သရက်သီးတေပေနေတဲ့အချိန်မှာသရက်သီးစိမ်းသနပ်လုပ်ရအောင်

ဒီနေ့တော့သူငယ်ချင်းတို့ကိုကျွန်မအဘွားဖြစ်သူရဲ့သရက်သီးသနပ်လုပ်နည်းလေးမျှဝေပါရစေ။အဘွားဆီကတဆင့်အမေကသင်ယူခဲ့ပြီးခုကျွန်မကအမေ့ဆီကနေပြန်လည်သင်ယူခဲ့တာပါ။

သရက်သီးသနပ်

ပါဝင်ပစ္စည်း

၁။သရက်သီးစိမ်း-၄လုံး
(အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ်
စိုင်သီး (သို့)ရင်ကွဲသီး)
၂။ဆီ-၄၀က်ပ္သား
၃။ဂျင်း-လက်တဆစ်
၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း )
ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။

၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂
(ထမင်းစားဇွန်း)
၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း)
၇။ဆား-၃(ထမင်းစားဇွန်း)
၈။ကြက်သွန်ဖြူ – ၅ကျပ်သား

ဇီဇဝါချက်နည်းပြုတ်နည်းမုန့်လုပ်နည်းများ

ပြုလုပ်နည်း
၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက်
အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်း
ပြီးတခြမ်းကို၈စိတ်စိတ်ပါ။
၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီး
တနာရီလောက်လေသလပ်ခံထားပါ။
၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲ
ခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကို
လည်းသန့်စင်ပြီးနေလှန်းပါ။
၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက်
တညက်အမှုန့်ကြိတ်ပါ။
၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။
၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့်
ၿပီးဆီသတ္ပါ။
၇။ဆီဆူပွက်လာရင်မီးပေါ်ကအောက်ချပြီး
ပဲနံ့သာအမှုန့်၊ဇီယာမှုန့်နဲ့ငရုတ်မှုန့်ထည့်ပြီး
မွှေပါ။ဆီအဆူရပ်သည်အထိမွှေပါ။ဆီနည်း
နည်းအေးလာပြီဆိုမမွှေတော့ဘဲဆီအေး
သည္အထိထားပါ။

၈။ဆီတခါထဲအေးပြီဆိုဆားထည့်မွှေပါ။
၉။သရက်သီးကိုခြောက်သွေ့တဲ့ဇလုံတခုထဲ
ထည့်ပြီးဆီထဲကအနှစ်တွေထည့်ကာနှံ့စပ်အောင်လက်အခြောက်နဲ့ဆုပ်နယ်ပါ။ကြက်သွန်ဖြူပါထည့်နယ်ပါ။
၁၀။ကျန်တဲ့ဆီပါထည့်ပြီးနှံ့အောင်နယ်ပါ။
၁၁။ခြောက်သွေ့နေတဲ့ပုလင်းထဲထည့်ပြီးလေ
လုံအောင်ထားပါ။

တပတ်လောက်နေရင်ထမင်းစားမြိန်စေမယ့်သရက်သီးသနပ်လေးကိုရပါပြီနော်။မှတ်ချက်။ ။သရက်သီးသနပ်ထည်ု့ပြီးတရက်
လောက်နေရင်ပုလင်းကိုကြည့်ကြည့်ပါ။

ဆီမမြုပ်နေဘူးဆိုနောက်ထပ်ဆီကိုဆူအောင်တည်အအေးခံပြီးတခါထဲအေးပြီဆိုသရက္သီးသနပ္အေပၚကေနဆမြုပ်အောင်ထည့်ပါ။ဆီမမြုပ်ရင်မှိုလိုက်တတ်ပါတယ်။

အဆင်ပြေကြပါစေ။
credit

Leave a Reply

Your email address will not be published.