နေ့စဉ်မပြတ်အစာကျွေးတဲ့အမျိုးသမီး ကွယ်လွန်သွားပြီးတဲ့နောက် နောက်ဆုံးအကြိမ် နှုတ်ဆက်နိုင်ရန် ဈာပနသို့ တစုတစည်းရောက်ရှိလာခဲ့ကြတဲ့ ခွေးလေလွင့်များ

Posted by

နေ့စဉ်မပြတ်အစာကျွေးတဲ့အမျိုးသမီး ကွယ်လွန်သွားပြီးတဲ့နောက် နောက်ဆုံးအကြိမ် နှုတ်ဆက်နိုင်ရန် ဈာပနသို့ တစုတစည်းရောက်ရှိလာခဲ့ကြတဲ့ ခွေးလေလွင့်များ

မက္ကဆီကိုနိုင်ငံမှ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Margarita Suarez ဟာ သူမ ဤကမ္ဘာပေါ်မှာအသက်ရှိထင်ရှားရှိနေစဉ် နေ့တိုင်း သူမရဲ့ရှေ့မှာ လာလာစုဝေးတတ်တဲ့ ခွေးလေခွေးလွင့်များကို အမြဲအစာကျွေးပေးခဲ့ပါတယ်။ သူမဟာခွေးလေခွေးလွင့်များအတွက် သနားကြင်နာတဲ့စိတ်ရှိပြီး သူမ ဘဝအားဖြတ်သန်းနေသည့်အချိန်အထိ အလားတူခွေးများကလည်း သူမထံ နေ့တိုင်း ရောက်လာခဲ့ကြပါတယ်။ နေ့တိုင်း အစာစားရဖို့ Margarita ထံရောက်လာတဲ့ ခွေးလေခွေးလွင့်အကောင် ၂၀ နီးပါးရှိပြီး တစ်နေရာတည်းမှာ နေ့စဉ်စုရုံးနေတဲ့ ခွေးလေခွေးလွင့်အုပ်စုအတွက်၊ ဤသည်မှာ အလွန်များပြားပြီး အထူးအဆန်းဖြစ်စေပါတယ်။

Margarita ဟာ သူ့အိမ်ရှေ့မှာ ခွေးလေခွေးလွင့်တွေကို အစာကျွေးရုံသာမက လမ်းသွားရင်းမှာတွေ့ရင်လည်း အစာကျွေးတတ်ပါတယ်။ သို့ပေမဲ့ သိပ်မကြာခင်မှာပဲ Margarita ဟာ နာမကျန်းဖြစ်ပြီး လူ့လောကကနေ ထာဝရထွက်ခွာသွားခဲ့ပါတယ်။ဒါပေမယ့် လူတော်တော်များများအတွက် အံ့အားသင့်စရာကတော့ ၎င်းခွေးလေခွေးလွင့် အကောင် ၂၀ ကျော်လောက်က သူမကို နောက်ဆုံးအကြိမ်တွေ့ဖို့ လာခဲ့ကြတာပါဘဲ။

ဒါပေမယ့် သူမအစာကျွေးခဲ့တဲ့ ခွေးလေခွေးလွင့်တွေက Margarita ရဲ့နေအိမ်အသစ်ကို ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကိုတော့ ပိုပြီးအထူးအဆန်းဖြစ်စေခဲ့ပြီး သူမရဲ့အိမ်အသစ်ဟာ သူမရဲ့မူလအိမ်မှ 10 ကီလိုမီတာကျော်အကွာတွင်ရှိပေမဲ့လည်း ခွေးလေးတွေဟာ သူမပြောင်းသွားသည့်နေရာကို ခံစားသိရှိနိုင်ခဲ့ပုံရပါတယ်။

စိတ်ကောင်းနှလုံးကောင်းရှိတဲ့ဒီအမျိုးသမီး ကွယ်လွန်သွားချိန်မှာတော့ ၎င်းခွေးလေခွေးလွင့် အကောင် 20 ကျော်လောက်ဟာ သူမရဲ့ဈာပနပွဲသို့ ရောက်လာခဲ့ကြပြီး ၎င်းတို့အားလုံးဟာ ဈာပနပွဲမှာ ငြိမ်သက်စွာ တိတ်တဆိတ်အနေအထိုင်နေခဲ့ကြပါတယ်။

ခွေးလေးတွေမှာ လူသားတို့နားမလည်နိုင်တဲ့ မက်ဆေ့ချ်များအချင်းချင်းပေးပို့ရန် လျှို့ဝှက်နည်းလမ်းများရှိကောင်းရှိနိုင်ပါတယ်။ ၎င်းတို့ဟာ လူသားတွေလို ပြောဆိုဆက်ဆံခြင်းမျိုး မပြုကြပေမဲ့လည်း၊ ၎င်းတို့ဟာ အလွန်အားကောင်းတဲ့အာရုံခံနိုင်စွမ်းများရှိပြီး လူသားတစ်ဦး အထူးသဖြင့် ၎င်းတို့သဘောကျတဲ့လူသားတစ်ဦး ကွယ်လွန်သွားတဲ့အခါ ၎င်းကိုချက်ခြင်းသိနိုင်ကြပါတယ်။

လူသားတွေလိုဘဲ ၎င်းတို့မှာလည်း ဝမ်းနည်းခြင်း၊ ကျေးဇူးတင်ခြင်း၊ သနားကြင်နာခြင်းတို့ကိုလည်း ခံစားရတတ်ပြီး ၎င်းတို့အနေနဲ့ လူသားတစ်ယောက်ကိုချစ်မိသွားခဲ့ရင် ၎င်းဟာ ထာဝရတည်မြဲနေမှာပါဘဲဖြစ်ပါတယ်။

