ငွေသုံးသိန်းရှိတယ်…ဘာရင်းနှီးရင် ကောင်းမလဲ (အရမ်းကောင်းတဲ့ Idea လေးပါ)

သိပ်ကောင်းတဲ့ idea တစ်ခုကိုမျှဝေပေးလိုက်ပါတယ်။အရင်းနှီးကိစ္စမတင်ပြခင်။ပြောပြသင့်သည့် အဖြစ်အပျက်တစ်ခုရှိပါတယ်။စတိမ့်ဖော့်(Stanford) တက္ကသိုလ်ကကျောင်းဆရာမဖြစ်သူ။

တီနာ ဇီးလစ်(Tina seelig) ဟာကျောင်းသား/သူတွေကိုစိန်ခေါ်မှု တစ်ခုပြုလုပ်လိုက်သည်။ကျောင်းသား/သူတွေကိုအသင်း (၁၄) သင်းဖွဲ့လိုက်သည်။အသင်း (၁)သင်းစီကိုစာအိတ် (၁)အိတ်စီ ပေးသည်။

စာအိပ်ထဲမှာငွေ (၅)ဒေါ်လာထည့်ထားသည်။(မြန်မာငွေ ကျပ်= ၆၅၀၀ ဝန်းကျင်)ငွေ(၅)ဒေါ်လာထဲနှင့်ကိုယ့်အိုင်ဒီယာကိုယ် သုံးပြီး။အရင်းအနှီးလုပ်ခိုင်းမည်။စည်းကမ်း သတ်မှတ်ချက်က။

ပြင်ဆင်ချိန် (၁)ပတ်ရမည်။စာအိတ်ထဲကငွေ(၅)ဒေါ်လာဖြင့်ကိုယ်ကြိုက်သည့်လုပ်ငန်း။သွားရင်းနှီးပြီး ငွေထပ်တိုးလာအောင်လုပ်ဆောရမည်။စာအိတ်ကို ဖောက်လိုက်သည်နှင့်ရင်းနှီးရမည့်အချိန် (၂)နာရီသာ လုပ်ရမည်။

(၁၄)သင်းစလုံး ရင်းနှီးမှုပြုလုပ်ခဲ့ပြီးပါက။၂ နာရီအတွင်း ရင်းနှီးခဲ့သည့် ပုံစံ။လုပ်ဆောင်ချက်။ပြန်ရလာသည့်ငွေ၊ စသည့်လုပ်ဆောင်ခဲ့သမျှကို။အခန်းရှေ့သို့ထွက်ပြီးကျောင်းသား/သူ အားလုံးရဲ့ ရှေ့၌ပြန်လည်ရှင်းလင်း ပြောပြရမည်ဖြစ်သည်။

အသင်း(၁)သင်းစီရဲ့ရှင်းလင်းပြောကြားရမည့်အချိန်ဟာ (၃)မိနစ်စီသာရရှိမည်ဖြစ်သည်။ဒီစိန်ခေါ်မှုမှာရင်းနှီးပြီး ငွေပြန်မရသည့် အသင်းရှိသလို၊ငွေအတော်အသင့် ပြန်ရလာသည့်အသင်းလဲ ရှိသည်။အံ့အားသင့် စရာကအသင်း (၁)သင်းဟာ

ဒေါ်လာ (၆၀၀)ကျော်အထိအမြတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။မြန်မာငွေ ကျပ်(၇သိန်း ၈သောင်း)ဝန်းကျင်။ထူးဆန်းသည်က စာအိတ်ထဲကငွေ(၅)ဒေါ်လာကို တပြားတချက်မျှမထိခဲ့ဘူးလို့လဲ သိရသည်။ငွေ(၅)ဒေါ်လာမှ = ငွေ(၆၀၀)ဒေါ်လာထိဆိုတော့၄၀၀၀% အမြတ်ရရှိခြင်းဖြစ်သည်။၂ နာရီအတွင်းထဲနှင့်ူဒီအသင်းဘယ်လိုလုပ်ခဲ့ပါသလဲ ??ဟုတ်ကဲ့။သူတို့ အသင်းရဲလုပ်ဆောင်ချက်တွေ မဖော်ပြခင်။အခြားအသင်းများလုပ်ဆောင်ချက်တွေကိုအနည်းငယ်ဖော်ပြချင်ပါတယ်။

အသင်း = (၁)ငွေ (၅)ဒေါ်လာဖြင့်တာယာ လေထိုးစက်၊လေစစ်ဆေးစက်၊ တွေကို ငြားရမ်းလာပြီးကျောင်းတွင်းကကား၊ ဆိုင်ကယ်၊ စက်ဘီးပါကင်ထိုးသည့်နေရာရဲ့ အနီးမှာဝန်ဆောင်မှုပေးသည်။

