စိုက်ပျိုးရေးနှင့်ငါးမွေးခြင်းကိုဝါသနာပါသော်လည်း မြေနေရာမရှိသောကြောင့် အိမ်ခေါင်မိုးပေါ်တွင် သီးနှံတွေစိုက်ပျိုးပြီးငါးမွေးကန်ကိုဖန်တီးခဲ့သည့်အသက် ၉၀ အရွယ်အဖိုး

Posted by

စိုက်ပျိုးရေးနှင့်ငါးမွေးခြင်းကိုဝါသနာပါသော်လည်း မြေနေရာမရှိသောကြောင့် အိမ်ခေါင်မိုးပေါ်တွင် သီးနှံတွေစိုက်ပျိုးပြီးငါးမွေးကန်ကိုဖန်တီးခဲ့သည့်အသက် ၉၀ အရွယ်အဖို

မည့်သည့်အရာကိုမဆိုဝါသနာပါသော်လည်း လုပ်ကိုင်ဆောင်ရွက်ရန် အရာရာပြည့်စုံဖို့လိုအပ်လှပါတယ်။အသီးအနှံစိုက်ပျိုးရတာကို ဝါသနာပါသူတစ်ယောက်အတွက် လယ်ယာမြေတွေရှိမှာသာလျှင်စိုက်ပျိုးရန်အခွင့်အရေးရှိမှာဖြစ်ပါတယ်။

ယခုတွင်လည်းဗီယက်နမ်နိုင်ငံ Hai Duongပြည်နယ်တွင်နေထိုင်သောအသက်၉၀အရွယ် Truong Hung Tuanဆိုသည့်အဖိုးအိုဟာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ရတာကိုအလွန်ဝါသနာပါသူဖြစ်ပါတယ်။

သို့သော်လည်းအဖိုးအို၏အိမ်ထဲတွင်စိုက်ပျိုးစရာမြေမရှိသဖြင့်အခက်တွေ့နေခဲ့ရပါတယ်။

ထို့ကြောင့် နောက်ဆုံးမှာတော့ အဖိုးအိုဟာသူ၏နေအိမ်ခေါင်မိုးပေါ်တွင်ငါးမွေးကန်ကြီးနှင့်အတူ စိုက်ပျိုးစရာနေရာဖန်တီးဖို့အတွက်အကြံရပြီး ပြုလုပ်ဖန်တီးခဲ့ပါတယ်။

crd

Zawgyi(version)






crd