အသက်၇၅နှစ်အရွယ်ရှိနေပြီဖြစ်သော Zhang Shuangqiသည် သာမန်လယ်သမားတစ်ဦးသာဖြစ်ပြီး ၁၉၉၇ခုတွင် လယ်ထဲသို့သွားရောက်စဥ် စွန့်ပစ်ထားသော မွေးကင်းစကလေးကို တွေ့ရှိခဲ့သဖြင့် ကောက်ယူမွေးစားခဲ့တာဖြစ်ပါတယ်။
ဘဝထဲရောက်လာတဲ့ သမီးငယ်လေးနှင့်အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းခဲ့ပြီး သမီးလေးအရွယ်ရောက်လာချိန်မှာတော့ မမျှော်လင့်ထားတဲ့ ကျေးဇူးဆပ်မှုတွေကို ရရှိခဲ့ပါတယ်။သမီးငယ်လေးဟာ အသက်၂၄နှစ်အရွယ်မှာဘဲ ကိုယ်ပိုင်လုပ်ငန်းတွေပိုင်ဆိုင်သည်အထိပင် အလုပ်တွေကြိုးစားခဲ့ပြီး ဖခင်ကို ပြန်လည် အလုပ်အကျွေးပြုစုနေခဲ့တာဖြစ်ပါတယ်။
အရာရာတွင် ဖခင်ကိုသာဦးစားပေးခဲ့ပြီး အမြဲတမ်းကြည်နူးပျော်ရွင်စရာတွေကို ပိုင်ဆိုင်နေခဲ့သည့် သားအဖနှစ်ဦး၏ဘဝလေးသည် လူတိုင်းအားကျစရာဖြစ်နေခဲ့ပါတယ်။
Zawgyi(version)