တာယာ စစ်ဆေးခ၊လေထိုးခတွေကို ဝန်ဆောင်ကြေးယဉ်တစ်စီးကို (၁)ဒေါ်လာ ကောက်ခံသည်။ဖြစ်ချင်တော့ ယဉ်စီးနှင်းသူကျောင်းသား/သူများသဘောကျကြသည်။လမ်းကြုံတုံးလေး ကိုယ့်ယဉ်ရဲ့တာယာ၊ လေ၊ တွေကို စစ်ဆေးကြသည်။ခဏကြာတော့သင်းသားတွေဟာအိုင်တီယာတခုထွက်ပီး။စမ်းသပ်ချင်သည့်စိတ်ဖြင့်။

ဝန်ဆောင်ခ ငွေ(၁)ဒေါ်လာမကောက်တော့ပဲ။ယဉ်ပိုင်ရှင်ကသာ၊ ဝန်ဆောင်ခကိုစေတနာရှိသလောက်၊ပေးချင်သလောက်ပေး။ဆိုသည့် ဆိုင်းပုဒ်ပြန်ပြောင်းလိုက်သည်။

ရလဒ်ကတော့ဝန်ဆောင်ခ ပိုအရ များလာခြင်းဖြစ်သည်။တချို့ ယဉ်ပိုင်ရှင်တွေဟာ(၃)ဒေါ်လာမှ (၅)ဒေါ်လာထိထုတ်ပေးကြသည်။ဒီလို စွမ်းဆောင်မှုကတော့ပြသနာတွေကို အကဲခတ်ပြီးပြုပြင်နိုင်စွမ်းရှိခြင်းပဲဖြစ်သည်။ကျန်ရှိသည့်အသင်းများဟာလဲဓာတ်ပုံရိုက်ခြင်း။ကျောင်းတွင်းသို့ချိုချဉ်၊ မုန့်၊ အရောင်းအဝယ်လုပ်ခြင်း။

popular ဖြစ်တဲ့ သီချင်းခွေထုတ်လုပ်ရောင်းခြင်း။ကျန်သည့် ကျောင်းသား/သူ အားလုံးရဲဝင်ငွေ၊ အမြတ်ငွေတွေကတော့ မဆိုးကြပါ။ဒါပေမဲ့ငွေလုံး၀ ရှာလို့မရတဲ့ အသင်းလဲရှိပါတယ်။သူတို့အသင်းကတော့စာအိတ်ထဲက ငွေ(၅)ဒေါ်လာကိုထီသွားဝယ်လိုက်သည်။ထီမပေါက်ပါ။ကံနဲ့ကစားလို့ အရင်းနှီးပါပြုတ်သွားရော။ဒေါ်လာ (၆၀၀) ရှာနိုင်သည့်အသင်း။

ဟုတ်ကဲ့….သူတို့အသင်းကေတာ့အိုင်ဒီယာ အတ်ာလေးကောင်းပါတယ်။စာအိတ်ထဲက ငွေ(၅)ဒေါ်ကို အာရုံမစိုက်။အခန်းရွေ့ထွက်ပြီး။ကျောင်းသား/သူများရဲ့ ရွေ့သို့ရွင်းလင်းပြောကြားရမည်။

(၃)မိနစ် အချိန်လေးကိုသာအသုံးချဖို့ အာရုံစိုက်သည်။လုပ်ဆောင်ချက်။ကုမ္ပဏီတစ်ခုသို့ သူတို့ သွားသည်။ကုမ္ပဏီ အကြီးအကဲနှင့် တွေ့စုံသည်။သူတို့ကျောင်းမှာ ပြုလုပ်နေသည့်စိန်ခေါ်မှုအကြောင်းအားလုံးကိုရှင်းလင်းပြောပြသည်။

ကျောင်းသား/သူ အားလုံးရှေ့၌(၃)မိနစ် စကားပြောရမည့် အချိန်မှာကုမ္ပဏီအကြောင်းကို ကြော်ညာပေးခြင်း။ကုမ္ပဏီရဲ့ ကုန်ပစ္စည်းကို ရောင်းပေးခြင်း။ကျောင်းသား/သူ(၁၄)သင်းဆိုသည်မှာနည်းသည့် လူတွေ မဟုတ်၊အခြားကျောင်းသား/သူတွေလည်း ရှိသေးသည်။ဒီလူအများရဲ့ရှေ့၌ကုမ္ပဏီအကြောင်းတွေကိုကြော်ညာပေးမည်ဆိုပါက။

