မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း.ဒီစာလေးသင်ဖတ်ကြည့်သင့်ပါတယ်

Posted by

ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင် (အဖေကို ချစ်သူများ….ဖခင်မေတ္တာဆိုတာ)

မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက် လာတယ်။

“ဆရာ အစောကြီးလာရတာ အားတော့ နာပါတယ်။

ဒါပေမယ့် ကလေးက အပူကြီးနေလို့ပါ”

“ဟုတ် ရပါတယ်။ ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါ”

ထိုလူက၁၃နှစ်အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယ နဲ့ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးတယ်။

ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။ကလေးအသက်က ၁၃ နှစ်ပါ။

လိုအပ်တဲ့ ဆေးထိုးပေး။သောက်ဆေးတွေ ပေးပြီးတဲ့အခါ”ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲ”

တကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာ။

သောက်ဆေးသုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။

ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူး။

“နှစ်ထောင်ကျပါတယ်”

“ဟုတ်ဆရာ။ တော်သေးတယ်။

ကျနော်မှာလည်း နှစ်ထောင် ကွက်တိပဲပါတာ”

ကျနော်က ခေါင်းညိတ်ရင်း ပြုံးပြတော့ ထိုလူက

“ဟိုလေ…ဆရာ။ဟိုလေ..”

“ဟုတ်။ပြောပါ…”

“ကျနော်ကို အကိုက်အခဲ ပျောက်ဆေးတစ်လုံးလောက်ပေးပါ့လား။ ညောင်းကိုက်နေလို့ပါ”

အနောက်မှာ လူနာရောက်လာလို့ သူ့ကို ဘာစကားမှ မပြောဖြစ်တော့ဘဲ အကိုက်အခဲပျောက်ဆေး တစ်လုံးပေးလိုက်တယ်။

ည ၈နာရီကျော် ဆေးခန်းပိတ်ပြီးတဲ့အချိန်မှထိုလူနဲ့ ကလေးတစ်ယောက် ကျနော်ဆေးခန်း ပြန်ရောက်လာတယ်။

“ဆရာရေ။ မနက်က သားကြီး။ အခုက သားငယ်။

သားငယ်က မနက်က သိပ် မဖျားသေးဘူး။ အခုမှ အရမ်းပူလာလို့”ကလေးကို လိုအပ်တာတွေ စမ်းသပ် ။ဆေးထိုး။သောက်ဆေးပေးပြီးသကာလ

ထိုလူက”ဆရာ ဆေးဖိုး ဘယ်လောက် ကန်တော့ရမလဲ””နှစ်ထောင်ကျပါတယ်”ဆေးထုပ်လေးတွေ ထိုလူ့ကို လှမ်းအပေး။

သူကလည်း လှမ်းယူပြီး ဆေးဖိုးပြန်ပေးရင်း”ဒါနဲ့ဆရာ။ မနက်က ပေးတဲ့ အကိုက်အခဲ ပျောက်ဆေးလေး

တစ်လုံးလောက်ကျနော့်ကို ပြန်ပေးပါဦး”အကိုက်အခဲ ပျောက်ဆေးဆိုတာ မကြာခဏ မသောက်ရဘူးလို့ ကျနော်ပါးစပ်ကပြောမယ်ကြံတုန်း ကျနော်လက်နဲ့ သူ့လက် ထိလိုက်မိစဉ်ခဏတစ်စုံတစ်ခု ကို ကျနော် သတိထားမိသွားတယ်။

“ဟာ…ခင်ဗျားကိုယ်တွေ ခြစ်ခြစ်တောက်ပူနေတာပဲ နေမကောင်းဘူးလား”ထိုလူ့မျက်ဝန်းတွေက မှိုင်းညို့သွားတယ်။တစ်စုံတစ်ခုကို ပြောဖို့ ဆွံ့အနေပုံရတယ်။

၁၀နှစ်အရွယ် ကလေးငယ်က မဝံ့မရဲနဲ့ စကားဝင်ပြောတယ်။

“အဖေလည်း ဖျားနေတာ ဆရာ။ ဆေး”

“အငယ်ကောင်..တော်စမ်း။ကလေးက ကလေးနေရာနေ”ထိုလူက သူ့သားကို အော်တော့ ကလေးငယ်ကပြောလက်စ စကားတန်းလန်းနဲ့ စကားဆက်မပြောတော့ဘူး။

“ကလေးကို မအော်ပါနဲ့ဗျ။ ပြောသား…ဘာဖြစ်လို့လဲ။မကြောက်နဲ့..ပြော”ကလေးငယ်က သူ့အဖေကို ကြည့်တယ်။

