လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ၅၀တန်အစုတ်လေးနဲ့ ကလေးမျက်နှာက မဝံ့မရဲလေးမို့

Posted by

မုန့်လာဝယ်တဲ့ ကလေး လက်ထဲက (၅၀) တန်အစုတ်.. ကလေးနှင့် စိတ်ထဲ၊ စွဲထင်သွားတဲ့ အရာ.. ကလေး တစ်ယောက် ဆိုင်ထဲဝ င်လာပြီး မုန့်လာဝယ် ပါတယ်..ကလေးမျက်နှာက မဝံ့မရဲလေးမို့.. လက်ထဲ၊ ကိုင်ထားတဲ့ ပိုက်ဆံကို ဦး ခဏကြည့်.. မယ်နော်လို့ ပြော လိုက်တော့ ဖွဖွလေး ကိုင်ထားတဲ့၊ ပိုက်ဆံကို ပေးပါတယ်..

ပိုက်ဆံက ကျွန်တော်၊ ထင်ထားသလို စုတ်ပြဲ နေပါတယ်၊ ကလေးတွေဟာ စုတ်ပြတ်နေတဲ့.. ပိုက်ဆံကို ဖြန့်ပြီး မပေးကြဘူး၊ အသာအယာ.. လေးကိုင်လာပြီး ပေးတတ်ကြတယ်..

ဆိုင်ရှင် အတော်များ များကလည်း ဈေးဝယ်ရှုပ်တဲ့.. အချိန်ဆို၊ ပိုက်ဆံကို ဖြန့်မ ကြည့်တတ် ကြဘူးလေ..ဘာလို့ပိုက်ဆံကို ဖြန့်ပြီးမပေး တာလဲသမီး၊ ဟို ဟို ကျောင်းမှာ ဝယ်လို့မရလို့ ဒီမှာလဲ ဝယ်မရမှာစိုးလို့ပါ..

ရတာပေါ့ သမီရယ် စုတ်စုတ် ပြတ်ပြတ် ပိုက်ဆံပါပဲ၊ သမီးရယ် တရားဝင်သုံး လို့ရတယ်နော်.. နောက်တစ်ခါ ပိုက်ဆံအစုတ် ရှိရင် ဦးဆီမှာ လာဝယ်.. ကဲ ဘယ်မုန့် ယူမှာလဲ ယူသွားနော်..

ကလေးဟာ ၅၀ တန်လေဖောင်း၊ မုန့်လေးယူပြီး၊ လွတ်လပ်.. ပေါ့ပါးစွာ ဆိုင်ထဲမှ ထွက်သွား ရှာပါတယ်..ဒီကလေး ပိုက်ဆံအစုတ် ကိုင်ပြီး ဆိုင်ရှင်.. မရိပ်မိအောင်၊ ဝယ်တတ်ဖို့ မိဘတွေက သင်ပေးတာ လား အဖော်တွေက၊ သင်ပေး တာလား မသိပါ..

စုတ်ပြတ်နေတဲ့ အရာတွေဟာ တန်ဘိုးမရှိ၊ တော့ဘူးလို့ ငယ်ရွယ်.. နုနယ်သေးတဲ့ ကလေးတွေမှာ စွဲထင်သွား၊ မှာစိုးသလို တန်ဘိုးနည်းတဲ့.. ငွေစက္ကူ အစုတ်လေးတွေကို..ချို့တဲ့သူတွေရဲ့ လက်ထဲမှာသာ၊ ရှိတတ်တာမို့.. ငယ်စဉ်က တည်းက ဘဝနုံချာတဲ့.. ကလေးတွေရဲ့ စိတ်ထဲကို စုတ်ပြတ်နေရင် သိပ်သုံးလို့၊ မရတော့ သယောင် စကားတွေ မရိုက်သွင်း သင့်ပါလို့..

