ရွှေဘိုစပါးအသစ်တွေ ယခင်နှစ်ကထက် စျေးကောင်းရနေသလို ဆန်အသစ်စျေးများနှင့် ဆန်းဟောင်းစျေးများလည်း စျေးကောင်းရနေ

Posted by

ရွှေဘိုစပါးအသစ်တွေ ယခင်နှစ်ကထက် စျေးကောင်းရနေသလို ဆန်အသစ်စျေးများနှင့် ဆန်းဟောင်းစျေးများလည်း စျေးကောင်းရနေ

ရွှေဘိုပေါ်ဆန်းစပါးသစ်တွေက ပေါ်ဦးပေါ်ဖျားကာလမှာပဲ ကျပ် ၁၆ သိန်းထိ ဈေးကောင်းရနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနကနေသိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ကထွက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းစပါးအသစ်ဈေးတွေဟာ

အရင်နှစ်ကထက် ဈေးကောင်းရနေပြီး အရင်နှစ်က ရွှေဘိုပေါ်ဆန်းစပါးအသစ် တင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်းသာ ဈေးရခဲ့ပေမယ့် အခုနှစ်မှာတော့ တင်းတစ်ရာကို ကျပ် ၁၅ သိန်းကနေ ၁၆ သိန်းအထိ ဈေးရနေတယ်လို့ ဆိုပါတယ်။

ရွှေဘိုပေါ်ဆန်းစပါးသစ်တွေဈေးကောင်းသလိုရွှေဘိုပေါ်ဆန်းစပါးအဟောင်းကလည်း တင်းတစ်ရာကို ငွေကျပ်၂၆ သိန်းအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့်ရွှေဘိုပေါ်ဆန်းစပါးအထွက်နှုန်းကအရင်နှစ်တွေကထက်လျော့ကျခဲ့ပြီး

ပြည်တွင်းစားသုံးသူဈေးကွက်မှာလည်း ရွှေဘိုပေါ်ဆန်းကိုနှစ်ခြိုက်စွာစားသုံးကြလို့ စပါးဈေး၊ ဆန်ဈေးတွေကောင်းနေတယ်လို့ သိရပါတယ်။လတ်တလောဆန်ဈေးကွက်ထဲ ရွှေဘိုပေါ်ဆန်းအသစ် ၂၄ ပြည်တစ်အိတ်ကို ကျပ် ၅၅၀၀၀ ကနေ ကျပ် ၆၀၀၀၀ အထိရှိပြီး

ဆန်ဟောင်းကတော့ ၂၄ ပြည်တစ်အိတ်ကို ကျပ် ၈၈၀၀၀ ကနေကျပ်တစ်သိန်းကျော်ဝန်းကျင်အထိ ရှိတယ်လို့သိရပါတယ်။

Zawgyi(version)

ေ႐ႊဘိုစပါးအသစ္ေတြ ယခင္ႏွစ္ကထက္ ေစ်းေကာင္းရေနသလို ဆန္အသစ္ေစ်းမ်ားႏွင့္ ဆန္းေဟာင္းေစ်းမ်ားလည္း ေစ်းေကာင္းရေန

ေ႐ႊဘိုေပၚဆန္းစပါးသစ္ေတြက ေပၚဦးေပၚဖ်ားကာလမွာပဲ က်ပ္ ၁၆ သိန္းထိ ေဈးေကာင္းရေနတယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီး စားသုံးသူေရးရာ ဦးစီးဌာနကေနသိရပါတယ္။စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္ကထြက္ရွိတဲ့ ေ႐ႊဘိုေပၚဆန္းစပါးအသစ္ေဈးေတြဟာ

အရင္ႏွစ္ကထက္ ေဈးေကာင္းရေနၿပီး အရင္ႏွစ္က ေ႐ႊဘိုေပၚဆန္းစပါးအသစ္ တင္း ၁၀၀ ကို ေငြက်ပ္ ၁၁ သိန္းသာ ေဈးရခဲ့ေပမယ့္ အခုႏွစ္မွာေတာ့ တင္းတစ္ရာကို က်ပ္ ၁၅ သိန္းကေန ၁၆ သိန္းအထိ ေဈးရေနတယ္လို႔ ဆိုပါတယ္။

ေ႐ႊဘိုေပၚဆန္းစပါးသစ္ေတြေဈးေကာင္းသလိုေ႐ႊဘိုေပၚဆန္းစပါးအေဟာင္းကလည္း တင္းတစ္ရာကို ေငြက်ပ္၂၆ သိန္းအထိ ေဈးေပါက္ေနတယ္လို႔ သိရပါတယ္။ေဒသတြင္းမတည္ၿငိမ္မႈေတြေၾကာင့္ေ႐ႊဘိုေပၚဆန္းစပါးအထြက္ႏႈန္းကအရင္ႏွစ္ေတြကထက္ေလ်ာ့က်ခဲ့ၿပီး

ျပည္တြင္းစားသုံးသူေဈးကြက္မွာလည္း ေ႐ႊဘိုေပၚဆန္းကိုႏွစ္ၿခိဳက္စြာစားသုံးၾကလို႔ စပါးေဈး၊ ဆန္ေဈးေတြေကာင္းေနတယ္လို႔ သိရပါတယ္။လတ္တေလာဆန္ေဈးကြက္ထဲ ေ႐ႊဘိုေပၚဆန္းအသစ္ ၂၄ ျပည္တစ္အိတ္ကို က်ပ္ ၅၅၀၀၀ ကေန က်ပ္ ၆၀၀၀၀ အထိရွိၿပီး

ဆန္ေဟာင္းကေတာ့ ၂၄ ျပည္တစ္အိတ္ကို က်ပ္ ၈၈၀၀၀ ကေနက်ပ္တစ္သိန္းေက်ာ္ဝန္းက်င္အထိ ရွိတယ္လို႔သိရပါတယ္။