ဝက်ခြံ ကြောင့် ကျန်ခဲ့တဲ့ အမာရွတ် တွေ တစ်ပတ်အတွင်းပျောက်ကင်းအောင်

၀က်ခြံ ကြောင့် ကျန်ခဲ့တဲ့ အမာရွတ် တွေ တစ်ပတ်အတွင်းပျောက်ကင်းအောင် နည်းလမ်းကောင်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

(၁)မျက်နှာသစ်ပါ
၀က်ခြံဖြစ်တဲ့ အသားအရေ ဟာ အဆီပြန်တဲ့ အသားအရေ ဖြစ်တတ်ပါတယ်။ဒါကြောင့် မနက်(အိပ်ရာထ မဟုတ်ပါ)ကျောင်းမသွားခင်၊ရုံးမသွားခင် မျက်နှာသစ် ပေးပါ။ညအိပ်ရာ ဝင်ခါနီးတစ်ကြိမ် မျက်နှာသစ် ပေးပါ။

(၂)အာလူး သံုးပါ
အာလူး ကို အကွင်းလေးတွေလှီးပါ။သို့မဟုတ် ချေလိုက်ပါ။ပြီးရင် အမာရွတ် တွေကို အုပ်ထားပါ။မိနစ် ၃၀ လောက်ကြာရင် ခွာပြီးမျက်နှာသစ်ပါ။တစ်ပတ်နှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ဝက်ခြံ အမာရွတ် မှ မဟုတ်ပဲ အခြား အမာရွတ် တွေပ် သက်သာပျောက်ကင်းစေပါတယ်။

(၃)ဗီတာမင် စီ မှီဝဲပါ။
အရှင်းဆုံးနည်းလမ်းကတော့ သံပရာသီး တစ်နေ့တစ်လုံးကို ဒီတိုင်းပဲစားစား၊ဖျော်ရည်ပဲလုပ်သောက်သောက် တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။အလုပ်များတယ်ဆိုရင်တော့ ဗိုက်တာမင်စီ ဆေးပြားလေးတွေ တစ်နေ့နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ဗိုက်တာမင် စီဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး အစက်အပြောက်လေးတွေကို သေးငယ်စေပါတယ်။

(၄)moisturizer အသုံးပြုပါ။
အမာရွတ် တွေကို ပြန်လည်အစားထိုးဖို့ ဆဲလ်တွေက ရေဓါတ်ကို လိုအပ်ပါတယ်။ဒါကြောင့် moisturizer ကိုအသုံးပြုပါ။အများကြီး အသုံးမပြုပါနှင့်။အချို့ moisturizer တွေက အဆီပြန်တတ်လို့ပါ။

(၅)သံပရာ နှင့် ဂလစ်ဆရင်း(Glycerin) ရောစပ်ပါ။
သံပရာရည် တစ်ဆ၊Glycerin နှစ်ဆကို ရောစပ်ပါ။ပျစ်ချွဲချွဲ အရည်များဖြစ်သွားပ်မည်။၎င်းကို မျက်နှာပေါ်တွင် သုတ်လိမ်းပါ။ခြောက်သွားလျင် Mask ကဲ့သို့ဖြစ်သွားပါလိမ့်မည်။

မိနစ် ၂၀ ခန်ကဖုံးအုပ်ထားပါ။တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။နှစ်ပတ်အတွင်း သိသိသာသာထူးခြားလာပါလိမ့်မည်။
(Glycerin အဆီကို ဝင်းသူဇာဆိုင်တွေမှာ ဝယ်လို့ရပါတယ်။အပြင်ဆေးဆိုင်တွေမှာ ဝယ်ယူရင် Glycerin တစ်မျိုးတည်းမဟုတ်ပဲအခြားဓါတု ပစ္စည်းတွေပါဝင်တတ်ပါတယ်။

(၆)ရေ များများသောက်ပါ
ရေကို တစ်နေ့အနည်းဆုံး ၁၅ ခွက်သောက်သုံးပါ။ရေသောက်ချင်းကြောင့် အသားအရေစိုပြေမှုရရှိပါလိမ့်မယ်။

(၇)ကိုယ်တိုက် ဆပ်ပြာ တွေ ရှောင်ကြဉ်ပါ။
ကိုယ်တိုက်ဆပ်ပြာတွေမှာ အပြင်းစား ဓါတုပစ္စည်းတွေပါဝင်နေတဲ့အတွက် ဝက်ခြံ အမာရွတ် တွေနဲ့ ထိလျှင် အမာရွတ်တွေ မဲသွားနိုင်ပါတယ်။

(၈)မိတ်ကပ် တွေနဲ့ မဖုံးပါနဲ့
မိတ်ကပ် တွေနဲ့ဖုံးအုပ်ထားရင် ချွေးပေါက် တွေကို ပိတ်သွားစေပြီး ပိုမိုဆိုးဝါးလာနိုင်ပါတယ်။

(၉)ခေါင်းအုံးစွပ်တွေကို လျှော်ဖွတ်ပါ။
ခေါင်းအုံးစွပ်တွေကို တစ်ပတ်စ်ခါ ဖြစ်နိုင်လျင်လျှော်ပါ။အနည်းဆုံး တစ်လတစ်ခါလျော်ပါ။လျှော်သည့်အခါ ဆပ်ပြာမှုန့်တွေသိပ်မသုံးပါနှင့်။ရေနွေးထဲစိမ်ပြီးမှလျှော်လျှင်ပိုကောင်းပါသည်

(၁၀)အရမ်းစိတ်မပူပန်ပါနှင့်
အမာရွတ် တွေမပျောက်မှာ စိုးပြီးအရမ်း မပူပန်ပါနှင့်။စိတ်ဖိစီးမှုကြောင့် ဝက်ခြံ ထွက်နိုင်တယ်ဆိုတာ သတိထားပါ။
credit

Leave a Reply

Your email address will not be published.