အစားအစာ အရသာကို လျှာနဲ့လျက်ပြီး မြည်းစမ်းကြည့်လို့ရတဲ့ TV screen တီထွင်ဖန်တီ

Posted by

ဂျပန်ပရော်ဖက်ဆာတစ်ဦးက လျှာနဲ့လျက်ပြီး အစားအစာ အရသာတွေကို မြည်းစမ်းခံစားကြည့်လို့ရတဲ့ TV screen တစ်မျိုးရဲ့ ရှေ့ပြေးပုံစံကို တီထွင်ဖန်တီးလိုက်ပါတယ်။

Taste the TV (TTTV) လို့ခေါ်တဲ့ ကိရိယာမှာ အနံ့အရသာ ၁၀ မျိုးကို ဖြန်းလို့ရတဲ့ spray အရည်အဖြစ် ပေါင်းစပ်ပြီး TV screen ပေါ်မှာ မြင်တွေ့ရမယ့် အစားအစာ တစ်ခုချင်းစီရဲ့ အရသာကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။

ထို့နောက် မြင်တွေ့နေရတဲ့ အစားအစာတစ်ခုရဲ့ အနံ့အရသာ နမူနာ spray ကို TV screen ပေါ်ရှိ ပိုးမွှားသန့်စင်ထားတဲ့ ဖလင်ပြားပေါ်မှာ ဖြန်းပေးလိုက်ရာ ကြည့်ရှုသူက လျှာနဲ့လျက်ပြီး အနံ့အရသာကို မြည်းစမ်းခံစားနိုင်ပါတယ်။ TV screen ပေါ်မှာ အသုံးပြုတဲ့ ဖလင်ပြားက တစ်ခါသုံးဖြစ်ပါတယ်။

အိမ်တွင်းအောင်းနေကြရတဲ့ COVID-19 ခေတ်ကာလမှာ ယခုလိုမျိုး နည်းပညာက လူတွေအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရန်နဲ့ တုံ့ပြန်ရန် နည်းလမ်းကို ပိုကောင်းမွန်စေနိုင်ကြောင်း Meiji တက္ကသိုလ်မှ ပရော်ဖက်ဆာ Homei Miyashita က ဆိုပါတယ်။

“ရည်ရွယ်ချက်ကတော့ လူတွေ အိမ်မှာနေပေမဲ့လည်း ကမ္ဘာတစ်ဖက်ခြမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ စားသလိုမျိုး အတွေ့အကြုံရနိုင်ဖို့ပါ” လို့ ပရော်ဖက်ဆာက ပြောပါတယ်။

ပရော်ဖက်ဆာ Miyashita က ယခုတီထွင်မှုကို ကျောင်းသူကျောင်းသား ၃၀ ခန့်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့အတူ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့က အစားအစာ အရသာပိုကောင်းစေတဲ့ ခက်ရင်းတစ်မျိုး အပါအဝင် အနံ့အရသာနဲ့ ဆက်နွယ်တဲ့ ကိရိယာအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

TTTV ရှေ့ပြေးပုံစံကို ယမန်နှစ်အတွင်း ကိုယ်ပိုင်ငွေသုံးပြီး ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး စီးပွားဖြစ် ပုံစံအမျိုးအစားအတွက် တစ်ခုလျှင် ဂျပန်ယန်းငွေ ၁၀၀,၀၀၀ (မြန်မာကျပ်ငွေ ၁၅ သိန်းကျော်) ကုန်ကျမယ်လို့ ပရော်ဖက်ဆာက ပြောပါတယ်။

crd

Zawgyi(version)

ဂ်ပန္ပေရာ္ဖက္ဆာတစ္ဦးက လွ်ာနဲ႕လ်က္ၿပီး အစားအစာ အရသာေတြကို ျမည္းစမ္းခံစားၾကည့္လို႔ရတဲ့ TV screen တစ္မ်ိဳးရဲ႕ ေရွ႕ေျပးပုံစံကို တီထြင္ဖန္တီးလိုက္ပါတယ္။