ထိုလူ က ကျနော်ဝင်ပြောထားတော့ သူ့သားကို ဘာမှထပ်မပြောတော့ဘူး။

“ပြောလေသား””အဖေ ဖျား နေတာ သုံးရက်ရှိပြီဆရာ။

မနက်က ကိုကြီးထိုးပေးဖို့ ဆေးဖိုးပဲ ရှိလို့ ကိုကြီးကို အရင်ဆုံးဆေးလိုက်ထိုးပေးတာ။

ဒီနေ့ တောကအပြန် နှမ်းရိတ်လို့ရတဲ့ ပိုက်ဆံ နဲ့မှ သားကို ဆေးလိုက်ထိုးပေးတာ။”

အို….တကယ်ပါ။ ကျနော်မျက်ဝန်းက မျက်ရည်တွေ အလိုလိုကျလာတယ်။

နေမကောင်းတဲ့ ကလေးငယ်ကို ဆေးထိုးပေးဖို့ အပြင်းဖျားနေတဲ့ အဖေက တစ်နေကုန် နှမ်းရိတ်နေခဲ့တယ်တဲ့လား။

အဖေ့မေတ္တာဆိုတာ….။ ကလေးတွေ ကံကောင်းလိုက်တာ။

စည်းစိမ်ဥစ္စာ မချမ်းသာပေမယ့် မေတ္တာ တရားကြွယ်ဝတဲ့ ဒီလို အဖေမျိုးကို ပိုင်ဆိုင်ခွင့်ရထားတယ်။

မေတ္တာ တရားကြီးမားတဲ့ အဖေတစ်ယောက်ကို အခမဲ့ ဆေးကုသပေးခွင့် ရခဲ့တဲ့ ကျနော်လည်း ကလေးများနည်းတူ ကံကောင်းခဲ့ပါတယ်။

Zawgyi(version)

ကိုယ္တိုင္က ေနမေကာင္းေနေပမယ့္ သား၂ေယာက္ကို ေဆးခန္းျပဖို႔အတြက္ အကိုက္အခဲေပ်ာက္ေဆးေသာက္ၿပီး တစ္ေနကုန္ ႏွမ္းရိတ္ခဲ့တဲ့ဖခင္ (အေဖကို ခ်စ္သူမ်ား.ဖခင္ေမတၱာဆိုတာ)

မနက္၆နာရီ ေဆးခန္းမဖြင့္ခင္ က်ေနာ့္ေဆးခန္းကို သားဖႏွစ္ေယာက္ လာတယ္။

ဆရာ အေစာႀကီးလာရတာ အားေတာ့ နာပါတယ္။

ဒါေပမယ့္ ကေလးက အပူႀကီးေနလို႔ပါ

ဟုတ္ ရပါတယ္။ ကေလးကို ကုတင္ေပၚတက္ခိုင္းလိုက္ပါ

ထိုလူက၁၃ႏွစ္အ႐ြယ္ သူ႕သားကို လသား ကေလးငယ္လို တယုတယ နဲ႕ေပြ႕ခ်ီၿပီး ကုတင္ေပၚတင္ေပးတယ္။

ကေလးကို က်ေနာ္စမ္းသပ္ၾကည့္ေတာ့ အဆုတ္ကို အေအးပတ္ထားတဲ့ လကၡဏာ ေတြေတြ႕ရတယ္။ကေလးအသက္က ၁၃ ႏွစ္ပါ။

လိုအပ္တဲ့ ေဆးထိုးေပး။ေသာက္ေဆးေတြ ေပးၿပီးတဲ့အခါဆရာ ေဆးဖိုးဘယ္ေလာက္ကန္ေတာ့ရမလဲ

တကယ္ေတာ့ ေသာက္ေဆးသုံးရက္စာ ေပးလိုက္တာ။

ေသာက္ေဆးသုံးရက္စာ ေပးရင္ သုံးေထာင္ ေတာင္းေနက်။

ဒါေပမယ့္ သူတို႔ၾကည့္ရတာ အဆင္ေျပပုံမရပါဘူး။

ႏွစ္ေထာင္က်ပါတယ္

ဟုတ္ဆရာ။ ေတာ္ေသးတယ္။

က်ေနာ္မွာလည္း ႏွစ္ေထာင္ ကြက္တိပဲပါတာ

က်ေနာ္က ေခါင္းညိတ္ရင္း ၿပဳံးျပေတာ့ ထိုလူက

ဟိုေလဆရာ။ဟိုေလ..

