ယခုကာလအတွင်း လုပ်ဖော်ကိုင်ဖတ်များနှင့် မိမိပတ်ဝန်းကျင်အပေါ် စိတ်အလိုမကျမူများအနည်းငယ် ကြုံတွေ့ရတတ်ပါတယ်။
မိမိကိုယ်တိုင်းလည်းအစစအရာရာ စိတ်ညစ် စိတ်လေ အဆင်မပြေ မှုများကြုံတွေ့ရတက်ပါတယ်။
အတိုက်အခံ အချေအတင်များနှင့် မနာလိုမုန်းထားသူများရှိနေတတ်၍ အပြောအဆိုအနေအထိုင်သတိထားသင့်ပါတယ်။
အထက်အကြီးအကဲများ၏အကူအညီများရရှိ၍ အစိုးရနှင့်ပတ်သတ်သော၊ အုပ်စု အသင်း အဖွဲ့နှင့်ပတ်သတ်သောလုပ်ငန်းများအဆင်ပြေမှုများရရှိပါမည်။
ပညာရေး နှင့်ဆိုင်သော ကိစ္စများတွင်သူတစ်ပါး ၏ အကူအညီများရရှိတက်ပါတယ်။
စားသုံးကုန်များ ၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်သော အရာများ အရောင်းအဝယ် ပြုလုပ်ပါက အကျိုးထူးခံစားရမည်။
ငွေကြေး အဝင်ရှိသလို အထွက်များလည်းရှိနေတတ်ပါတယ် သေချာသိပြုသုံးစွဲရန်လိုအပ်ပါတယ်။
ဤကာလတွင် ငွေမချေးမိပါစေနှင့် ပြန်တောင်းရာတွင်ခတ်ခဲနေတတ်ပြီး ပြန်တောင်းလို့အမုန်းခံရတတ်ပါတယ် ။
မိမိပေးစရာရှိသောအကြွေးများဖိအားပေးအတောင်းခံရတတ်ပါတယ်။မိမိ မမျော်လင့်သော သူများထံမှလည်း အကူအညီရရှိတတ်ပါတယ်။
အချစ်ရေး အိမ်ထောင်ရေးတွင်ချစ်သူအိမ်ထောင်ဖတ်နှင့် စကားမကြာခဏများရတတ်ပါတယ်။
အိမ်တွင်းရေးအပူသောကများကြုံတွေ့ခံစားရတတ်ပါတယ်။အချစ်ရေး အိမ်ထောင်ရေးတွင်မမျော်လင့်သော အပြောင်းအလဲများကြုံတွေ့ရတတ်ပါတယ်။
ကျန်းမာရေးဂရုစိုက်ပါ ကျန်းမာရေးချူခြာတတ်ပါတယ်။ ကျန်မာရေးမှာဗိုက်အောင့် ဗိုက်နာ ရောဂါများနှင် ခန္ဓာကိုယ်အတွင်းပိုင်းနှင့်သက်ဆိုင်သောရောဂါ၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။
ဤကာလတွင် အမျိုးသမီးမိတ်ဆွေများ၏ အကူအညီရရှိပါက မိမိအခက်အခဲများ အောင်မြင်မှုရရှိပါလိမ့်မည်။
ဗုဒ္ဓဟူးသားသမီးများနှင့် အပြောအဆိုသတိထားသင့်ပါတယ်။ ယခုကာလအတွင်း နေအိမ်မှ တောင်အရပ်သို့ ခရီးသွားခြင်းရှောင်ကျဉ်သင့်ပါတယ်။
အညံ့များ ပျောက်၍ ကောင်းသောကံအားပိုမိုကောင်းမွန်စေရန်အတွက် စံပယ်ပန်း ၈ ကုံး အား တန်းခိုးကြီးဘုရားတွင်လှူဒါန်းခြင်းဖြင့် ကံတရား၏ အထောက်အပံကိုရရှိစေနိုင်ပါမည်။
ယခုကာလအတွင်းအကျိုးပေး နိုင်မည့်ဂဏန်းများမှာ ၂ ဂဏန်း ၊ ၃ ဂဏန်း၊ ၆ ဂဏန်း တို့ဖြစ်ပါတယ်။
အင်္ဂါနေ့ သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ….
သီးသန့် ဗေဒင်မေးလိုပါက..Cb or viber or ph 09428121824 သို့ဆက်သွယ်နိုင်ပါတယ်….
#ဆရာဦးဘိုနိုင် (ဗေဒင်)
credit