Zawgyi(version)

ေန႕စဥ္မျပတ္အစာေကြၽးတဲ့အမ်ိဳးသမီး ကြယ္လြန္သြားၿပီးတဲ့ေနာက္ ေနာက္ဆုံးအႀကိမ္ ႏႈတ္ဆက္နိုင္ရန္ ဈာပနသို႔ တစုတစည္းေရာက္ရွိလာခဲ့ၾကတဲ့ ေခြးေလလြင့္မ်ား

မကၠဆီကိုနိုင္ငံမွ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ Margarita Suarez ဟာ သူမ ဤကမၻာေပၚမွာအသက္ရွိထင္ရွားရွိေနစဥ္ ေန႕တိုင္း သူမရဲ႕ေရွ႕မွာ လာလာစုေဝးတတ္တဲ့ ေခြးေလေခြးလြင့္မ်ားကို အၿမဲအစာေကြၽးေပးခဲ့ပါတယ္။ သူမဟာေခြးေလေခြးလြင့္မ်ားအတြက္ သနားၾကင္နာတဲ့စိတ္ရွိၿပီး သူမ ဘဝအားျဖတ္သန္းေနသည့္အခ်ိန္အထိ အလားတူေခြးမ်ားကလည္း သူမထံ ေန႕တိုင္း ေရာက္လာခဲ့ၾကပါတယ္။ ေန႕တိုင္း အစာစားရဖို႔ Margarita ထံေရာက္လာတဲ့ ေခြးေလေခြးလြင့္အေကာင္ ၂၀ နီးပါးရွိၿပီး တစ္ေနရာတည္းမွာ ေန႕စဥ္စု႐ုံးေနတဲ့ ေခြးေလေခြးလြင့္အုပ္စုအတြက္၊ ဤသည္မွာ အလြန္မ်ားျပားၿပီး အထူးအဆန္းျဖစ္ေစပါတယ္။

Margarita ဟာ သူ႕အိမ္ေရွ႕မွာ ေခြးေလေခြးလြင့္ေတြကို အစာေကြၽး႐ုံသာမက လမ္းသြားရင္းမွာေတြ႕ရင္လည္း အစာေကြၽးတတ္ပါတယ္။ သို႔ေပမဲ့ သိပ္မၾကာခင္မွာပဲ Margarita ဟာ နာမက်န္းျဖစ္ၿပီး လူ႕ေလာကကေန ထာဝရထြက္ခြာသြားခဲ့ပါတယ္။ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားအတြက္ အံ့အားသင့္စရာကေတာ့ ၎ေခြးေလေခြးလြင့္ အေကာင္ ၂၀ ေက်ာ္ေလာက္က သူမကို ေနာက္ဆုံးအႀကိမ္ေတြ႕ဖို႔ လာခဲ့ၾကတာပါဘဲ။

ဒါေပမယ့္ သူမအစာေကြၽးခဲ့တဲ့ ေခြးေလေခြးလြင့္ေတြက Margarita ရဲ႕ေနအိမ္အသစ္ကို ဘယ္လိုရွာေတြ႕ခဲ့လဲဆိုတာကိုေတာ့ ပိုၿပီးအထူးအဆန္းျဖစ္ေစခဲ့ၿပီး သူမရဲ႕အိမ္အသစ္ဟာ သူမရဲ႕မူလအိမ္မွ 10 ကီလိုမီတာေက်ာ္အကြာတြင္ရွိေပမဲ့လည္း ေခြးေလးေတြဟာ သူမေျပာင္းသြားသည့္ေနရာကို ခံစားသိရွိနိုင္ခဲ့ပုံရပါတယ္။

စိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့ဒီအမ်ိဳးသမီး ကြယ္လြန္သြားခ်ိန္မွာေတာ့ ၎ေခြးေလေခြးလြင့္ အေကာင္ 20 ေက်ာ္ေလာက္ဟာ သူမရဲ႕ဈာပနပြဲသို႔ ေရာက္လာခဲ့ၾကၿပီး ၎တို႔အားလုံးဟာ ဈာပနပြဲမွာ ၿငိမ္သက္စြာ တိတ္တဆိတ္အေနအထိုင္ေနခဲ့ၾကပါတယ္။

ေခြးေလးေတြမွာ လူသားတို႔နားမလည္နိုင္တဲ့ မက္ေဆ့ခ်္မ်ားအခ်င္းခ်င္းေပးပို႔ရန္ လွ်ို႔ဝွက္နည္းလမ္းမ်ားရွိေကာင္းရွိနိုင္ပါတယ္။ ၎တို႔ဟာ လူသားေတြလို ေျပာဆိုဆက္ဆံျခင္းမ်ိဳး မျပဳၾကေပမဲ့လည္း၊ ၎တို႔ဟာ အလြန္အားေကာင္းတဲ့အာ႐ုံခံနိုင္စြမ္းမ်ားရွိၿပီး လူသားတစ္ဦး အထူးသျဖင့္ ၎တို႔သေဘာက်တဲ့လူသားတစ္ဦး ကြယ္လြန္သြားတဲ့အခါ ၎ကိုခ်က္ျခင္းသိနိုင္ၾကပါတယ္။

လူသားေတြလိုဘဲ ၎တို႔မွာလည္း ဝမ္းနည္းျခင္း၊ ေက်းဇူးတင္ျခင္း၊ သနားၾကင္နာျခင္းတို႔ကိုလည္း ခံစားရတတ္ၿပီး ၎တို႔အေနနဲ႕ လူသားတစ္ေယာက္ကိုခ်စ္မိသြားခဲ့ရင္ ၎ဟာ ထာဝရတည္ၿမဲေနမွာပါဘဲျဖစ္ပါတယ္။