အထီးကျန်ပြီး မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းလေးတွေနဲ့ စောင့်ကြည့်ကင်မရာမှာ သခင့်ကိုအော်ခေါ်နေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

Posted by

အထီးကျန်ပြီး မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းလေးတွေနဲ့ စောင့်ကြည့်ကင်မရာမှာ သခင့်ကိုအော်ခေါ်နေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

2နှစ်သားအရွယ် Fufu အမည်ရှိတဲ့ တရုတ်နိုင်ငံက ကြောင်လေးတစ်ကောင်ရဲ့ video ဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

အကြောင်းကတော့ ကြောင်လေးရဲ့သခင်ဖြစ်သူဟာ တရုတ်နှစ်သစ်ကူးရောက်ခါနီး နှစ်သစ်ကူးမှာ ဆွေးမျိုးမိဘတွေနဲ့အတူ နေအိမ်မှာဖြတ်သန်းဖို့ မွေးရပ်မြေကိုပြန်သွားခဲ့တာပါ ။ အစပိုင်းမှာတော့ သခင်ဖြစ်သူဟာ ကြောင်လေးကိုခေါ်သွားဖို့စဉ်းစားခဲ့ပေမဲ့လည်း နောက်ပိုင်ကြောင်လေးအစဉ်မပြေမှာ စိုးရိမ်ပြီး အစာ ၊ ရေ အပြည့်နဲ့ ကြောင်လေးကို နေအိမ်မှာ ထားရစ်ခဲ့တာပါ ။

ဖေဖော်ဝါရီလ 8 ရက်နေ့မှာတော့ သခင်ဖြစ်သူက ကြောင်လေးအခြေအနေကိုစစ်ဆေးဖို့ နေအိမ်မှာထားရစ်ခဲ့တဲ့သူမရဲ့ဖုန်းကို စောင်ကြည့်ကင်မရာအဖြစ်အသုံးပြုပြီး ကြည့်ရှုခဲ့ပါတယ် ။ Fufu လေးကလည်း မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းလေးနဲ့ အော်နေပြီး ကင်မရာအရှေ့ပေါ်လာခဲ့ပါတယ် ။ သခင်ဖြစ်သူကလည်း အဆိုပါ video လေးကို social media ပေါ်မှာ ဝေမျှခဲ့ပြီး၊ ဝမ်းနည်းလွန်းလို့ ခရီးကိုအမြန်ဖြတ်ပြီး ကြောင်လေးဆီအပြေးပြန်လာခဲ့ပါတော့တယ် ။

ကြောင်လေးတွေက အထီးကျန်တဲ့အချိန် ၊ အလေးပေးခံချင်တဲ့အချိန် နဲ့ စိတ်ဖိစီးတဲ့အချိန်တွေမှာ ငိုတတ်ကြပါတယ် ။ Fufu လေးက ကျန်းကျန်းမာမာရှိနေပေမဲ့ နေအိမ်အတွင်းမှာ တစ်ကောင်ထဲဖြစ်နေခဲ့လို့ အတော်လေး အထီးကျန်နေခဲ့တာပါ ။ သခင်ဖြစ်သူနဲ့ ပြန်ဆုံတွေ့ပြီးနောက်မှာတော့ အတော်လေးပျော်ရွှင်နေခဲ့တဲ့ Fufu ရဲ့ပုံစံကို video ထဲမှာတွေ့မြင်ရမှာပါ ။

Zawgyi(version)

အထီးက်န္ၿပီး မ်က္ရည္ေတြဝဲေနတဲ့မ်က္ဝန္းေလးေတြနဲ႕ ေစာင့္ၾကည့္ကင္မရာမွာ သခင့္ကိုေအာ္ေခၚေနခဲ့တဲ့ ေၾကာင္ေလး (႐ုပ္သံ)

2ႏွစ္သားအ႐ြယ္ Fufu အမည္ရွိတဲ့ တ႐ုတ္နိုင္ငံက ေၾကာင္ေလးတစ္ေကာင္ရဲ႕ video ဟာ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားေနလ်က္ရွိပါတယ္ ။

အေၾကာင္းကေတာ့ ေၾကာင္ေလးရဲ႕သခင္ျဖစ္သူဟာ တ႐ုတ္ႏွစ္သစ္ကူးေရာက္ခါနီး ႏွစ္သစ္ကူးမွာ ေဆြးမ်ိဳးမိဘေတြနဲ႕အတူ ေနအိမ္မွာျဖတ္သန္းဖို႔ ေမြးရပ္ေျမကိုျပန္သြားခဲ့တာပါ ။ အစပိုင္းမွာေတာ့ သခင္ျဖစ္သူဟာ ေၾကာင္ေလးကိုေခၚသြားဖို႔စဥ္းစားခဲ့ေပမဲ့လည္း ေနာက္ပိုင္ေၾကာင္ေလးအစဥ္မေျပမွာ စိုးရိမ္ၿပီး အစာ ၊ ေရ အျပည့္နဲ႕ ေၾကာင္ေလးကို ေနအိမ္မွာ ထားရစ္ခဲ့တာပါ ။

ေဖေဖာ္ဝါရီလ 8 ရက္ေန႕မွာေတာ့ သခင္ျဖစ္သူက ေၾကာင္ေလးအေျခအေနကိုစစ္ေဆးဖို႔ ေနအိမ္မွာထားရစ္ခဲ့တဲ့သူမရဲ႕ဖုန္းကို ေစာင္ၾကည့္ကင္မရာအျဖစ္အသုံးျပဳၿပီး ၾကည့္ရႈခဲ့ပါတယ္ ။ Fufu ေလးကလည္း မ်က္ရည္ေတြဝဲေနတဲ့မ်က္ဝန္းေလးနဲ႕ ေအာ္ေနၿပီး ကင္မရာအေရွ႕ေပၚလာခဲ့ပါတယ္ ။ သခင္ျဖစ္သူကလည္း အဆိုပါ video ေလးကို social media ေပၚမွာ ေဝမွ်ခဲ့ၿပီး၊ ဝမ္းနည္းလြန္းလို႔ ခရီးကိုအျမန္ျဖတ္ၿပီး ေၾကာင္ေလးဆီအေျပးျပန္လာခဲ့ပါေတာ့တယ္ ။

ေၾကာင္ေလးေတြက အထီးက်န္တဲ့အခ်ိန္ ၊ အေလးေပးခံခ်င္တဲ့အခ်ိန္ နဲ႕ စိတ္ဖိစီးတဲ့အခ်ိန္ေတြမွာ ငိုတတ္ၾကပါတယ္ ။ Fufu ေလးက က်န္းက်န္းမာမာရွိေနေပမဲ့ ေနအိမ္အတြင္းမွာ တစ္ေကာင္ထဲျဖစ္ေနခဲ့လို႔ အေတာ္ေလး အထီးက်န္ေနခဲ့တာပါ ။ သခင္ျဖစ္သူနဲ႕ ျပန္ဆုံေတြ႕ၿပီးေနာက္မွာေတာ့ အေတာ္ေလးေပ်ာ္႐ႊင္ေနခဲ့တဲ့ Fufu ရဲ႕ပုံစံကို video ထဲမွာေတြ႕ျမင္ရမွာပါ ။