Taste the TV (TTTV) လို႔ေခၚတဲ့ ကိရိယာမွာ အနံ႕အရသာ ၁၀ မ်ိဳးကို ျဖန္းလို႔ရတဲ့ spray အရည္အျဖစ္ ေပါင္းစပ္ၿပီး TV screen ေပၚမွာ ျမင္ေတြ႕ရမယ့္ အစားအစာ တစ္ခုခ်င္းစီရဲ႕ အရသာကို ဖန္တီးထားတယ္လို႔ ဆိုပါတယ္။

ထို႔ေနာက္ ျမင္ေတြ႕ေနရတဲ့ အစားအစာတစ္ခုရဲ႕ အနံ႕အရသာ နမူနာ spray ကို TV screen ေပၚရွိ ပိုးမႊားသန႔္စင္ထားတဲ့ ဖလင္ျပားေပၚမွာ ျဖန္းေပးလိုက္ရာ ၾကည့္ရႈသူက လွ်ာနဲ႕လ်က္ၿပီး အနံ႕အရသာကို ျမည္းစမ္းခံစားနိုင္ပါတယ္။ TV screen ေပၚမွာ အသုံးျပဳတဲ့ ဖလင္ျပားက တစ္ခါသုံးျဖစ္ပါတယ္။

အိမ္တြင္းေအာင္းေနၾကရတဲ့ COVID-19 ေခတ္ကာလမွာ ယခုလိုမ်ိဳး နည္းပညာက လူေတြအတြက္ ျပင္ပကမၻာနဲ႕ ဆက္သြယ္ရန္နဲ႕ တုံ႕ျပန္ရန္ နည္းလမ္းကို ပိုေကာင္းမြန္ေစနိုင္ေၾကာင္း Meiji တကၠသိုလ္မွ ပေရာ္ဖက္ဆာ Homei Miyashita က ဆိုပါတယ္။

ရည္႐ြယ္ခ်က္ကေတာ့ လူေတြ အိမ္မွာေနေပမဲ့လည္း ကမၻာတစ္ဖက္ျခမ္းက စားေသာက္ဆိုင္တစ္ဆိုင္မွာ စားသလိုမ်ိဳး အေတြ႕အႀကဳံရနိုင္ဖို႔ပါ လို႔ ပေရာ္ဖက္ဆာက ေျပာပါတယ္။

ပေရာ္ဖက္ဆာ Miyashita က ယခုတီထြင္မႈကို ေက်ာင္းသူေက်ာင္းသား ၃၀ ခန႔္ပါဝင္တဲ့ အဖြဲ႕တစ္ဖြဲ႕နဲ႕အတူ လုပ္ေဆာင္ခဲ့ၿပီး ၎တို႔က အစားအစာ အရသာပိုေကာင္းေစတဲ့ ခက္ရင္းတစ္မ်ိဳး အပါအဝင္ အနံ႕အရသာနဲ႕ ဆက္ႏြယ္တဲ့ ကိရိယာအမ်ိဳးမ်ိဳးကို ထုတ္လုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

TTTV ေရွ႕ေျပးပုံစံကို ယမန္ႏွစ္အတြင္း ကိုယ္ပိုင္ေငြသုံးၿပီး ဖန္တီးထုတ္လုပ္ခဲ့တာျဖစ္ၿပီး စီးပြားျဖစ္ ပုံစံအမ်ိဳးအစားအတြက္ တစ္ခုလွ်င္ ဂ်ပန္ယန္းေငြ ၁၀၀,၀၀၀ (ျမန္မာက်ပ္ေငြ ၁၅ သိန္းေက်ာ္) ကုန္က်မယ္လို႔ ပေရာ္ဖက္ဆာက ေျပာပါတယ္။

crd