အိမ်တစ်ခုလုံးကို ရှေးဟောင်းကြွေပန်းကန်များနှင့် အလှဆင်ပြီး ဆောက်ထားသော အမျိုးသား(ရုပ်သံ

Posted by

အိမ်တစ်ခုလုံးကို ရှေးဟောင်းကြွေပန်းကန်များနှင့် အလှဆင်ပြီး ဆောက်ထားသော အမျိုးသား(ရုပ်သံ)

လူသားတို့တွင် ကိုယ်ပိုင်စိတ်ကူး တီထွင်မှုများသည် တစ်ဦးနှင့်တစ်ဦး မတူဘဲ ဆန်းပြားလျက်ရှိသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ ငုယင်ဘင်ထရွမ် အမည်ရှိသော အသက် ၅၈နှစ်အရွယ် အမျိုးသားသည် လက်သမားဆရာတစ်ဦးဖြစ်ပြီး သူ၏ အိမ်တွင်း အိမ်ပြင် အစအဆုံးကို ကြွေပန်းကန်များနှင့် အလှဆင်ထားခဲ့သည်။

အမျိုးသားသည် လူသားတိုင်းနေ့စဉ် စားသောက်ဖွယ်ရာတွေကို ထည့်စားသည့် ဟင်းလျာပန်းကန်များအား အိမ်တွင်းအလှဆင်ရခြင်းအကြောင်းမှာ မိဘ၏အမွေအနှစ်ဖြစ်သော ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းသည့်အနေဖြင့် အခြားသူများ ခိုးယူခြင်းနှင့် ပျောက်ပျက်သွားမည်ကို စိုးရိမ်၍ ယခုလို အကြံထုတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားသည် အိမ်တွင်းအလှဆင်ထားသော ကြွေထည်ပန်းကန်များမှာ တစ်သောင်းနီးပါးရှိပြီး နေရာအနှံ့လှည်လည်ပြီး ဝယ်ယူစုဆောင်းပြီးမှ ဆောက်လုပ်ထားခြင်းဖြစ်သည်။

အမျိုးသားသည် ထိုအိမ်လေးအား သူမရှိတော့သည့်နောက်ပိုင်းတွင်လည်း ရောင်းချခြင်းမပြုရန် သားသမီးများကို မှာကြားခဲ့သေးသည်။

ထိုအိမ်လေးအကြောင်းသည် နိုင်ငံတကာ ပျံ့နှံ့သွားပြီး အချို့က ဟင်းလျာပန်းကန်များအား အိမ်တွင်းအလှဆင်ခြင်းနေရာတွင် မသုံးသင့်ကြောင်း ဝေဖန်ခဲ့ကြသည်။

crd

Zawgyi(version)

အိမ္တစ္ခုလုံးကို ေရွးေဟာင္းေႂကြပန္းကန္မ်ားႏွင့္ အလွဆင္ၿပီး ေဆာက္ထားေသာ အမ်ိဳးသား(႐ုပ္သံ)

လူသားတို႔တြင္ ကိုယ္ပိုင္စိတ္ကူး တီထြင္မႈမ်ားသည္ တစ္ဦးႏွင့္တစ္ဦး မတူဘဲ ဆန္းျပားလ်က္ရွိသည္။

ယခုအခါတြင္လည္း ဗီယက္နမ္နိုင္ငံမွ ငုယင္ဘင္ထ႐ြမ္ အမည္ရွိေသာ အသက္ ၅၈ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ လက္သမားဆရာတစ္ဦးျဖစ္ၿပီး သူ၏ အိမ္တြင္း အိမ္ျပင္ အစအဆုံးကို ေႂကြပန္းကန္မ်ားႏွင့္ အလွဆင္ထားခဲ့သည္။

အမ်ိဳးသားသည္ လူသားတိုင္းေန႕စဥ္ စားေသာက္ဖြယ္ရာေတြကို ထည့္စားသည့္ ဟင္းလ်ာပန္းကန္မ်ားအား အိမ္တြင္းအလွဆင္ရျခင္းအေၾကာင္းမွာ မိဘ၏အေမြအႏွစ္ျဖစ္ေသာ ေရွးေဟာင္း ပစၥည္းမ်ားကို ထိန္းသိမ္းသည့္အေနျဖင့္ အျခားသူမ်ား ခိုးယူျခင္းႏွင့္ ေပ်ာက္ပ်က္သြားမည္ကို စိုးရိမ္၍ ယခုလို အႀကံထုတ္ခဲ့ျခင္းျဖစ္သည္။

အမ်ိဳးသားသည္ အိမ္တြင္းအလွဆင္ထားေသာ ေႂကြထည္ပန္းကန္မ်ားမွာ တစ္ေသာင္းနီးပါးရွိၿပီး ေနရာအႏွံ႕လွည္လည္ၿပီး ဝယ္ယူစုေဆာင္းၿပီးမွ ေဆာက္လုပ္ထားျခင္းျဖစ္သည္။

အမ်ိဳးသားသည္ ထိုအိမ္ေလးအား သူမရွိေတာ့သည့္ေနာက္ပိုင္းတြင္လည္း ေရာင္းခ်ျခင္းမျပဳရန္ သားသမီးမ်ားကို မွာၾကားခဲ့ေသးသည္။

ထိုအိမ္ေလးအေၾကာင္းသည္ နိုင္ငံတကာ ပ်ံ့ႏွံ႕သြားၿပီး အခ်ိဳ႕က ဟင္းလ်ာပန္းကန္မ်ားအား အိမ္တြင္းအလွဆင္ျခင္းေနရာတြင္ မသုံးသင့္ေၾကာင္း ေဝဖန္ခဲ့ၾကသည္။

crd