ပြန်လည်နာလန်ထူလာနိုင်ခဲ့ပြီးနောက်မှာ ကယ်တင်ပေးခဲ့တဲ့အမျိုးသားနှင့်မခွဲခွါချင်လို့ တောထဲပြန်သွားဖို့ငြင်းဆိုခဲ့တဲ့ ဇီးကွက်လေး

Posted by

ပြန်လည်နာလန်ထူလာနိုင်ခဲ့ပြီးနောက်မှာ ကယ်တင်ပေးခဲ့တဲ့အမျိုးသားနှင့်မခွဲခွါချင်လို့ တောထဲပြန်သွားဖို့ငြင်းဆိုခဲ့တဲ့ ဇီးကွက်လေး

Peter Middleton အမည်ရှိအမျိုးသားဟာ မြေပြင်ပေါ်မှာ အကူအညီမဲ့စွာ လဲလျောင်းနေတဲ့ဇီးကွက်ကိုတွေ့တဲ့အခါ ထိုဇီးကွက်ကို ကယ်တင်ရန်တစ်ခုခုပြုလုပ်ခဲ့ပါတယ်။ Peter Middleton တွေ့လိုက်တဲ့အချိန်က ထိုဇီးကွက်ဟာ ရွှံ့နွံထဲမှာ တကိုယ်လုံးနီးပါး ပိတ်မိနေပြီး ၎င်းရဲ့ခြေဖဝါးတွေမှာလည်း ရောဂါပိုးဝင်နေပြီဖြစ်ပါတယ်။

အဆိုပါ Bertie အမည်ရှိဇီးကွက်ဟာ ကယ်တင်ခံရပြီးနောက် သူ့ဘဝရဲ့ပထမနှစ်လကို တိရိစ္ဆာန်ဆေးကုဆရာဝန်များရဲ့ပြုစုစောင့်ရှောက်အောက်၌သာ ရှင်သန်ခဲ့ရတယ်လို့ Middleton ကဆိုပါတယ်။ တိရိစ္ဆာန်ဆေးကုဆရာဝန်က Mr. Middleton အား ကျန်းမာပြီဖြစ်တဲ့ဇီးကွက်ကို ပြုစုရန်ပေးအပ်ခဲ့ပြီးနောက်မှာ ပထမတော့ Mr. Middleton က Bertie ကို အခြားဇီးကွက်များရှိတဲ့ငှက်ရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒါပေမယ့် Bertie ဟာ တုန်လှုပ်သွားပြီး ထိုနေရာကိုမကြိုက်တာကြောင့် မစ္စတာ Middleton က သူ့အား အိမ်သို့ခေါ်ပြန်ကာ သူ့နောက်ခန်းက ခွေးကြီးရဲ့လှောင်အိမ်ဟောင်းထဲမှာ ထည့်ထားလိုက်ရပါတယ်။ယခုအချိန်မှာတော့ Mr. Middleton ရဲ့အိမ်ထဲမှာအမြဲရှိနေတဲ့ Bertie ဟာ အပြင်ထွက်ခြင်းကိုမုန်းတီးပြီး Mr. Middleton အား ကူညီရန် ပိုပြီးအဆင်ပြေနေပြီဖြစ်ပါတယ်။

ထို့ပြင် Bertie ဟာ Mr. Middleton နှင့်လက်ဖက်ရည်ခွက်ကူလုပ်ပေးရတာကိုနှစ်သက်ပြီး ရေနွေးအိုးပေါ်မှာတက်ထိုင်ရတာကိုလည်း အတော်လေးနှစ်သက်ပါတယ်။Bertie ဟာ ပြတင်းပေါက်ကနေ လှိုက်လှိုက်လှဲလှဲ ရှုမြင်ရပြီး ခြံတံခါးမှဝင်လာမဲ့အရာအားလုံးကို စောင့်ကြည့်တဲ့တာဝန်ကိုလည်း နေ့စဉ်မပြတ် ထမ်းဆောင်လာခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ၎င်းကယ်တင်ထားခံရတဲ့ဇီးကွက်လေးက တောထဲသို့ပြန်သွားဖို့ငြင်းဆန်ခဲ့ပြီး သူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့အမျိုးသားနှင့် တစ်သက်တာ အိမ်တွင်းသူငယ်ချင်း ဖြစ်လာခဲ့ပါတယ်။

Bertie ရဲ့အစားအသောက်များမှာ နေ့စဉ်သားပေါက်ကလေးများနှင့် ကြွက်များပါဝင်ကြောင်း နှင့် ခွေးပန်းကန်လုံး သို့မဟုတ် အထူးဗန်းထဲမှာ Bertie အား ရေချိုးပေးကြောင်းစတဲ့ Bertie ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်များကိုလည်း Mr. Middleton က ရှင်းပြထားပေးခဲ့ပါသေးတယ်။

Zawgyi(version)

