ONE Championship မှာကြမ်းနေသည့် မြန်မာကိုယ်စားပြုဖိုက်တာမလေး

Posted by

စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်သည့် ONE Championship တွင် နိုင်ငံပေါင်းစုံက ဖိုက်တာများက လာရောက်ထိုးသတ်နေပြီး ကျွန်တော်တို့မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ထိုးသတ်နေသည့် ဖိုက်တာကောင်းတွေလည်း ရှိနေပါတယ်။

မြန်မာကိုယ်စားပြုဖိုက်တာများထဲတွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဟောင်းဖြစ်သည့် ကချင်သားကြီး အောင်လအန်ဆန်းသည် အကျော်ကြားဆုံးဖိုက်တာတစ်ဦးအဖြစ် ထပ်ဆုံးမှရပ်တည်နေလျက်ရှိပါတယ်။

ONE Championship တွင် အောင်လအန်ဆန်းနှင့် တီရယ်ထန်တို့လို နာမည်ကျော် မြန်မာကိုယ်စားပြု ဖိုက်တာများရှိနေသလို မြန်မာကိုယ်စားပြုပြီး ထိုးသတ်နေသည့် အမျိုးသမီးဖိုက်တာတစ်ဦးလည်း ရှိနေပါတယ်။

သူမကတော့ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာဘဲ ဖြစ်ပါတယ်။ အန်တိုနီယာသည် ကယားပြည်နယ်မြို့တော် လွိုင်ကော်ဇာတိဖြစ်ပြီး အသက် 16 နှစ်အရွယ်ကတည်းက မြန်မာ့လက်ဝှေ့ကို လိုက်စားခဲ့ပြီး မြန်မာ့လက်ဝှေ့တွင် ချန်ပီယံ 2 ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။

အန်တိုနီယာသည် 2018 ခုနှစ်ကတည်းက ONE Championship သို့ရောက်ရှိခဲ့ပြီး MMA အဖွင့်ပွဲကို မြန်မာနိုင်ငံရှိ သုဝဏ္ဏကွင်းတွင် ထိုးသတ်ခဲ့ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီယာသည် လက်ရှိအချိန်တွင် Strawweight တန်းတွင်ထိုးသတ်နေတာ ဖြစ်ပါတယ်။ အန်တိုနီယာရဲ့ MMA မှတ်တမ်းကတော့ 5 ပွဲထိုးသတ်ထားပြီး 3 ပွဲအနိုင်ရရှိထားတာ 2 ပွဲရှုံးနိမ့်ထားပါသည်။

မြန်မာပရိသတ်တွေအနေဖြင့် ONE Championship မှာ ထိုးသတ်နေသည့် တစ်ဦးတည်းသော မြန်မာကိုယ်စားပြုဖိုက်တာမလေးကို အားပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။

Zawgyi(version)

စင္ကာပူအေျခစိုက္ MMA အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ ONE Championship တြင္ နိုင္ငံေပါင္းစုံက ဖိုက္တာမ်ားက လာေရာက္ထိုးသတ္ေနၿပီး ကြၽန္ေတာ္တို႔ျမန္မာနိုင္ငံကို ကိုယ္စားျပဳၿပီး ထိုးသတ္ေနသည့္ ဖိုက္တာေကာင္းေတြလည္း ရွိေနပါတယ္။

ျမန္မာကိုယ္စားျပဳဖိုက္တာမ်ားထဲတြင္ မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္တန္းတို႔ရဲ႕ ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္းျဖစ္သည့္ ကခ်င္သားႀကီး ေအာင္လအန္ဆန္းသည္ အေက်ာ္ၾကားဆုံးဖိုက္တာတစ္ဦးအျဖစ္ ထပ္ဆုံးမွရပ္တည္ေနလ်က္ရွိပါတယ္။

ONE Championship တြင္ ေအာင္လအန္ဆန္းႏွင့္ တီရယ္ထန္တို႔လို နာမည္ေက်ာ္ ျမန္မာကိုယ္စားျပဳ ဖိုက္တာမ်ားရွိေနသလို ျမန္မာကိုယ္စားျပဳၿပီး ထိုးသတ္ေနသည့္ အမ်ိဳးသမီးဖိုက္တာတစ္ဦးလည္း ရွိေနပါတယ္။

သူမကေတာ့ ကယန္းတိုင္းရင္းသူေလး အန္တိုနီယာဘဲ ျဖစ္ပါတယ္။ အန္တိုနီယာသည္ ကယားျပည္နယ္ၿမိဳ႕ေတာ္ လြိုင္ေကာ္ဇာတိျဖစ္ၿပီး အသက္ 16 ႏွစ္အ႐ြယ္ကတည္းက ျမန္မာ့လက္ေဝွ႕ကို လိုက္စားခဲ့ၿပီး ျမန္မာ့လက္ေဝွ႕တြင္ ခ်န္ပီယံ 2 ႀကိမ္ျဖစ္ခဲ့ဖူးပါတယ္။

အန္တိုနီယာသည္ 2018 ခုႏွစ္ကတည္းက ONE Championship သို႔ေရာက္ရွိခဲ့ၿပီး MMA အဖြင့္ပြဲကို ျမန္မာနိုင္ငံရွိ သုဝဏၰကြင္းတြင္ ထိုးသတ္ခဲ့ၿပီး အနိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

အန္တိုနီယာသည္ လက္ရွိအခ်ိန္တြင္ Strawweight တန္းတြင္ထိုးသတ္ေနတာ ျဖစ္ပါတယ္။ အန္တိုနီယာရဲ႕ MMA မွတ္တမ္းကေတာ့ 5 ပြဲထိုးသတ္ထားၿပီး 3 ပြဲအနိုင္ရရွိထားတာ 2 ပြဲရႈံးနိမ့္ထားပါသည္။

ျမန္မာပရိသတ္ေတြအေနျဖင့္ ONE Championship မွာ ထိုးသတ္ေနသည့္ တစ္ဦးတည္းေသာ ျမန္မာကိုယ္စားျပဳဖိုက္တာမေလးကို အားေပးၾကဖို႔ တိုက္တြန္းႏွိုးေဆာ္လိုက္ပါတယ္ခင္ဗ်ာ။