ဖက်ရှင်အနေဖြင့် စကတ်နှင့် ဒေါက်ဖိနပ်ကိုသာ နေ့စဉ်ဝတ်ဆင်ခဲ့သော အမျိုးသား

Posted by

ဖက်ရှင်အနေဖြင့် စကတ်နှင့် ဒေါက်ဖိနပ်ကိုသာ နေ့စဉ်ဝတ်ဆင်ခဲ့သော အမျိုးသား

အမျိုးသားများထဲတွင် မိန်းကလေးအသုံးအဆောင် ပစ္စည်းများကိုသာ ကြိုက်နှစ်သက်ပြီး သုံးစွဲသူအချို့ရှိပြီး သူတို့မှာ အမျိုးသမီးတစ်ယောက်လို နေထိုင်လို၍ ဖြစ်သည်။

ယခုအခါမှာတော့ ဂျာမနီနိုင်ငံမှ Mark Bryan အမည်ရှိသော အမျိုးသားကြီးသည် စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အိမ်ထောင်သည်ဖြစ်၍ ဇနီးနှင့် ၁၁ နှစ်အရွယ်သမီးလေး ပိုင်ဆိုင်ထားသည်။

Mark Bryan၏ ထူးခြားမှုမှာ အရပ်အမောင်းမှာ ၆ပေအမြင့်ရှိပြီး သူသည် အိမ်မာနေ၍ဖြစ်စေ ရုံးအလုပ်သို့သွား၍ဖြစ်စေ စကတ်တိုတိုနှင့် ဒေါက်ဖိနပ်ကို အမြဲ ဝတ်ဆင်လေ့ရှိသည်။

ထို့ကြောင့် လူအများက အမျိုးသားကြီးအား ဘာကြောင့် အမျိုးသားတစ်ယောက်ဖြစ်နေလျက် မိန်းကလေးအဝတ်အစားဖြစ်သော စကတ်နှင့်ဒေါက်ဖိနပ်များ ဝတ်နေရခြင်းကို အထူးစိတ်ဝင်စားခဲ့ကြသည်။

Mark Bryanအား အများစုမှာ အမျိုးသမီးဖြစ်လို၍ဟု ထင်မြင်ချက်များရှိသော်လည်း Bryanမှာ သာယာပျော်ရွှင်သော မိသားစုလည်းရှိနေခဲ့ကာ ဇနီးဖြစ်သူမှလည်း သူ၏ ဝတ်စားဆင်ယင်မှုနှင့် ပက်သက်ပြီး ကန့်ကွက်ခြင်းမရှိခဲ့ဘူးဟု ဆိုခဲ့သည်။

ထို့နောက် ဇနီးဖြစ်သူမှ တစ်ခါတစ်လေ သူဘာဝတ်ရမည်ကို အကြံပေးခဲ့ပြီး Bryanက သူဧ။်ဝတ်စားဆင်ယင်မှုနှင့် ပက်သက်ပြီး အကြောင်းပြချက်မရှိဘဲ ကြိုက်နှစ်သက်လို့သာ ဝတ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

crd

Zawgyi(version)








crd