ျပန္လည္နာလန္ထူလာနိုင္ခဲ့ၿပီးေနာက္မွာ ကယ္တင္ေပးခဲ့တဲ့အမ်ိဳးသားႏွင့္မခြဲခြါခ်င္လို႔ ေတာထဲျပန္သြားဖို႔ျငင္းဆိုခဲ့တဲ့ ဇီးကြက္ေလး

Peter Middleton အမည္ရွိအမ်ိဳးသားဟာ ေျမျပင္ေပၚမွာ အကူအညီမဲ့စြာ လဲေလ်ာင္းေနတဲ့ဇီးကြက္ကိုေတြ႕တဲ့အခါ ထိုဇီးကြက္ကို ကယ္တင္ရန္တစ္ခုခုျပဳလုပ္ခဲ့ပါတယ္။ Peter Middleton ေတြ႕လိုက္တဲ့အခ်ိန္က ထိုဇီးကြက္ဟာ ႐ႊံ႕ႏြံထဲမွာ တကိုယ္လုံးနီးပါး ပိတ္မိေနၿပီး ၎ရဲ႕ေျခဖဝါးေတြမွာလည္း ေရာဂါပိုးဝင္ေနၿပီျဖစ္ပါတယ္။

အဆိုပါ Bertie အမည္ရွိဇီးကြက္ဟာ ကယ္တင္ခံရၿပီးေနာက္ သူ႕ဘဝရဲ႕ပထမႏွစ္လကို တိရိစ္ဆာန္ေဆးကုဆရာဝန္မ်ားရဲ႕ျပဳစုေစာင့္ေရွာက္ေအာက္၌သာ ရွင္သန္ခဲ့ရတယ္လို႔ Middleton ကဆိုပါတယ္။ တိရိစ္ဆာန္ေဆးကုဆရာဝန္က Mr. Middleton အား က်န္းမာၿပီျဖစ္တဲ့ဇီးကြက္ကို ျပဳစုရန္ေပးအပ္ခဲ့ၿပီးေနာက္မွာ ပထမေတာ့ Mr. Middleton က Bertie ကို အျခားဇီးကြက္မ်ားရွိတဲ့ငွက္႐ုံသို႔ ပို႔ေဆာင္ေပးခဲ့တယ္လို႔လည္း ဆိုခဲ့ပါတယ္။

ဒါေပမယ့္ Bertie ဟာ တုန္လႈပ္သြားၿပီး ထိုေနရာကိုမႀကိဳက္တာေၾကာင့္ မစၥတာ Middleton က သူ႕အား အိမ္သို႔ေခၚျပန္ကာ သူ႕ေနာက္ခန္းက ေခြးႀကီးရဲ႕ေလွာင္အိမ္ေဟာင္းထဲမွာ ထည့္ထားလိုက္ရပါတယ္။ယခုအခ်ိန္မွာေတာ့ Mr. Middleton ရဲ႕အိမ္ထဲမွာအၿမဲရွိေနတဲ့ Bertie ဟာ အျပင္ထြက္ျခင္းကိုမုန္းတီးၿပီး Mr. Middleton အား ကူညီရန္ ပိုၿပီးအဆင္ေျပေနၿပီျဖစ္ပါတယ္။

ထို႔ျပင္ Bertie ဟာ Mr. Middleton ႏွင့္လက္ဖက္ရည္ခြက္ကူလုပ္ေပးရတာကိုႏွစ္သက္ၿပီး ေရႏြေးအိုးေပၚမွာတက္ထိုင္ရတာကိုလည္း အေတာ္ေလးႏွစ္သက္ပါတယ္။Bertie ဟာ ျပတင္းေပါက္ကေန လွိုက္လွိုက္လွဲလွဲ ရႈျမင္ရၿပီး ၿခံတံခါးမွဝင္လာမဲ့အရာအားလုံးကို ေစာင့္ၾကည့္တဲ့တာဝန္ကိုလည္း ေန႕စဥ္မျပတ္ ထမ္းေဆာင္လာခဲ့ပါတယ္။

ေနာက္ပိုင္းမွာလည္း ၎ကယ္တင္ထားခံရတဲ့ဇီးကြက္ေလးက ေတာထဲသို႔ျပန္သြားဖို႔ျငင္းဆန္ခဲ့ၿပီး သူ႕အသက္ကိုကယ္တင္ေပးခဲ့တဲ့အမ်ိဳးသားႏွင့္ တစ္သက္တာ အိမ္တြင္းသူငယ္ခ်င္း ျဖစ္လာခဲ့ပါတယ္။

Bertie ရဲ႕အစားအေသာက္မ်ားမွာ ေန႕စဥ္သားေပါက္ကေလးမ်ားႏွင့္ ႂကြက္မ်ားပါဝင္ေၾကာင္း ႏွင့္ ေခြးပန္းကန္လုံး သို႔မဟုတ္ အထူးဗန္းထဲမွာ Bertie အား ေရခ်ိဳးေပးေၾကာင္းစတဲ့ Bertie ရဲ႕ေန႕စဥ္လုပ္ရိုးလုပ္စဥ္မ်ားကိုလည္း Mr. Middleton က ရွင္းျပထားေပးခဲ့ပါေသးတယ္။