ မဖော်ပြနိုင်ရင်တောင်မှ သမင်လေးရဲ့ မိသားစုကတော့ အရမ်းကို ကျေးဇူးတင်နေမှာပါ ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုအာခါလီမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ လျင်မြန်စွာဖြစ်ပေါ်ခဲ့တာကြောင့် သမင်ကလေးဟာ သူ့ရဲ့မိသားစုနဲ့ ကွဲကွာသွားတာလို့ ယုံကြည်ရပါတယ် ။

crd

Zawgyi(version)








crd