တွေးမိ သမျှလေး ရေးကြည့်မိ လိုက်ပါတယ်၊ ခင်ဗျာ.. အမှားပါရင် ခွင့်လွှတ် ပေးကြပါ ကျေးဇူးတင်ပါတယ်

Zawgyi(version)

မုန႔္လာဝယ္တဲ့ ကေလး လက္ထဲက (၅၀) တန္အစုတ္.. ကေလးႏွင့္ စိတ္ထဲ၊ စြဲထင္သြားတဲ့ အရာ.. ကေလး တစ္ေယာက္ ဆိုင္ထဲဝ င္လာၿပီး မုန႔္လာဝယ္ ပါတယ္..ကေလးမ်က္ႏွာက မဝံ့မရဲေလးမို႔.. လက္ထဲ၊ ကိုင္ထားတဲ့ ပိုက္ဆံကို ဦး ခဏၾကည့္.. မယ္ေနာ္လို႔ ေျပာ လိုက္ေတာ့ ဖြဖြေလး ကိုင္ထားတဲ့၊ ပိုက္ဆံကို ေပးပါတယ္..

ပိုက္ဆံက ကြၽန္ေတာ္၊ ထင္ထားသလို စုတ္ၿပဲ ေနပါတယ္၊ ကေလးေတြဟာ စုတ္ျပတ္ေနတဲ့.. ပိုက္ဆံကို ျဖန႔္ၿပီး မေပးၾကဘူး၊ အသာအယာ.. ေလးကိုင္လာၿပီး ေပးတတ္ၾကတယ္..

ဆိုင္ရွင္ အေတာ္မ်ား မ်ားကလည္း ေဈးဝယ္ရႈပ္တဲ့.. အခ်ိန္ဆို၊ ပိုက္ဆံကို ျဖန႔္မ ၾကည့္တတ္ ၾကဘူးေလ..ဘာလို႔ပိုက္ဆံကို ျဖန႔္ၿပီးမေပး တာလဲသမီး၊ ဟို ဟို ေက်ာင္းမွာ ဝယ္လို႔မရလို႔ ဒီမွာလဲ ဝယ္မရမွာစိုးလို႔ပါ..

ရတာေပါ့ သမီရယ္ စုတ္စုတ္ ျပတ္ျပတ္ ပိုက္ဆံပါပဲ၊ သမီးရယ္ တရားဝင္သုံး လို႔ရတယ္ေနာ္.. ေနာက္တစ္ခါ ပိုက္ဆံအစုတ္ ရွိရင္ ဦးဆီမွာ လာဝယ္.. ကဲ ဘယ္မုန႔္ ယူမွာလဲ ယူသြားေနာ္..

ကေလးဟာ ၅၀ တန္ေလေဖာင္း၊ မုန႔္ေလးယူၿပီး၊ လြတ္လပ္.. ေပါ့ပါးစြာ ဆိုင္ထဲမွ ထြက္သြား ရွာပါတယ္..ဒီကေလး ပိုက္ဆံအစုတ္ ကိုင္ၿပီး ဆိုင္ရွင္.. မရိပ္မိေအာင္၊ ဝယ္တတ္ဖို႔ မိဘေတြက သင္ေပးတာ လား အေဖာ္ေတြက၊ သင္ေပး တာလား မသိပါ..

စုတ္ျပတ္ေနတဲ့ အရာေတြဟာ တန္ဘိုးမရွိ၊ ေတာ့ဘူးလို႔ ငယ္႐ြယ္.. ႏုနယ္ေသးတဲ့ ကေလးေတြမွာ စြဲထင္သြား၊ မွာစိုးသလို တန္ဘိုးနည္းတဲ့.. ေငြစကၠဴ အစုတ္ေလးေတြကို..ခ်ိဳ႕တဲ့သူေတြရဲ႕ လက္ထဲမွာသာ၊ ရွိတတ္တာမို႔.. ငယ္စဥ္က တည္းက ဘဝႏုံခ်ာတဲ့.. ကေလးေတြရဲ႕ စိတ္ထဲကို စုတ္ျပတ္ေနရင္ သိပ္သုံးလို႔၊ မရေတာ့ သေယာင္ စကားေတြ မရိုက္သြင္း သင့္ပါလို႔..

ေတြးမိ သမွ်ေလး ေရးၾကည့္မိ လိုက္ပါတယ္၊ ခင္ဗ်ာ.. အမွားပါရင္ ခြင့္လႊတ္ ေပးၾကပါ ေက်းဇူးတင္ပါတယ္