အောင်လအန်ဆန်းဖြစ်ချင်နေတဲ့ အိမ်မက်တစ်ခုကို ဖြည့်ဆည်းပေးလိုက်တဲ့ ONE Championship

Posted by

စင်ကာပူအခြေစိုက် MMA အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ONE Championship ဟာ ၎င်းတို့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဟောင်းဖိုက်တာတစ်ဦးဖြစ်တဲ့ ကချင်သားကြီး အောင်လအန်ဆန်းကို နောက်ပွဲတစ်ပွဲ စီစဉ်ပေးခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ အောင်လအန်ဆန်းကို ဇန်နဝါရီလထဲမှာ ဘရာဇီးဖိုက်တာ Gilberto Galvao နဲ့ပွဲတည်ပေးခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ ယူရှင်အိုကာမီနဲ့မထိုးသတ်ခင်ကတည်းက ONE Championship နှင့် Prime Video တို့ပူးပေါင်းကျင်းပတဲ့ ONE on Prime Video ပြိုင်ပွဲကြီးတွင် ပွဲထိုးချင်နေတာဖြစ်ပါတယ်။ ယူရှင်အိုကာမီနဲ့ပွဲကိုတော့ ONE Championship ဟာ ONE 163 ပြိုင်ပွဲမှာသာ ထည့်သွင်းကျင်းပပေးခဲ့ပြီး ယခု Gilberto Galvao နဲ့ပွဲကိုတော့ ONEon Prime Video 6 ပြိုင်ပွဲမှာ ထည့်သွင်းပေးခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ ONE Championship က ၎င်းတို့ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဖိုက်တာဟောင်းတစ်ဦးရဲ့ စိတ်ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်ပြီး ၊ အောင်လအန်ဆန်းအပေါ် သူတို့အလေးထားကြောင်းပြသလိုက်တဲ့ လုပ်ရပ်တစ်ခုဘဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းတစ်ခုတည်းကို အာရုံစိုက်ထားပြီး ဖိုက်တာဘဝက အနားမယူခင်မှာ ချန်ပီယံတစ်ဖန်ပြန်ဖြစ်ချင်နေတာဖြစ်ပါတယ်။

အောင်လအနေဖြင့် ယခု Gilberto Galvao နဲ့ပွဲကိုသာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက သူ့ရဲ့နောက်ပွဲဟာ ချန်ပီယံခါးပတ်လုခွင့် အဆုံးအဖြတ်ပွဲမျိုးဖြစ်လာနိုင်သလို ရိုင်နီယာကိုတိုက်ရိုက်စိန်ခေါ်နိုင်မည့် အခွင့်အရေးမျိုးလည်း ONE Championship က ပေးအပ်သွားနိုင်တာကြောင့် သူ့ရဲ့နောက်ပွဲဟာ အတော်လေးစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းအနေဖြင့် မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံတစ်ဖန်ပြန်လည် ဖြစ်လာနိုင်လိမ့်မည်ဟု ထင်ပါသလား။ မကြာခင်မှာ ထိုးသတ်မည့် Gilberto Galvao နဲ့ပွဲမှာလည်း အောင်လအန်ဆန်းတစ်ယောက် နိုင်ပွဲထပ်မံရှာဖွေသွားနိုင်လိမ့်မည်ဟု ထင်မြင်မိပါသလားခင်ဗျာ။

Zawgyi(version)

စင္ကာပူအေျခစိုက္ MMA အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ONE Championship ဟာ ၎တို႔ရဲ႕ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္းဖိုက္တာတစ္ဦးျဖစ္တဲ့ ကခ်င္သားႀကီး ေအာင္လအန္ဆန္းကို ေနာက္ပြဲတစ္ပြဲ စီစဥ္ေပးခဲ့ၿပီျဖစ္ပါတယ္။ ဒါကေတာ့ ေအာင္လအန္ဆန္းကို ဇန္နဝါရီလထဲမွာ ဘရာဇီးဖိုက္တာ Gilberto Galvao နဲ႕ပြဲတည္ေပးခဲ့တာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္းဟာ ယူရွင္အိုကာမီနဲ႕မထိုးသတ္ခင္ကတည္းက ONE Championship ႏွင့္ Prime Video တို႔ပူးေပါင္းက်င္းပတဲ့ ONE on Prime Video ၿပိဳင္ပြဲႀကီးတြင္ ပြဲထိုးခ်င္ေနတာျဖစ္ပါတယ္။ ယူရွင္အိုကာမီနဲ႕ပြဲကိုေတာ့ ONE Championship ဟာ ONE 163 ၿပိဳင္ပြဲမွာသာ ထည့္သြင္းက်င္းပေပးခဲ့ၿပီး ယခု Gilberto Galvao နဲ႕ပြဲကိုေတာ့ ONEon Prime Video 6 ၿပိဳင္ပြဲမွာ ထည့္သြင္းေပးခဲ့ၿပီျဖစ္ပါတယ္။

ဒါဟာ ONE Championship က ၎တို႔ရဲ႕ႏွစ္ထပ္ကြမ္းခ်န္ပီယံဖိုက္တာေဟာင္းတစ္ဦးရဲ႕ စိတ္ဆႏၵကိုျဖည့္ဆည္းေပးခဲ့ျခင္းျဖစ္ၿပီး ၊ ေအာင္လအန္ဆန္းအေပၚ သူတို႔အေလးထားေၾကာင္းျပသလိုက္တဲ့ လုပ္ရပ္တစ္ခုဘဲ ျဖစ္ပါတယ္။ ေအာင္လအန္ဆန္းဟာ မစ္ဒယ္ဝိတ္တန္းတစ္ခုတည္းကို အာ႐ုံစိုက္ထားၿပီး ဖိုက္တာဘဝက အနားမယူခင္မွာ ခ်န္ပီယံတစ္ဖန္ျပန္ျဖစ္ခ်င္ေနတာျဖစ္ပါတယ္။

ေအာင္လအေနျဖင့္ ယခု Gilberto Galvao နဲ႕ပြဲကိုသာ အနိုင္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ပါက သူ႕ရဲ႕ေနာက္ပြဲဟာ ခ်န္ပီယံခါးပတ္လုခြင့္ အဆုံးအျဖတ္ပြဲမ်ိဳးျဖစ္လာနိုင္သလို ရိုင္နီယာကိုတိုက္ရိုက္စိန္ေခၚနိုင္မည့္ အခြင့္အေရးမ်ိဳးလည္း ONE Championship က ေပးအပ္သြားနိုင္တာေၾကာင့္ သူ႕ရဲ႕ေနာက္ပြဲဟာ အေတာ္ေလးစိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

ပရိသတ္ႀကီးတို႔ေရာ ေအာင္လအန္ဆန္းအေနျဖင့္ မစ္ဒယ္ဝိတ္တန္းမွာ ခ်န္ပီယံတစ္ဖန္ျပန္လည္ ျဖစ္လာနိုင္လိမ့္မည္ဟု ထင္ပါသလား။ မၾကာခင္မွာ ထိုးသတ္မည့္ Gilberto Galvao နဲ႕ပြဲမွာလည္း ေအာင္လအန္ဆန္းတစ္ေယာက္ နိုင္ပြဲထပ္မံရွာေဖြသြားနိုင္လိမ့္မည္ဟု ထင္ျမင္မိပါသလားခင္ဗ်ာ။