ျမန္မာ့ေရႊေဈး တပတ္အတြင္း က်ပ္ ၇၀,၀၀၀ ေက်ာ္ျမင့္တက္

Posted by

ကာလအတန္ၾကာ တည္ၿငိမ္ေနတဲ့ ျပည္တြင္းေရႊေဈးႏွုန္းဟာ ၂၀၂၃ ႏွစ္စပိုင္းကစၿပီး ျပန္လည္ တက္ရိပ္ျပလာၿပီး ဇန္နဝါရီ ၉ ရက္ မြန္းလြဲပိုင္း ျပင္ပေရႊေစ်းကြက္မွာ အေခါက္ေရႊတက်ပ္သားကို ၂,၇၇၀,၀၀၀ က်ပ္ ဝန္းက်င္နဲ႔ အေရာင္းအဝယ္ ျဖစ္ေနပါတယ္။

ေရႊေဈးႏွုန္းက ဒီဇင္ဘာလကုန္ပိုင္းအထိ အေခါက္ေရႊတက်ပ္သားကို ၂,၇၀၀,၀၀၀ ေအာက္မွာပဲ ရွိေနခဲ့တာပါ။ ကမၻာ့ေရႊေဈးႏွုန္းနဲ႔အတူ သီတင္းတပတ္ေက်ာ္အတြင္း က်ပ္ ၇၀,၀၀၀ ေက်ာ္ ျမင့္တက္လာတာ ျဖစ္ပါတယ္။

ေရႊလုပ္ငန္းရွင္တဦးက “၂၆ သိန္းနဲ႔ ၂၇သိန္းၾကားမွာ ၿငိမ္ေနတာ ေတာ္ေတာ္ေလးၾကာေနပါၿပီ။ ဇန္နဝါရီလ အစကေန တျဖည္းျဖည္း ျပန္တက္လာတာေပါ့။ အေရာင္းအဝယ္ကေတာ့ ေအးပါတယ္။ အဓိကက ကမၻာ့ေရႊေဈးျမင့္လာလို႔ ျပည္တြင္းေစ်း လိုက္တက္လာတာ” လို႔ ေျပာပါတယ္။

စစ္ေကာင္စီက ေစ်းႏွုန္းသတ္မွတ္ထိန္းခ်ဳပ္မွုေတြ လုပ္ေဆာင္လာၿပီးတဲ့ေနာက္ ျပည္တြင္းေရႊေစ်းကြက္ဟာ ေမွာင္ခိုေဈးကြက္ျဖစ္လာၿပီး ျပင္ပေစ်းကြက္ေပါက္ေစ်းနဲ႔ အေရာင္းအဝယ္ေတြ ျဖစ္ေနခဲ့တာပါ။

ရန္ကုန္တိုင္းေရႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ကေတာ့ ေရႊေဈးကြက္ ျပန္လည္ပတ္နိုင္ေရးအတြက္ အသင္းအမွုေဆာင္ေတြနဲ႔ ေဆြး‌ေႏြးမယ္လို႔ မၾကာေသးခင္က ထုတ္ျပန္ထားပါတယ္။

ေရႊေစ်းကြက္ ပုံမွန္အတိုင္း ျပန္လည္ပတ္နိုင္ဖို႔က YGEA ရဲ့ ေဈးႏွုန္းကန႔္သတ္ခ်က္ေတြကို ပယ္ဖ်က္ဖို႔ လိုအပ္တယ္လို႔ ေရႊလုပ္ငန္းအသိုင္းအဝိုင္းက ေထာက္ျပၾကပါတယ္။

ေရႊလုပ္ငန္းရွင္တဦးက “အတုံးေဈးကြက္ကေတာ့ ၾကာပါၿပီ ေဈးကြက္ပ်က္ေနတယ္လို႔ ေခၚရမွာေပါ့။ သူတို႔သတ္မွတ္ေဈးေတြ လုပ္ေနေတာ့ အသင္း႐ုံးခန္းမွာလည္း အေရာင္းအဝယ္ မျဖစ္ေတာ့ဘူး။ ေဈးႏွုန္းကန႔္သတ္ခ်က္ေတြ ပယ္ဖ်က္လိုက္ရင္ေတာ့ အရင္အတိုင္းပဲ ပုံမွန္ လြတ္လြတ္လပ္လပ္ ေရာင္းၾကဝယ္ၾက ျပန္ျဖစ္မွာေပါ့။ ဒီကန႔္သတ္ခ်က္ေတြရွိေနေတာ့ လူေတြက မ‌ေရာင္းရဲ၊ မဝယ္ရဲ၊ အဖမ္းခံရမွာေၾကာက္ ျဖစ္ေနၾကတာ” လို႔ မွတ္ခ်က္ျပဳပါတယ္။

ျမန္မာနိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ က်ပ္ေငြအေပၚ ယုံၾကည္မွု က်ဆင္းရာကတဆင့္ ေဒၚလာနဲ႔ ေရႊေစ်းအေပၚ ရိုက္ခတ္မွုေတြ ရွိလာခဲ့တာပါ။

