ကျွဲလှည်းကို အသုံးပြုပြီး မင်္ဂလာဆောင်ပွဲကို နတ်သမီးပုံပြင်အလား ကျင်းပပြုလုပ်ခဲ့တဲ့ သတို့သမီး

Posted by

ကျွဲလှည်းကို အသုံးပြုပြီး မင်္ဂလာဆောင်ပွဲကို နတ်သမီးပုံပြင်အလား ကျင်းပပြုလုပ်ခဲ့တဲ့ သတို့သမီး

အခုဖော်ပြပေးမဲ့ ဖိလစ်ပိုင်သတို့သမီးက သူမရဲ့ မင်္ဂလာဆောင်ပွဲကို တိရစ္ဆာန်တစ်ကောင်အသုံးချနိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ ဒီဖန်တီးမှုဟာ သတို့သမီးက မင်းသမီးလေးတစ်ပါးဖြစ်ချင်တဲ့ သူမရဲ့ အိပ်မက်အတိုင်း မင်္ဂလာဆောင်ပွဲကို လုပ်ချင်ခဲ့တာပါ။

မင်းသမီးတစ်ပါးက လှပတဲ့လှည်းရထားပေါ်စီးနင်လိုက်ပါလာတဲ့ နတ်သမီးပုံပြင်တွေလို သူမစီးနင်းလိုခဲ့တာကြောင့် သူမဟာ နာရီအနည်းငယ်အတွက်သာကျင်းပရတဲ့ မင်္ဂလာဆောင်ပွဲအခမ်းအနားကို သူမရဲ့ အိပ်မက်အတိုင်း အကောင်အထည်ဖော်ရန် ငွေအမြောက်အများ မသုံးဖြုန်းချင်ခဲ့တာကြောင့် လှည်းရထားအစား ကျွဲလှည်းနဲ့ စီးနင်းခဲ့တာပါ။

သူမရဲ့ ပါရမီရှင်အတွေးအခေါ်ဟာ အင်တာနက်ပေါ် ပျံ့နှံ့မှုများပြားခဲ့ပြီး ကြည့်ရှုသူ ၄ သန်း ရရှိခဲ့ပါတယ်။သူမရဲ့ Facebook အကောက်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာဆိုရင် အဖြူရောင်ဂါဝန်နဲ့ ပန်းပွင့်တွေဆင်မြန်းထာတဲ့ ကျွဲလှည်းပေါ်မှာ အဖြူရောင်မျက်နှာဖုံးအုပ်ထားကာ ထိုင်နေတဲ့ သတို့သမီးလေးတစ်ဦး စီးနင်နေတာကိုတွေ့ရပါတယ် ။

သူမဟာ စီတန်းလှည့်လည်မှုတစ်ခုလုံးကို သူမရဲ့မျက်နှာပေါ်မှာ လှပတဲ့အပြုံးတစ်ခုနဲ့ ပြသခဲ့ပါတယ် ။ နောက်ဆုံးတော့လည်း ဒီသတို့သမီးက သူမရဲ့မင်္ဂလာပွဲကို နတ်သမီးပုံပြင်တွေလို ကျင်းပနိုင်ခဲ့ပါတယ် ။

crd