ဟုတ္။ေျပာပါ

က်ေနာ္ကို အကိုက္အခဲ ေပ်ာက္ေဆးတစ္လုံးေလာက္ေပးပါ့လား။ ေညာင္းကိုက္ေနလို႔ပါ

အေနာက္မွာ လူနာေရာက္လာလို႔ သူ႕ကို ဘာစကားမွ မေျပာျဖစ္ေတာ့ဘဲ အကိုက္အခဲေပ်ာက္ေဆး တစ္လုံးေပးလိုက္တယ္။

ည ၈နာရီေက်ာ္ ေဆးခန္းပိတ္ၿပီးတဲ့အခ်ိန္မွထိုလူနဲ႕ ကေလးတစ္ေယာက္ က်ေနာ္ေဆးခန္း ျပန္ေရာက္လာတယ္။

ဆရာေရ။ မနက္က သားႀကီး။ အခုက သားငယ္။

သားငယ္က မနက္က သိပ္ မဖ်ားေသးဘူး။ အခုမွ အရမ္းပူလာလို႔ကေလးကို လိုအပ္တာေတြ စမ္းသပ္ ။ေဆးထိုး။ေသာက္ေဆးေပးၿပီးသကာလ

ထိုလူကဆရာ ေဆးဖိုး ဘယ္ေလာက္ ကန္ေတာ့ရမလဲႏွစ္ေထာင္က်ပါတယ္ေဆးထုပ္ေလးေတြ ထိုလူ႕ကို လွမ္းအေပး။

သူကလည္း လွမ္းယူၿပီး ေဆးဖိုးျပန္ေပးရင္းဒါနဲ႕ဆရာ။ မနက္က ေပးတဲ့ အကိုက္အခဲ ေပ်ာက္ေဆးေလး

တစ္လုံးေလာက္က်ေနာ့္ကို ျပန္ေပးပါဦးအကိုက္အခဲ ေပ်ာက္ေဆးဆိုတာ မၾကာခဏ မေသာက္ရဘူးလို႔ က်ေနာ္ပါးစပ္ကေျပာမယ္ႀကံတုန္း က်ေနာ္လက္နဲ႕ သူ႕လက္ ထိလိုက္မိစဥ္ခဏတစ္စုံတစ္ခု ကို က်ေနာ္ သတိထားမိသြားတယ္။

ဟာခင္ဗ်ားကိုယ္ေတြ ျခစ္ျခစ္ေတာက္ပူေနတာပဲ ေနမေကာင္းဘူးလားထိုလူ႕မ်က္ဝန္းေတြက မွိုင္းညို႔သြားတယ္။တစ္စုံတစ္ခုကို ေျပာဖို႔ ဆြံ႕အေနပုံရတယ္။

၁၀ႏွစ္အ႐ြယ္ ကေလးငယ္က မဝံ့မရဲနဲ႕ စကားဝင္ေျပာတယ္။

အေဖလည္း ဖ်ားေနတာ ဆရာ။ ေဆး

အငယ္ေကာင္..ေတာ္စမ္း။ကေလးက ကေလးေနရာေနထိုလူက သူ႕သားကို ေအာ္ေတာ့ ကေလးငယ္ကေျပာလက္စ စကားတန္းလန္းနဲ႕ စကားဆက္မေျပာေတာ့ဘူး။

ကေလးကို မေအာ္ပါနဲ႕ဗ်။ ေျပာသားဘာျဖစ္လို႔လဲ။မေၾကာက္နဲ႕..ေျပာကေလးငယ္က သူ႕အေဖကို ၾကည့္တယ္။

ထိုလူ က က်ေနာ္ဝင္ေျပာထားေတာ့ သူ႕သားကို ဘာမွထပ္မေျပာေတာ့ဘူး။

ေျပာေလသားအေဖ ဖ်ား ေနတာ သုံးရက္ရွိၿပီဆရာ။

မနက္က ကိုႀကီးထိုးေပးဖို႔ ေဆးဖိုးပဲ ရွိလို႔ ကိုႀကီးကို အရင္ဆုံးေဆးလိုက္ထိုးေပးတာ။

ဒီေန႕ ေတာကအျပန္ ႏွမ္းရိတ္လို႔ရတဲ့ ပိုက္ဆံ နဲ႕မွ သားကို ေဆးလိုက္ထိုးေပးတာ။

အို.တကယ္ပါ။ က်ေနာ္မ်က္ဝန္းက မ်က္ရည္ေတြ အလိုလိုက်လာတယ္။

ေနမေကာင္းတဲ့ ကေလးငယ္ကို ေဆးထိုးေပးဖို႔ အျပင္းဖ်ားေနတဲ့ အေဖက တစ္ေနကုန္ ႏွမ္းရိတ္ေနခဲ့တယ္တဲ့လား။

အေဖ့ေမတၱာဆိုတာ.။ ကေလးေတြ ကံေကာင္းလိုက္တာ။

စည္းစိမ္ဥစၥာ မခ်မ္းသာေပမယ့္ ေမတၱာ တရားႂကြယ္ဝတဲ့ ဒီလို အေဖမ်ိဳးကို ပိုင္ဆိုင္ခြင့္ရထားတယ္။

ေမတၱာ တရားႀကီးမားတဲ့ အေဖတစ္ေယာက္ကို အခမဲ့ ေဆးကုသေပးခြင့္ ရခဲ့တဲ့ က်ေနာ္လည္း ကေလးမ်ားနည္းတူ ကံေကာင္းခဲ့ပါတယ္။