စံခ်ိန္တင္ ေစ်းျမင့္လာတဲ့ ေဒၚလာနဲ႔ ေရႊေစ်းႏွုန္းေတြကို ထိန္းခ်ဳပ္ဖို႔ စစ္ေကာင္စီက နည္းမ်ိဳးစုံ လုပ္ေဆာင္ခဲ့ေပမဲ့ ၿပီးခဲ့တဲ့ ၾသဂုတ္လေႏွာင္းပိုင္းက ‌‌ေဒၚလာေစ်း အလွုပ္အခတ္နဲ႔အတူ ေရႊေစ်း တက်ပ္သားကို က်ပ္ ၃၅ သိန္းအထိ စံခ်ိန္တင္ ေစ်းျမင့္တက္ခဲ့ပါတယ္။

အဲဒီလို ေရႊေစ်းထိုးတက္ခဲ့ၿပီးေနာက္ စစ္ေကာင္စီက ေစ်းကြက္ထဲကို ေဒၚလာနဲ႔ ေရႊေတြ ထည့္သြင္းေပးခဲ့တာနဲ႔အတူ ေဒၚလာနဲ႔ ေရႊေစ်း အနည္းငယ္ ျပန္က်ဆင္းလာခဲ့ေပမဲ့ အခုအခါ ျပန္လည္တက္ရိပ္ျပလာတာ ျဖစ္ပါတယ္

Zawgyi(version)

ကာလအတန်ကြာ တည်ငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ၂၀၂၃ နှစ်စပိုင်းကစပြီး ပြန်လည် တက်ရိပ်ပြလာပြီး ဇန္နဝါရီ ၉ ရက် မွန်းလွဲပိုင်း ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ၂,၇၇၀,၀၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။

ရွှေဈေးနှုန်းက ဒီဇင်ဘာလကုန်ပိုင်းအထိ အခေါက်ရွှေတကျပ်သားကို ၂,၇၀၀,၀၀၀ အောက်မှာပဲ ရှိနေခဲ့တာပါ။ ကမ်ဘာ့ရွှေဈေးနှုန်းနဲ့အတူ သီတင်းတပတ်ကျော်အတွင်း ကျပ် ၇၀,၀၀၀ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက ၂၆ သိန်းနဲ့ ၂၇သိန်းကြားမှာ ငြိမ်နေတာ တော်တော်လေးကြာနေပါပြီ။ ဇန္နဝါရီလ အစကေန တဖြည်းဖြည်း ပြန်တက်လာတာပေါ့။ အရောင်းအဝယ်ကတော့ အေးပါတယ်။ အဓိကက ကမ်ဘာ့ရွှေဈေးမြင့်လာလို့ ပြည်တွင်းဈေး လိုက္တက္လာတာ လို့ ပြောပါတယ်။

စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်လာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးကွက်ဟာ မှောင်ခိုဈေးကွက်ဖြစ်လာပြီး ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ အရောင်းအဝယ်တွေ ဖြစ်နေခဲ့တာပါ။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကေတာ့ ရွှေဈေးကွက် ပြန်လည်ပတ်နိုင်ရေးအတွက် အသင်းအမှုဆောင်တွေနဲ့ ဆွေးနွေးမယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ရွှေဈေးကွက် ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့က YGEA ရဲ့ ဈေးနှုန်းကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ လိုအပ်တယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက အတုံးဈေးကွက်ကတော့ ကြာပါပြီ ဈေးကွက်ပျက်နေတယ်လို့ ခေါ်ရမှာပေါ့။ သူတို့သတ်မှတ်ဈေးတွေ လုပ်နေတော့ အသင်းရုံးခန်းမှာလည်း အရောင်းအဝယ် မဖြစ်တော့ဘူး။ ဈေးနှုန်းကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်ရင်တော့ အရင်အတိုင်းပဲ ပုံမှန် လွတ်လွတ်လပ်လပ် ရောင်းကြဝယ်ကြ ပြန်ဖြစ်မှာပေါ့။ ဒီကန့်သတ်ချက်တွေရှိနေတော့ လူတွေက မရောင်းရဲ၊ မဝယ်ရဲ၊ အဖမ်းခံရမှာကြောက် ဖြစ်နေကြတာ လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းရာကတဆင့် ဒေါ်လာနဲ့ ရွှေဈေးအပေါ် ရိုက်ခတ်မှုတွေ ရွိလာခဲ့တာပါ။

စံချိန်တင် ဈေးမြင့်လာတဲ့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက နည်းမျိုးစုံ လုပ်ဆောင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းက ဒေါ်လာဈေး အလှုပ်အခတ်နဲ့အတူ ရွှေဈေး တကျပ်သားကို ကျပ် ၃၅ သိန်းအထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ပါတယ်။

အဲဒီလို ရွှေဈေးထိုးတက်ခဲ့ပြီးနောက် စစ်ကောင်စီက ဈေးကွက်ထဲကို ဒေါ်လာနဲ့ ရွှေတွေ ထည့်သွင်းပေးခဲ့တာနဲ့အတူ ဒေါ်လာနဲ့ ရွှေဈေး အနည်းငယ် ပြန်ကျဆင်းလာခဲ့ပေမဲ့ အခုအခါ ပြန်လည်တက်ရိပ်ပြလာတာ ဖြစ်ပါတယ်