ကုမ္ပဏီအတွက် အကျိုးရှိမည်။ကြော်ညာခ စရိတ်အတွက်သူတို့အသင်း ဒေါ်လာ(၆၀၀)ရချင်သည်ဟု ကမ်းလှမ်းလိုက်သည်။ကုမ္ပဏီအကြီးအကဲလည်းသူတို့အသင်းကို သဘောကြသည်။ကမ်းလှမ်းမှုကို လက်ခံပြီးဒေါ်လာ(၆၀၀) ထုတ်ပေးလိုက်သည်။

အသင်းအားလုံး ရင်းနှီးပြီးဆုံးချိန်။အခန်းရှေ့ထွက်ပြီး။ကိုယ့်အိုင်ဒီယာငွေရှာလာသည့် ပုံစံ။ရရှိလာသည့် အတွေ့အကြုံတွေကိုရှင်းလင်းပြောပြကြသည်။ငွေအများဆုံး ရသည့်အသင်းကတော့ကုမ္ပဏီအကြောင်းကုန်ပစ္စည်းတွေကို ကြော်ညာပေးရင်းသူ့တို့ရဲ့ အိုင်ဒီယာအကြောင်းကိုပါရှင်းလင်းပြောပြသည်။

ဒီအဖြစ်အပျက်ကို ဒီလောက်နှင့်ပဲ အဆုံးသတ်လိုက်ပါတော့မည်။အရင်းအနှီး တစ်ပြားမှ မသုံးပဲ။ငွေ (၆၀၀) ဒေါ်လာရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ကျောင်းသား/သူ တွေဟာ။ဘာတွေ သင်ပေးသွားပါသလဲ။ ???

ဟုတ်ကဲ့။ကိုယ့်မှာ ရှိတဲ့ ငွေအင်အားကိုမကြည့်သင့်ပါ။အာရုံမစိုက်သင့်ပါ။ကိုယ့်မှာ ရှိသည့် ညဏ်ရည်ကိုသာအသုံးချလိုက်ခြင်းဖြစ်သည်။အကယ်၍ငွေ ၁၅ သိန်းရှိမှ။

သိန်း ၃၀ ရှိမှ။သိန်း ၁၀၀ ရှိမှ။ရင်းနှီးနိုင်မယ်။လုပ်နိုင်မယ် လို့သာတွေးနေရင်အာရုံစိုက်နေရင် မင်းဦးနှောက်ကို မင်းပဲပြန်ပိတ်ပင်လိမ့်မယ်။ဘာ အိုင်ဒီယာမှ မထွက်ပါ စိတ်ကူးကောင်းမှလဲထွက်လာမှာ မဟုတ်။

မင်းဝင်ငွေ များချင်လို့။ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တာလေ။ငွေရှာချင်တာလေ။ငွေရှာဖို့အတွက်ကိုငွေမရှိဘူး၊အရင်းနှီးနည်းတယ်လို့သာစွတ်ပြောနေရင် ရယ်စရာ ဖြစ်လိမ့်မယ်။

တကယ်တော့ငွေထက် တန်ဖိုးကြီးတာမင်း ခေါင်းပဲ။ခေါင်းသုံးပါ၊ ညဏ်သုံးပါ။အိုင်ဒီယာသုံးပါ။အဲ့ဒီအရာတွေက ငွေထက်သန်းပေါင်းများစွာ တန်ဖိုးရှိတယ်။မြန်မာနိုင်ငံထဲကအရင်းနှီး နည်းနည်းနဲ့လုပ်ငန်းစကြတဲ့ လူအတော်များများကို တွေ့ဖူးသည်။

အင်တာဗျူးဖူးသည်။အဲ့ထဲက တစ်ယောက်အကြောင်းကိုအရင် ရေးတင်ပြချင်ပါတယ်။ကျန်တာက နောက်မှဆက်လက်တင်ပြမည်။

သူကကောင်မလေးပါ။ဒုတိယနှစ်၊ အဝေးသင်ကျောင်းသူ။၁၀ တန်းပြီးတာနှင့်။နံနက် ၄ နာရီနိုးသည်။ဝက်ခေါက်၊ ကြက်ခေါက်တွေကြော်သည်။ ဈေးသို့တင်ရောင်းသည်။နေ့ခင်းပိုင်းမှ ညနေအထိလေယဉ်လက်မှတ်ရောင်းကိုယ်စားလှယ်လုပ်သည်။ဆိုင်ခန်းငယ်ကလေးဖြင့်လေယဉ် လက်မှတ်ရောင်းနေသည်။

