ကျနော်ကြက်သီးမွှေးတွေ တဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်.

Posted by

ဒီစာကို ရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေ တဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်.

မိန်းမရဲတောင်ရဲ့ အလှအပကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebookမှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့်အဲဒီတောင်ရဲ့သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှားကျနော်စပ်စု စုံစမ်း မေးမြန်းထားသလောက်က ဒီလိုဗျို့

ရွာငံမိန်းမရဲ သခင်မ တောင် တော်သမိုင်း နာမည်ကနန်းဧကရီမွှေးဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာက ကျေးတောသားကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကို ဘုရင့် ရွေနားတော် ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား

အမဲရိုးက ဟင်းအိုးကိုမှ အားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့် ဒီသတင်း နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့ ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့

ကုမ္မာရကျေးတောသားကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ ကင်းတောင်ဆိုတဲ့ နေရာအဖြတ်ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့

ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့သားလေး သွေးပျက်ပြီထင်ပါရဲ့ အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှ မထောက် ကင်းခွန်တော် မဆောင်နိုင်လို့ ရာဇဝတ်ဘေးကြောက်ပြီး

မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ ဘုရင့်သမီးတော် နန်းဧကရိမွှေးအတွက် အားကိုးစရာ မရှိ ဘုရင့်အမျက်တော် ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကို ကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆၀ခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကို ဒုန်းဒုန်းချ အချစ်ကို စိတ်နာ ခုန်ချလေရှာရဲ့

အချစ်ကို ဦးစားပေး ငါက မောင်တော်ကို ရွေးခဲ့တာတောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကို စိတ်နာ သူပေးတဲ့ ကျိန်စာက ဒီနေရာကိုအတွဲလာ ကွဲစေတဲ့ဗျာ

အဲဒီတောင်ကို အရင်ကမိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေ့လျား မိန်းမရဲတောင်အဖြစ်ထင်ရှားခဲ့တာလေထူးဆန်းတာက ရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့

သူ့အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင်ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာသာသနာပြုပေးပါတဲ့ ယောက်ကော် ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကိုလိုက်ရှာရင်း တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ ကားက သူ့အလိုလို စက်ရပ်လို့ ကားပျက်သွားခဲ့တယ်ဆိုပဲ

ကားဆရာက ကြိုးစားပြုပြင်ပေမဲ့ မရ ညနေညိုစောင်း ကားလမ်းဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေးတစ်ယောက် ထွက်လာတယ် ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင်ဆိုတာ

ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့တောင်ပေါ့ ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ်သွားလေရဲ့ဆန်းကျယ်လှပါဘိဒီစာကို ရေးနေရင်းတောင် ကျနော်ကြက်သီးမွှေးတွေ တဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာသမိုင်းအကျဉ်း ပြောပြပေးသော မိန်းမရဲတောင်တော် ဂေါပက အဖွဲ့မှ ဘကြီးမှုံအားကျေးဇူးတင်ရှိပါတယ်

Credit Sai Naung