နှစ်ပေါင်း ၅ သောင်းမှာ ၁ ကြိမ်သာ တွေ့ခဲ့ရသော ရှားပါးသည့် အစိမ်းရောင် ကြယ်တံခွန်ကြီး ကမ္ဘာ့အနီးဆုံးမှ ဖြတ်သန်းမည်

Posted by

နှစ်ပေါင်း ၅ သောင်းမှာ ၁ ကြိမ်သာ တွေ့ခဲ့ရသော ရှားပါးသည့် အစိမ်းရောင် ကြယ်တံခွန်ကြီး ကမ္ဘာ့အနီးဆုံးမှ ဖြတ်သန်းမည်

လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြယ်တံခွန် C/2022 E3 (ZTF) ဟာ ကမ္ဘာနှင့် နီးကပ်လာမည်ဖြစ်ပြီး သာမန်မျက်စိဖြင့် မြင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာနှစ်ပေါင်း ၅၀,၀၀၀ မှာတစ်ကြိမ် ကြုံတောင့်ကြုံခဲ ရှားပါးလှတဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့တည်း ဆိုကြပါတယ်။

အဆိုပါကြယ်တံခွန်ကို Zwicky Transient Facility မှာရှိတဲ့ ကွင်းပြင်ကျယ် လေ့လာဆန်းစစ်ရေးဆိုင်ရာ ကင်မရာကနေ နက္ခတ္တဗေဒပညာရှင်တွေက ယမန်နှစ် မတ်လတွင် စတင်တွေ့ရှိခဲ့တာလို့ NASA မှ ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကြွေကျနေတဲ့ကြယ်ဟာ ဂျူပီတာ၏ပတ်လမ်းကို ဖြတ်သွားခဲ့ပြီး အဲ့ဒီကစကာ ကြီးထွားလာခဲ့တယ်လို့ သိရပါတယ်ယ။

အဆိုပါကြယ်တံခွန်သည် ဇန်နဝါရီ ၁၂ ရက်တွင် နေနှင့် နီးကပ်လာပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ကမ္ဘာနှင့် အနီးဆုံးကနေဖြတ်သန်းသွားမှာဖြစ်ပါတယ်။

တယ်လီစကုပ်မရှိသူတွေအပါအဝင် မည်သူမဆို မြင်တွေ့နိုင်ပြီး မြို့ရဲ့အလင်းရောင် ဒါမှမဟုတ် လသာနေတယ်ဆိုရင်တော့ ကြယ်တံခွန်သည်ကောင်းကင်ကို သိပ်ပြီးလင်းထိန်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

crd

Zawgyi(version)








crd