သိပ်မကြာမှာပဲဆိုင်ကို အလှဆင်ပြီး။အမျိုးသမီးအိတ် ကလေးတွေကိုအနည်းအကျင်းတင်ရောင်းသည်။နောက်ထပ် မကြာခင်မှာပဲသူသဘောကျသည့် အင်္ကျီတွေ၊သူသဘောကျသည့်လက်ဆောင်ပစ္စည်းတွေကိုအနည်းအကျင်း တင်ရောင်းသည်။

သူလုပ်ချင်တာကိုတတ်နိုင်သလောက်သူလုပ်လာသည်။အခုလဲ သူပုံနှိပ်စက်တွေပါလုပ်နေသည်။ပုံနှိပ်သည့် နေရာက အိမ်မှာ။ပစ္စည်း/အလုပ် လက်ခံတာကဆိုင်မှာ ဖြစ်သည်။

သူမ လုပ်ချင်တာကိုတစ်ခုပြီး တစ်ခု။တစ်ဆင့်ပြီး တစ်ဆင့်။တတ်နိုင်သလောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ဟုတ်ကဲ့ သူမလည်းသူ့ အိုင်ဒီယာကိုအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

စာဖတ်သူလည်း‌ငွေကို ဦးစားမပေးသင့်။ငွေကို အာရုံမစိုက်သင့်။ငွေ ဒီလောက်ရှိမှငွေ ဟိုလောက်ရှိမှ ဆိုတာပတ်ဝန်းကျင်က သတ်မှတ်ထားတာပါ။ငွေကို အာရုံစိုက်နေရင်။ဦးနှောက်လုပ်ဆောင်ချက်တွေ။စိတ်းကူးကောင်းတွေ။အိုင်ဒီယာကောင်းတွေကိုပါ။ဖြတ်စီးပြစ်လိမ့်မယ်။

ကိုယ် ဘာကျွမ်းကျင်တာ ကိုယ် ဘာတွေ့ထားတယ်။ကိုယ် ဘာလုပ်သင့်တယ်။ဘယ်အခွင့်အရေးကို ယူသင့်တယ်။စသည့်အချက်တွေကို သိပါစေ။မသိသေးလဲ အဖြေရှာ။ကိုယ့်မှာ အိုင်ဒီယာကောင်းတွေရှိရင်။

လက်တွေ့ လုပ်လိုက်ပါ။တတ်နိုင်သလောက် စလုပ်ပါ။လုပ်ပြီး မအောင်မြင်သေးပေမဲ့အားမငယပြါနဲ့။ပြသနာတွေကို သိရှိလာမယ်။ဖြေရှင်းတတ်လာမယ်။အစပိုင်း ဝင်ငွေနည်းနေပေမဲ့ဝင်ငွေ များလာအောင်လုပ်နိုင်မည့် နည်းလမ်းတွေကိုအဖြေရှာတတ်လာမယ်။ရည်မှန်းချက်ကို အလှမ်းမဝေးပါစေနှင့်

ဥပမာ(၁)လမှာ ဝင်ငွေ (၃)သိန်းရှိတယ်။ည်မှန်းချက်က နောက်လမှာဝင်ငွေ(၁၅)သိန်းတိုးချင်တယ်ဆိုရင်တော့။ဦးနှောက်က မဖြစ်နိုင်တဲ့အကြောင်းတွေပဲ တွေးလိမ့်မယ်။

ဝင်ငွေ (၃)သိန်းရှိရင်နောက် လမှာ(၅)သိန်းဝင်နိုင်အောင် ရည်မှန်းထားပါ။အာ့မှ ဦးနှောက်လဲအလှမ်းမဝေးတဲ့ ရည်မှန်းချက်ကိုဖြစ်မြှောက်အောင် အဖြေရှာပေးလိမ့်မည်။

အိုင်ဒီယာရှိပြီးလက်တွေ့မလုပ်သေးပဲ။အစဉ်စီချလိုက်။ဟိုဟာ စောင့်လိုက်၊ဒီဟာ စောင့်လိုက် ဆိုရင်တော့ဘဝက ဘာမှ ဖြစ်မြှောက်လာမှာမဟုတ်ပါဘူး။ငွေထက် တန်ဖိုးကြီးတာမင်း ခေါင်းပါ။က်တွေ့လုပ်ဖို့လဲ လိုတယ်။

စာဖတ်သူလဲ အရင်းအနှီးကိစ္စကို ဘယ်လိုမြင်ပါသလဲ၊ဘယ်လိုယူစပါသလဲ၊ ဆိုတာကိုComment ပေးကြပါလို့။ဗဟုသုတတွေမျှဝေရင်းအပိုင်း(၂)မှာဆက်လက်ဆွေးနွေးသွားကြမယ်။အားလုံးငွေကြေးရေးအဆင်ပြေကြပါစေ။

Credit

Leave a Reply

Your email address will not be published.