သင်ဟာ Memory Card ကို Format ချလိုက်မိလို့ပဲ ဖြစ်ဖြစ် ၊ Virus ကြောင့်ပဲဖြစ်ဖြစ် ၊ လက်လွန်ပြီး Delete လုပ်လိုက်မိလို့ပဲဖြစ်ဖြစ် သင့်ရဲ့ ကင်မရာ ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေကို ရှာမတွေ့တော့တဲ့အခါမှာလုံးဝ ဆုံးရှုံးသွားပြီလို့ ထင်လိုက်မိပါလိမ့်မယ်။
Lexar နဲ့ Sandisk တံဆိပ် Memory Card တစ်ခုခုကို သင့် ကင်မရာထဲမှာ သုံးထားတာ ဆိုရင်တော့ သင် ကံကောင်းသွားပါတယ်။
ထို ပျောက်ဆုံးသွားတဲ့ ဓါတ်ပုံတွေကို ပြန်ရှာဖို့ အတွက် Card Reader တစ်ခု၊ ကွန်ပျူတာတစ်လုံးနဲ့ သင့်ရဲ့ Memory Card သာ ရှိနေဖို့ လိုပါတယ်နော် ….။
(၁) သင့် Memory Card ထဲက ဓါတ်ပုံတွေ ပျောက်ဆုံးသွားပြီဆိုတာ သိသိချင်း ထိုCard ထဲကို ဘာဓါတ်ပုံမှ ထပ် မရိုက်ပါနဲ့။ ထို Card ကို ကင်မရာထဲက ချက်ချင်း ထုတ်ထားပါ …။
(၂) ပြန်လည် ရှာဖွေနိုင်တဲ့ ဆော့ဖ်ဝဲ ကို ရွေးချယ်ပါ။ Windows စနစ် အတွက် Recuva ဆိုတဲ့ ဆော့ဖ်ဝဲကို သုံးနိုင်ပြီး… Mac စနစ်အတွက် PhotoRec ဆိုတဲ့ ဆော့ဖ်ဝဲကို ရွေးချယ် အသုံးပြုနိုင်ပါတယ် …။
(၃) သင်ရွေးချယ်ထားတဲ့ ဆော့ဖ်ဝဲ ကို Install ပြုလုပ်ပြီး တပ်ဆင်ပါ …။
(၄) Window စနစ်မှာ အသုံးပြုနိုင်တဲ့ Recuva ဆော့ဖ်ဝဲ အကြောင်းနဲ့ စတင်လိုက်ပါတယ်။ သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်လိုက်တဲ့အခါ ဓါတ်ပုံတွေတင် မဟုတ်ပဲ အခြားဖိုင်တွေကိုပါ ဆော့ဖ်ဝဲ က ရှာဖွေပေးပါလိမ့်မယ်။
Menu ကနေတဆင့် သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်ဖို့အတွက် Card Reader ကနေတဆင့် သင့်ရဲ့ Memory Card ကို ထည့်သွင်းပါ။ ပျောက်ဆုံးနေတဲ့ ဓါတ်ပုံ ပါရှိတဲ့ Folder အား ရွေးချယ်ပါ …
များသောအားဖြင့် DCIM လို့ အမည်ပေးထားတဲ့ Folder ကို ရွေးချယ်ရပါလိမ့်မယ်။ Mac စနစ်မှာ သုံးနိုင်တဲ့ PhotoRec ဆော့ဖ်ဝဲကတော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ သင်ဆော့ဖ်ဝဲကို စတင်လိုက်ပြီးတဲ့နောက်မှာ Memory Card ကို ရှာဖွေလိုတဲ့ ဖိုင်အဖြစ် ရွေးချယ်ရပါမယ်။
အဲဒီနောက် Enter ကို နှိပ်ပြီးပါက FAT16/32 အပိုင်းကို Scan ပြုလုပ်ဖို့ ထပ်မံရွေးချယ်ပြီး Enter ထပ်နှိပ်ပါ။ အဲဒီနောက် Menu ကနေတဆင့် (FAT/NTFS) ကို ထပ်မံရွေးချယ်လိုက်ပါ။
ပြီးလျှင် “Free” ကို ရွေးချယ်ပြီး “C” ကို နှိပ်လိုက်ပါက ပျောက်ဆုံးနေတဲ့ ဓါတ်ပုံတွေကို ရှာပေးပါ လိမ့်မယ် …။
(၅) Scan လုပ်ပြီး ရှာတွေ့တဲ့ ဖိုင်အမျိုးအစားကို ကြည့်ပါ။ များသောအားဖြင့် JPEG အမျိုးအစားကို တွေ့နိုင်မှာပါ။ တစ်ကယ်လို့ သင်ဟာ Raw ဖိုင်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ထပ်မံ ပြုလုပ်ရ မှာတွေရှိနေပါတယ်။
Recuva မှ ာဆိုရင် “Switch to advanced mode” ကို နှိပ်လိုက်ပါ။ ပြီးရင် သင့်ကင်မရာရဲ့ Raw ဖိုင် အမျိုးအစားကို ပေါင်းထည့်လိုက်ပါ။ ဥပမာ….CR2, .NEF , .ARW စသဖြင့်
သင့်ကင်မရာ အမျိုးအစားပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ PhotoRec မှာဆိုရင် Main Menu ထဲမှ “FileOpts” ကို အသုံးပြုပြီး ရှာဖွေပါ။ များသောအားဖြင့် .tiff ဖိုင် အမျိုးအစားနဲ့သာ ရရှိနိုင်မှာ ဖြစ်ပါတယ် …
(၆) Recuva မှာဆိုရင် သင်ပြန်လည် သိမ်းဆည်းထားလိုတဲ့ ဓါတ်ပုံတွေကို ရွေးချယ်လိုက်ပြီး “Recover” ကို နှိပ်ပါ။ ထိုဓါတ်ပုံတွေကို သင်သိမ်းထားလိုတဲ့ ဖိုင်ထဲသို့ထည့်သွင်းပါ။Memory Cardထဲသို့ ပြန်လည် မထည့်သွင်းမိဖို့
အထူး သတိထားပါ။ PhotoRec မှာဆိုရင် သင်ပြန်လည်သိမ်းဆည်းလိုတဲ့ ဖိုင်နေရာကို အလွယ်တကူရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်နော် …
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။