ကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံရတဲ့ တေလာဆွစ်ဖ်ရဲ့ကြောင်ကလေ

Posted by

ကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံရတဲ့ တေလာဆွစ်ဖ်ရဲ့ကြောင်ကလေး

ပေါ့ပ်ဘုရင်မ အဆိုတော်တေလာဆွစ်ဖ်ရဲ့ကြောင်လေး အိုလီဗီယာဘန်ဆန်ဟာကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

Rolling Stone မဂ္ဂဇင်းရဲ့ကမ္ဘာ့အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်စာရင်းမှာ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၉၇ သန်းနဲ့ တတိယနေရာ ရောက်ခဲ့တာပါ။

All About Cats မီဒီယာကုမ္ပဏီက အင်စတာဂရမ်မှာ သူတို့ရဲ့ကျော်ကြားမှုအပေါ်အခြေခံပြီးတိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့တန်ဖိုးကိုသတ်မှတ်တယ်။

အင်စတာဂရမ်ပို့စ်တွေရဲ့ like တွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ဝင်ငွေတွေကို တွက်ချက်ဖို့ Influence Marketing Hub ကိုလည်း အသုံးပြုခဲ့တယ်လို့ Rolling Stone မဂ္ဂဇင်းက ဖော်ပြပါတယ်။

အိုလီဗီယာက အင်စတာဂရမ်အကောင့်တောင်မရှိပါဘူး။ ဒါပေမဲ့ သူက အင်စတာဂရမ်လောကအပြင်ဘက်မှာ အောင်မြင်မှုရရှိထားတာပါ။

သူ့သခင်တေလာဆွစ်ဖ်ရဲ့ MTV များစွာနဲ့ ဘတ်ဂျက်များတဲ့ ကုန်ပစ္စည်းကြော်ငြာတွေမှာပါဝင်ခဲ့တာကြောင့် ဝင်ငွေအများကြီးဝင်ခဲ့တာပါ။

၂၀၂၀ ခုနှစ်က တေလာဆွစ်ဖ်ဟာ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အိုလီဗီယာ ဘန်ဆန်ရဲ့ပုံတစ်ပုံကို တင်ခဲ့ရာမှ Like (၂) သန်းကျော်ရရှိခဲ့ပြီးနောက် အိုလီဗီယာက ကျော်ကြားလာခဲ့တာပါ။

ဂျာမန်သိုးထိန်းခွေး ဂန်သာ (၆) (Gunther VI) က ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၅၀၀နဲ့ ပထမနေရာ၊ နာလာ ကြောင် (Nala Cat) က ဒေါ်လာ သန်း၁၀၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

crd

Zawgyi(version)

ကမၻာ့တတိယေျမာက္အခ်မ္းသာဆုံးအိမ္ေမြးတိရစ္ဆာန္အျဖစ္ သတ္မွတ္ခံရတဲ့ ေတလာဆြစ္ဖ္ရဲ႕ေၾကာင္ကေလး

ေပါ့ပ္ဘုရင္မ အဆိုေတာ္ေတလာဆြစ္ဖ္ရဲ႕ေၾကာင္ေလး အိုလီဗီယာဘန္ဆန္ဟာကမၻာ့တတိယေျမာက္အခ်မ္းသာဆုံးအိမ္ေမြးတိရစ္ဆာန္အျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။

Rolling Stone မဂၢဇင္းရဲ႕ကမၻာ့အခ်မ္းသာဆုံးအိမ္ေမြးတိရစ္ဆာန္စာရင္းမွာ ႂကြယ္ဝခ်မ္းသာမႈ ေဒၚလာ ၉၇ သန္းနဲ႕ တတိယေနရာ ေရာက္ခဲ့တာပါ။

All About Cats မီဒီယာကုမၸဏီက အင္စတာဂရမ္မွာ သူတို႔ရဲ႕ေက်ာ္ၾကားမႈအေပၚအေျခခံၿပီးတိရစ္ဆာန္တစ္ေကာင္ခ်င္းစီရဲ႕တန္ဖိုးကိုသတ္မွတ္တယ္။

အင္စတာဂရမ္ပို႔စ္ေတြရဲ႕ like ေတြနဲ႕ ျဖစ္နိုင္ေခ်ရွိတဲ့ဝင္ေငြေတြကို တြက္ခ်က္ဖို႔ Influence Marketing Hub ကိုလည္း အသုံးျပဳခဲ့တယ္လို႔ Rolling Stone မဂၢဇင္းက ေဖာ္ျပပါတယ္။

အိုလီဗီယာက အင္စတာဂရမ္အေကာင့္ေတာင္မရွိပါဘူး။ ဒါေပမဲ့ သူက အင္စတာဂရမ္ေလာကအျပင္ဘက္မွာ ေအာင္ျမင္မႈရရွိထားတာပါ။

သူ႕သခင္ေတလာဆြစ္ဖ္ရဲ႕ MTV မ်ားစြာနဲ႕ ဘတ္ဂ်က္မ်ားတဲ့ ကုန္ပစၥည္းေၾကာ္ျငာေတြမွာပါဝင္ခဲ့တာေၾကာင့္ ဝင္ေငြအမ်ားႀကီးဝင္ခဲ့တာပါ။

၂၀၂၀ ခုႏွစ္က ေတလာဆြစ္ဖ္ဟာ ဆိုဖာေပၚမွာ ထိုင္ေနတဲ့ အိုလီဗီယာ ဘန္ဆန္ရဲ႕ပုံတစ္ပုံကို တင္ခဲ့ရာမွ Like (၂) သန္းေက်ာ္ရရွိခဲ့ၿပီးေနာက္ အိုလီဗီယာက ေက်ာ္ၾကားလာခဲ့တာပါ။

ဂ်ာမန္သိုးထိန္းေခြး ဂန္သာ (၆) (Gunther VI) က ႂကြယ္ဝခ်မ္းသာမႈ ေဒၚလာ သန္း ၅၀၀နဲ႕ ပထမေနရာ၊ နာလာ ေၾကာင္ (Nala Cat) က ေဒၚလာ သန္း၁၀၀ နဲ႕ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။

crd